14 December 2014

ဒီမြို့လား ခင်ဗျားတို့ သိပါတယ်

"ဒီမြို့လား ခင်ဗျားတို့ သိပါတယ်"

ဂစ်တာသံ ချို့တဲ့တဲ့မြို့
ပူမှုရယ်တဲ့ ဆယ်ကုဋေမြို့
ရေငုံပြီး သီးတဲ့မြို့
မြိုလို့ဆို့လို့ မဝနိုင်တဲ့မြို့
ကေတီဗွီသံညံ၊ အချစ်မကျန်တဲ့မြို့
အချစ်ကျန်၊ ကျန်တဲ့အချစ် အသတ်ခံလိုက်ရတဲ့မြို့
မတရားသဖြင့် သင်းကွပ်ခံထားရတဲ့မြို့
တိတ်တိတ်လေးငို၊ အပျိုတွေ စိတ်ဆင်းရဲတဲ့မြို့
ဗောင်းတော်ညိမ့် စိတ်တော်သိ
စိတ်လစိတွေများတဲ့ မြို့
မာဆတ်တွေကြား ခရိုနီနားတဲ့မြို့
မျက်ရည်တွေကို နှစ်ထပ်ချခင်းထားတဲ့မြို့
မယားတောသူ၊ လင်ကောင်ဖွက်တဲ့မြို့
မလိုအပ်တဲ့နေရာတွေ လင်းပြီး
လိုအပ်တဲ့အရာတွေ အမှောင်ချခံထိတဲ့မြို့
မြို့မြေပုံကို ကြည့်လိုက်တော့လည်း လိမ်ပိန်လို့
မြို့စကားကို ကြားမိတော့လည်း
အူကိုကလိကြားထိုးပြီး ဇွတ်အတင်း အရယ်ခိုင်းခံထားရတဲ့မြို့
ရယ်နေလျက်က ငိုနေရတဲ့မြို့
လန်ထွက်နေတာပဲ
ငါတို့က ဘယ်တော့မှ အမှန်တက်ရမှာလဲ
မေတ္တာကမ်းပေါ်
သစ္စာနန်းတော်
ချစ်တာရမ်းရော် ။ ။

ညိုကြီး

No comments: