05 November 2009

US diplomat meet with NLD

(၄၊ ၁၁၊ ၂၀၀၉) က အမေရိကန် သံတမန်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်၊ NLD
ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

(For above photos, I thank
1. phyowai -mmp
2. http://english.chosun.com/site/data/html_dir/2009/11/05/2009110500239.html)

28 October 2009

IN TEARS

ကျွန်တော်ဟာ မျက်ရည်လွယ်တယ်

► အခုလိုပဲ
မီးဝိုင်းနေတဲ့ ငုံးမင်းပုံပြင်
အမေပြောပြတော့
ငယ်ငယ်တုန်းက
ကျွန်တော် ငိုခဲ့ဖူးသလား ... ။

► အဲဒီလိုပဲ
ကျသွားတဲ့ကမ်းဝေးလှောင်အိမ်က
လူလိမ္မာသားတစ်ယောက်ရဲ့မိခင်
သူ့ရင်ထဲ မီးဝိုင်းနေတဲ့
တကယ်အဖြစ်အပျက်တွေ
ကမ္ဘာက ကြားတဲ့အခါ
မျက်ရည်တွေဟာ
ရေဒီယိုလေးပေါ်စိုခဲ့သလား
ကျွန်တော် စဉ်းစားကြည့်မိတယ်။

နေမင်း(ပလိပ်)

-----------------------------------------------------------------------------------------------------------------------
[လှိုင်းသစ် - စာပေ၊ အနုပညာနှင့် အတွေးအခေါ်မဂ္ဂဇင်း၊ အမှတ် (၈)၊ အောက်တိုဘာလ၊ ၂၀၀၉၊ စာမျက်နှာ (၁၂၄)၊
အောင်ဘညို၏ ပြုခဲ့ဖူးသော သစ္စာ - ကဗျာခံစားမှုဆောင်းပါးမှ ကဗျာအား ကူးယူဖော်ပြသည်]

25 October 2009

BURMA POLITICS By Damma Piya Sayadaw

သည်နိုင်ငံ သည်အရေး
- ဓမ္မပိယဆရာတော် -







အတွေးအမြင်၊ အမှတ်(၂၁၁)၊ ၂၀၀၉၊ အောက်တိုဘာလ၊ ၂၅ နှစ်ပြည့် ငွေရတုအထူးထုတ် စာစောင်မှ
ဓမ္မပိယဆရာတော်၏ "သည်နိုင်ငံ သည်အရေး" ဆောင်းပါးအား ကူးယူဖော်ပြပါကြောင်း။


Front Cover Of 25th A Twae A Myin


Back Cover Of 25th A Twae A Myin

Secretary General's Message for UN Day 2009


Secretary General's Message for UN Day 2009

On this United Nations Day and every day throughout the year, the United Nations is at work — for the planet, for jobs, for “we the peoples”.

We deliver more humanitarian aid than anyone — and to the toughest places. We vaccinate 40 per cent of the world’s children. We feed more than 100 million people and are helping more than 30 million refugees, most of them women and children fleeing war and persecution. We are deploying more peacekeepers than ever — more than 115,000. In the last year alone, we provided electoral assistance to almost 50 countries. And the entire UN system has mobilized to face global economic turmoil and the social unrest it threatens.

People look to the United Nations to defeat poverty and hunger, to keep the peace, to expand education and stand up for human rights in every corner of the globe. They look to us to stop the spread of deadly weapons and disease, and to protect people and families hit by disasters. In December, they will look to us to seal a comprehensive, equitable and ambitious deal on climate change that will protect us all and pave the way toward a greener, more sustainable economy.

This is a unique moment in world affairs. Multiple crises — food, fuel, financial, flu — are hitting at once. Climate change looms larger every day. Each illustrates a 21st-century truth: we share one planet, one home. As people, as nations, as a species, we sink or swim together.

The United Nations is doing its utmost to respond — to address the big issues, to look at the big picture. We are forging a new multilateralism that can deliver real results for all people, especially those most in need. But I am also painfully aware of the distance to go and the gap between commitment and action. On this UN Day, let us resolve to redouble our efforts on behalf of the vulnerable, the powerless, the defenceless. Let us stand more united than ever – united in purpose and united in action to make the world a safer, better place.

Ban Ki-moon

-----------------------------------------------------------------
http://www.un.org/en/events/unday/2009/sgmessage.shtml

22 October 2009

HEROES' DAUGHTERS

ခေါင်းဆောင်ကြီးတို့ သမီးနှစ်ဦး
(ရှားပါးသမိုင်းဝင်ဓာတ်ပုံ)



ဗမာပြည်လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗမာပြည်၏ ထင်ရှားသော လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်၊ တောင်သူလယ်သမားအရေးတော်ပုံမှ ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ သမီး ဒေါ်စိန်တို့ တွေ့ဆုံကြစဉ်ဖြစ်သည်။

၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ တောင်သူလယ်သမားနေ့ ချီတက်ပွဲသို့ ဆရာစံ၏ သမီး- ဒေါ်စိန်နှင့် ဆရာစံ၏ သား- ဦးအေး၊ မြေး- ကိုအောင်မောင်းတို့ လာရောက်စဉ်က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အိမ်တွင် ဧည့်ခံစဉ် ကြုံတောင့်ကြုံခဲ ဆုံတွေ့ကြပုံ။

(၁၅၊ ၃၊ ၁၉၇၁) ထုတ် အိုးဝေဂျာနယ်၊ အိုးဝေမှတ်တမ်းတင် ဓာတ်ပုံသတင်းမှ ရယူမျှဝေသည်။

သူရဲကြီး

-----------------------------------------------------------------------------
(Thanks a lot to my special friend, Tha Ye` Gyi (သူရဲကြီး) who give me the above photo to post in my blog)

20 October 2009

NATIONAL ACTIVITY FOR BURMA

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု သတင်းပေးပို့ခြင်း


အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အမျိုးသားလွတ်မြောက်ရေး ဆောင်ရွက်မှု အနေဖြင့် ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ လားရှိုးစသော မြို့များတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပို့စကဒ် များအား ကျောင်းများ ၊ ကားဂိတ်များတွင် လိုက်လံကပ်သည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ပါသည်။

            ထိုသို့ လှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၊ နိုင်ငံတ၀ှမ်း သမဂ္ဂများပေါ်ပေါက်ရေး ၊ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေး နှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်ရေးတို့ ဖြစ်ပါသည်။

            ထိုရည်ရွယ်ချက်များအတိုင်း ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အောင်မြင်သည် အထိ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

            အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများ နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကိုသန်းနိုင် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၊ UBST.BURMA@GMAIL.COM သို့ ဆက်သွယ်နိုင်ပါသည်။

 

" အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအောင်ရမည် "

 

နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ



UBST Movement

18 October 2009

NOBEL PEACE PRIZE, OBAMA, DAW AUNG SAN SUU KYI & INSIDE-BURMA JOURNALS

ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ အိုဘားမား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းဂျာနယ်များ


၂၀၀၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုကို လက်ရှိအမေရိကန်သမ္မတဘာရက်အိုဘားမားက ရရှိသွားခဲ့တာ အားလုံးသိပြီး ဖြစ်ရော့မယ်။
ဒီလိုအချိန်မျိုးမှာ ၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုရရှိခဲ့တဲ့ ဗမာ့သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်ကို အထူး သတိပြုဖွယ်ရာကောင်းလှပါတယ်။

၂၀၀၉ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အိုဘားမား(အမေရိကန်ပြည်ထောင်စု)တစ်ယောက် ပျော်ပျော်ကြီး အောင်ပွဲခံလို့ကောင်း၊ အားတက်လို့ကောင်းနေချိန်မှာ ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်(ဗမာပြည်)တစ်ယောက်ခင်မျာမှာတော့ ယုတ်မာပက်စက်ခြစားလွန်းလှတဲ့ စစ်အာဏာရှင်များရဲ့ ဖိနှိပ်-နှိပ်စက်-နှိပ်ကွပ်-ချုပ်ချယ်မှုများကို အခြားဗမာပြည်သူပြည်သားများ၊ ဗမာပြည်က အခြားနိုင်ငံရေးအကျဉ်းသားများနဲ့ ထပ်တူ-ထပ်မျှ မျှဝေခံစားတွန်းလှန်နေရလျက်ရှိပါတယ်။

အိုဘားမား ၂၀၀၉ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရတဲ့သတင်းကို ဗမာပြည်တွင်းက ဂျာနယ်များက အပြိုင်အဆိုင် ထည့်သွင်းဖော်ပြသုံးသပ်ခဲ့ကြရာမှာ ဖတ်ရှုမိတဲ့ ဂျာနယ်နှစ်စောင်(၁။ Weekly Eleven News Journal ၂။ Foreign Affairs Journal)ထဲက ဒေါ်အောင်ဆန်းစုကြည်ကို သွယ်ဝိုက်ပြီး သတိပြုမိရစေတဲ့ ထူးခြားတဲ့တင်ဆက်မှုတွေကို ထုတ်နုတ်ကူးယူ ပြန်လည်မျှဝေလိုက်ပါတယ်။

------------------------------------------------------
၁။ Weekly Eleven News Journal မှာ အိုဘားမား ၂၀၀၉ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရတဲ့ အကြောင်းကို ဖော်ပြရင်း ၁၉၉၁ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလိုဆုမျိုး ရခဲ့ဖူးကြောင်းကို မသိမသာ အောက်ပါပုံထဲကအတိုင်း ဖော်ပြခဲ့ပါတယ်။

http://www.first-11.com/wdet.php?id=12


ဒါဟာ ဒေါ်အောင်ဆန်းစုကြည်-NLD-အတိုက်အခံနိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများ၊ ပြည်ပရောက် စစ်အဆိုးရဆန့်ကျင်သူများနဲ့ ပတ်သက်တဲ့ သတင်း၊ အနုပညာများနဲ့ ပတ်သက်လာလျှင် တင်းကြပ်ယုတ်မာဖြတ်တောက်လေ့ရှိတဲ့ ဗမာပြည်က စစ်အဆိုးရစာပေဆင်ဆာကို မသိမသာ ဖြတ်ကျော်ပြလိုက်ခြင်းတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။

------------------------------------------------------------
၂။ Foreign Affairs Journal ကလည်း အိုဘားမား ဆုရတဲ့အကြောင်းကို အခြားငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်များရဲ့ ဓာတ်ပုံများနဲ့အတူ ဂျာနယ်မျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။


အဲဒီလို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်များရဲ့ ဓာတ်ပုံများကို ဝေေ၀ဆာဖော်ပြခဲ့ရာမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်နှစ်ယောက်ရဲ့ ဓာတ်ပုံနှစ်ပုံကိုတော့ ကွက်လပ်ချန်ပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီဓာတ်ပုံချန်လှပ်ခံခဲ့ရတဲ့ ဆုရနှစ်ယောက်ကတော့ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၈၄ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် Desmond Mpilo Tutu တို့ရဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။

ဒီလို တမင်ကွက်လပ်ချန်ထားခဲ့ခြင်းဟာ အယ်ဒီတာအဖွဲ့ရဲ့အာဘော်ပေလား၊ စစ်အဆိုးရစာပေစိစစ်ရေး ကင်ပေတိုင်ဆင်ဆာအဖွဲ့ရဲ့ လက်ချက်ပေပဲလားဆိုတာကို အဲဒီအပတ် Foreign Affairs Journal ဂျာနယ်ဖတ်မိသူများက သိလိုလှလျက်ရှိပါတယ်။



ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံသူ Desmond Tutu တို့ရဲ့ ဓာတ်ပုံတွေကိုပဲ မဖော်ပြဘဲ တမင် ချန်ထားခဲ့တာဟာ အယ်ဒီတာအဖွဲ့ရဲ့ အာဘော်ပေလားလို့ မေးရတာကတော့ Foreign Affairs Journal ဆိုတာဟာ The Voice Weekly Journal (၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်အဆိုးရကိုထောက်ခံတဲ့ အာဘော်တွေ၊ ဆောင်းပါးတွေ ခုနောက်ပိုင်းမှာ အသားပေးဖော်ပြလာခဲ့တဲ့၊ ဒါ့အပြင် အမေရိကန်က ဒီမိုအင်အားစုများက အမေရိကန်ရောက် သိန်းစိန်+ဥာဏ်ဝင်းကို ဖိနပ်နဲ့ပစ်ပေါက်ဆန္ဒပြခြင်းအပေါ် စစ်အဆိုးရအလိုတော်အတိုင်း မကျေမနပ် ပစ်ပစ်နှစ်နှစ်ဝေဖန်ထားတဲ့ အယ်ဒီတာ့အာဘော်ဖော်ပြခဲ့တဲ့ The Voice Weekly Journal) ရဲ့ ကိုယ်ပွားဂျာနယ်တစ်စောင် ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။

13 October 2009

BOOK REVIEW - IDEAL LEADER, The speech of Masoyein Taikthit Sayadaw Bhaddanta Razadhamar Bhivamsa

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး (၃)တိုက်တို့၏ အဓိပတိမဟာနာယကဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏
စံပြခေါင်းဆောင် (ဂဝေသီသုတ္တန်တရားတော်) စာအုပ်အမြည်း


(သာသနာ - ၂၅၅၃၊ ကောဇာ - ၁၃၇၁၊ ခရစ် - ၂၀၀၉၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမှ စစ်အဆိုးရ စာပေဆင်ဆာမတင်ဘဲ ထုတ်ဝေထားသည့် ဗမာ့နိုင်ငံရေးလောကအပါအ၀င် နေရာတိုင်း၌ စံပြခေါင်းဆောင် ရွေးချယ်တတ်စေနည်း စာအုပ်)

(မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး၊ ဘ၀ပျိုးဥယျာဉ်စာကြည့်တိုက်တွင် စံပြခေါင်းဆောင် စာအုပ်ကို လိုသလောက် ၀ယ်ယူရရှိနိုင်ပါကြောင်း)

စာမျက်နှာ (၁)

စံပြခေါင်းဆောင်
ဂဝေသီသုတ္တန်တရားတော်

(၁၃၅၂ - ခု၊ နှစ်ဆန်း(၁)ရက်နေ့၊ မန္တလေးမြို့၊ သာသနာပိုင်ရပ်ကွက်၊ ဆုတောင်းပြည့်ဓမ္မာရုံ၌ ဟောကြားသည်။)

၁၃၅၂ - ခု၊ ကနေ့ တန်ခူးလပြည့်ကျော် (၈)ရက်၊ နှစ်ဆန်း (၁)ရက်နေ့၊ ဒါ သာသနာပိုင်ရပ်ကွက်လား?၊ (မှန်ပါ) အေး သာသနာပိုင်ရပ်ကွက်၊ ဘာဓမ္မာရုံလို့ခေါ်တုန်း? (ဆုတောင်းပြည့်ဓမ္မာရုံပါဘုရား) အေး- သာသနာပိုင်ရပ်ကွက်၊ ဆုတောင်းပြည့်ဓမ္မာရုံ၌ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသဟောကြားအပ်သော အင်္ဂုတ္တိုရ်ပါဠိတော် (အံ၊၁၊၁၈၉/၁၉၂)၌ လာရှိသည့် ဂဝေသီသုတ္တန် စံပြခေါင်းဆောင်တရားတော်-

စာမျက်နှာ (၂) - (၃)

...အေး ထို့အတူပဲ ဒီရပ်ကွက်တွေ ဓမ္မာရုံတွေမှာ သင်းလုံးကျွတ် အစည်းအဝေးပွဲတွေ လုပ်ပြီးတော့ ဥက္ကဌတွေ ရွေးသလိုပဲ၊ ဟိုမြို့မှာလည်းပဲ မြို့အလျောက် နိုင်ငံမှာလည်းပဲ နိုင်ငံအလျောက် အဲဒီလို ခေါင်းဆောင်အသစ်တွေ ရွေးချယ်တဲ့ အလေ့အထ ဗမာပြည်မှာ ရှိတယ်၊ အဲဒီခေါင်းဆောင်သစ် ရွေးချယ်တဲ့ နေရာမှာ အခုဘုရားရှင် ဟောကြားထားတဲ့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာရှိတဲ့ ဂဝေသီသုတ္တန်ဆိုတာ မြတ်စွာဘုရားက ခေါင်းဆောင်သစ်ရွေးချယ်တဲ့နေရာမှာ စံပြခေါင်းဆောင် ရွေးချယ်တတ်အောင် အထူးသီးသန့်ပြီးတော့ ဟောကြားထားတဲ့ သုတ္တန်တစ်ခုဖြစ်တယ်ကွ၊ ဟုတ်လား။

အေး မောင်ဌေးတို့ မကြူကြူတို့၊ မင်းတို့က အင်မတန် ငယ်သေးတယ်၊ အဲဒီတော့ မင်းတို့လဲပဲ ခေါင်းဆောင်အသစ် ရွေးချယ်ချင်တယ်နဲ့ တူပါတယ်၊ ဟုတ်လား၊ အေး- "စံပြခေါင်းဆောင်" အမည်ရတဲ့ ဂဝေသီသုတ္တန်ကို မင်းတို့ကို ဟောမယ်၊....

စာမျက်နှာ (၁၅) - (၁၆)


... အဲဒီ သတ်ပစ်လိုက်တဲ့ ပဉ္စာနန္တရိယကံ ပိတုဃာတကကံပေါ့ကွာ၊ အဖကို သတ်တဲ့ကံကြောင့် အဇာတသတ်မင်းဟာ အခု လောဟကုမ္ဘီငရဲမှာ ဒုက္ခခံပြီးတော့ နေရတယ်၊

အဲဒီတော့ အဇာတသတ်မင်း လောဟကုမ္ဘီငရဲ ဒုက္ခခံနေရတာ ဘာကြောင့်လဲဆိုရင် ခေါင်းဆာင် အရွေးမှားလို့၊ ပရိသတ် ဘာဖြစ်လို့တုန်း? (ခေါင်းဆောင် အရွေးမှားလို့ပါဘုရား)၊ အဲ ခေါင်းဆောင် အရွေးမှားရင် အဲဒီလို တစ်သံသရာလုံး ဒုက္ခဖြစ်တတ်တယ် ဟုတ်လား၊

........အဲဒီ ခေါင်းဆောင်ရွေးခွင့် ကြုံတယ်လို့ ဆိုလို့ရှိရင် ခေါင်းဆောင်ရွေးမမှားဖို့ မလိုဘူးလားကွ (လိုပါဘုရား)၊ လိုတယ်မဟုတ်လား? ရဲရဲတင်းတင်းလျှောက်ပါကွ၊ မင်းတို့ ငါ အဇာတသတ်မင်းအကြောင်း ဒီမှာ ဘုရားဟောအတိုင်း ဟောနေတာပဲ ဟုတ်လား၊ ခေါင်းဆောင် အရွေးမမှားဖို့ မလိုဘူးလားကွ? (လိုပါဘုရား)၊ လိုတယ်နော်၊...

စာမျက်နှာ (၆၇) - (၆၈)

... ဘယ်နှစ်နာရီ ရှိပြီတုန်းကွ မင်းနာရီက၊ (ကိုးနာရီ ခွဲတော့မယ်ဘုရား) ဟင် ခွဲတော့မယ်၊ အေး ခွဲရင် ပြီးမယ်ကွ ဟုတ်လား၊ မင်း ကာဖြူး (curfew နေ၀င်းမီးငြိမ်း စသည် သတ်မှတ်ချိန်၌ အပြင်မထွက်ရ အမိန့်)ရှိတယ်ကွ၊ တော်ကြာနေ ငါ့ ပစ်သတ်ခံနေရရင် ဘယ့်နှယ်လုပ်မလဲ ဟုတ်လား၊ ဒီတော့ ခွဲရင်တော့ ပြီးမှ ဖြစ်မယ်နော်၊...

စာမျက်နှာ  (၇၁) - (၇၂)

.... ကြည့် ဂဝေသီဆိုတဲ့ ဥက္ကဌကြီးက မင်း သူတစ်ပါးအသက် သတ်ကြကွဲ့လို့ ပြောရဲ့လား? (မပြောပါဘုရား)၊ မပြောဘူး၊ တစ်ဆင့်တစ်ဆင့်နဲ့ ကောင်းအောင်ကျင့်တယ် ဟုတ်လား၊ ကောင်းအောင်ကျင့်ပြီးတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို သူ ရောက်သွားတယ်၊ သူရောက်သလိုပဲ နောက်က အဖွဲ့ဝင်ငါးရာ ရဟန်းတွေလည်းပဲ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရောက်ကုန်တယ်၊

... ဂဝေသီဖြစ်တဲ့ ဥက္ကဌ ရဟန်းက သူတို့ကို ဆုံးမတယ်၊

ရဟန်းတို့ မင်းတို့ အချင်းချင်း မေတ္တာထားပြီးတော့ နေကြကွယ် ဟုတ်လား၊ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေကြလို့ ဆုံးမတာဟုတ်ရဲ့လား? (မဟုတ်ပါဘုရား)

အေး- တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်အောင်လို့ ကတုံးကတိုက်လုပ်တယ်ဆိုရင် အဲဒါ စံပြခေါင်းဆောင် ဘယ်တော့မှ မဟုတ်ဘူး၊ ကျောင်းသားအချင်းချင်း ရန်ဖြစ်အောင် လုပ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ စံပြခေါင်းဆောင် မဟုတ်ဘူးနော်၊ ရဟန်းအချင်းချင်း ရန်ဖြစ်အောင် လုပ်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟဟာ စံပြခေါင်းဆောင် မဟုတ်ဘူး၊ လယ်သမားအချင်းချင်း ရန်ဖြစ်အောင်လုပ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ စံပြခေါင်းဆောင် မဟုတ်ဘူး။

အခု ဂဝေသီကတော့ နောက်လိုက်ငယ်သားရဟန်းတွေကို မင်းတို့ကွယ် အချင်းချင်း မေတ္တာထားပြီးတော့ နေကြဟဲ့၊ "ဒိဋ္ဌာ ၀ါ အဒိဋ္ဌာ ၀ါ" ပေါ့ကွာ၊ ဒို့ မေတ္တသုတ်ထဲမှာ လာတဲ့အတိုင်းနော်၊...... အဲဒီ မေတ္တသုတ္တန်အတိုင်း နေကြဟဲ့လို့ ဂဝေသီက ရဟန်းတော်တွေကို ဆုံးမတယ် ဟုတ်လား၊ ...

စာမျက်နှာ (၇၇) - (၇၈)

... အေး- ခေါင်းဆောင်သစ် ရွေးချယ်တဲ့နေရာမှာ သာရိပုတြာတို့ မောဂ္ဂလာန်တို့လို အားမနာတမ်း ရွေးချယ်ဖို့ကော မကောင်းဘူးလား၊ ကောင်းတယ်ကွ၊ အခုတော့ ဒို့ဗမာပြည်က အားနာသလိုလို ဘာလိုလိုနဲ့ ဒါတွေကလည်း တော်တော်ရှိတယ် ဟုတ်လား၊ အေး- ခေါင်းဆောင်ဟောင်းကို အားနာသလိုလို ဘာလိုလို၊ မင်း သာရိပုတြာတို့ မောဂ္ဂလာန်တို့ဟာ ခေါင်းဆောင်ဟောင်းကို အားနာနေရင် နိဗ္ဗာန်ရပါ့မလား၊ မရဘူး၊ ခေါင်းဆောင်ဟောင်းကို အားမနာဘဲနဲ့ ပြတ်ပြတ်သားသား ခေါင်းဆောင်သစ် ရွေးချယ်တဲ့အတွက် သူတို့ဟာ တစ်မဂ် တစ်ဖိုလ် နိဗ္ဗာန်ကို ရတာ ဟုတ်ရဲ့လား၊

အဲဒီတော့ ဒို့ လောကီရေးရာမှာပဲ ဖြစ်စေ လောကုတ္တရာရေးရာမှာပဲ ဖြစ်စေ ခေါင်းဆောင်သစ် ရွေးချယ်ကြတယ်ဆိုရင် ဒီခေါင်းဆောင်ဟောင်းရဲ့ လမ်းညွှန်ချက်ဟာ ပန်းတိုင်ကို မရောက်နိုင်ဘူးလို့ဆိုရင် အဲဒီ ခေါင်းဆောင်ဟောင်းကို အားနာနေဖို့ မလိုဘူး၊ သံယောဇဉ်ဖြစ်နေဖို့လည်း မလိုဘူး ဟုတ်လား၊ အေး- ဒီ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်လို့ လမ်းညွှန်ပေးနိုင်တဲ့ ခေါင်းဆောင်အသစ် စံပြခေါင်းဆောင် အဲဒီ ပုဂ္ဂိုလ်မျိုး ရွေးချယ်ပေးဖို့ မကောင်းဘူးလား၊

အခု ဒီမှာ ဂဝေသီ တဖြည်းဖြည်း ကျင့်ကြံသွားပုံကို ကြည့်၊ သူက ငါးပါးသီလ ဆောက်တည်တယ်၊ ကောင်းတဲ့ အလုပ် လုပ်တယ် ဟုတ်လား၊ သူ ငါးပါးသီလ ဆောက်တည်တော့ နောက်လိုက်အဖွဲ့ဝင်တွေလည်း ငါးပါးသီလ မဆောက်တည်ဘူးလား၊ ဥက္ကဌက ကောင်းတော့ အသင်းသူအသင်းသား အဖွဲ့ဝင်အားလုံးလည်း ကောင်းလာတာပေါ့ကွ၊ ဒါသဘာဝပဲ ဟုတ်လား၊ ...


စာမျက်နှာ (၈၂) - (၈၃)


၁၃၇၀- ခု၊ သီတင်းကျွတ်လဆန်း (၇)ရက်နေ့
မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲ
သြ၀ါဒကထာ

ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ဟောကြားထားတဲ့ ဆုံးမထားတဲ့ စကားရှိတယ်။
သြ၀ါဒေယျ - မျက်မှောက်ဆုံးမရာ၏၊
အနုသာသေယျ - မျက်ကွယ်ဆုံးမရာ၏၊
သြ၀ါဒေယျ - တစ်ကြိမ်ဆုံးမရာ၏၊
အနုသာသေယျ - အကြိမ်ကြိမ်ဆုံးမရာ၏၊
အဲဒီ ဘုရားရှင်တိုင်း ဟောကြားထားတဲ့ ဒေသနာတော်အတိုင်းပဲ မင်းတို့ မြတ်စွာဘုရားက သြ၀ါဒပေးတယ် သြ၀ါဒယူတယ်ဆိုတာ အင်မတန်ကို ကျေနပ်တယ်၊

အသဗ္ဘာ စ နိဝါရယေ - အကုသိုလ်အဘို့မှလည်း တားမြစ်ရမယ်၊ အကုသိုလ်မဖြစ်အောင် တားဖြစ်ရမယ်၊ အဲဒါ ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ဟောကြားထားတဲ့ အဆုံးအမ။

ဒီတော့ မင်းတို့ ဦးဇင်းတွေ ကိုရင်တွေဆိုတာ သင်္ကန်းဝတ်ထားတဲ့ ပုဂ္ဂိုလ်တွေ၊ သမဏတဲ့ သမဏဆိုတာ ဘာတုန်း? ပါပေ သမေတီတိ သမဏော၊
ပါပေ - မကောင်းမှု အကုသိုလ်တို့ကို။ သမေတိ - ငြိမ်းစေတတ်၏ ငြိမ်းအောင်လုပ်တတ်၏။ ဣတိ - ထို့ကြောင့်။ သမဏော - သမဏမည်၏ ရဟန်းမည်၏။ ...

စာမျက်နှာ (၉၉)


... မင်းတို့ နိုင်ငံက ရှင်းရှင်းပြောမယ်၊ လူကြီးရော လူငယ်ရော အကုန်လုံး အူချောင်ချောင်တွေ များတယ်၊ ဟုတ်လား၊ တစ်ယောက် ပါတီထောင်တယ်ဆိုရင် အဟုတ်မှတ်ပြီးတော့ ပါတီထောင်၊ အဲသလိုကိုက များနေတယ်၊ အဲဒါ မှတ်ထား၊ ...

စာမျက်နှာ (၁၀၁)

ဒို့ဗမာ နိုင်ငံမှာလည်း ခုနက "ဥဒါန စရိတာနံ တု၊ ၀သုဓေ၀ ကုဋုမ္ဗကံ" ဆိုတဲ့အတိုင်းပဲ ၀သုဓာ - မြေတစ်ပြင် လုံးမှာရှိတဲ့ မြန်မာပြည် တစ်ပြည်လုံးမှာ ရှိတဲ့ လူသားအားလုံးသည် ကုဋုမ္ဗကံ ကုဋုမ္ဗကံ ဧ၀ - ငါတို့ရဲ့ မိသားစုကြီး တစ်ခုတည်းသာတည်း။ ငါတို့ရဲ့ အိမ်ထောင်စုကြီး တစ်ခုတည်းသာတည်း- လို့ စိတ်ထားပြီးတော့ ငြိမ်းချမ်းရေးတရားဟောဖို့ တိုက်တွန်းရင်း ငါရဲ့ သြ၀ါဒ ကထာကို နိဂုံးချုပ်ပါတယ်၊

(သာဓု သာဓု သာဓု)

---------------------------------------------------
Related Previous Article;
IDEAL LEADER by Masoeyein Sayadawgyi Badanta Yarza Dammã Biwuntha

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နှင့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စအသံများ ဆူညံလာချိန် မစိုးရိမ်အဓိပတိမဟာနာယကဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ စံပြခေါင်းဆောင် (ဂဝေသီသုတ္တန်တရားတော်) စာအုပ် ပြည်တွင်း၌ ထွက်ရှိ

11 October 2009

IDEAL LEADER by Masoeyein Sayadawgyi Badanta Yarza Dammã Biwuntha

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နှင့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စအသံများ ဆူညံလာချိန်
မစိုးရိမ်အဓိပတိမဟာနာယကဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏
စံပြခေါင်းဆောင် (ဂဝေသီသုတ္တန်တရားတော်) စာအုပ်
ပြည်တွင်း၌ ထွက်ရှိ



မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ


(Front Cover Of The Book)


(Back Cover Of The Book)



(Poem from the Book)

ယနေ့ လောလောဆယ် ဗမာ့နိုင်ငံရေးအခင်းအကျင်းတွင် စံပြခေါင်းဆောင်ကောင်းများ လိုအပ်လျက်ရှိရာ ဆရာတော်က မည်သို့မည်ပုံ စံပြခေါင်းဆောင်ကောင်းရွေးချယ်သင့်ပုံကို ဗုဒ္ဓဘုရားဟော ဂဝေသီသုတ္တန်မှ ထုတ်နုတ်ကာ ဟောညွှန်ပြထားခြင်းဖြစ်သည်။

ယခု စံပြခေါင်းဆောင် (ဂဝေသီသုတ္တန်တရားတော်)စာအုပ်ကိုထုတ်ဝေရာတွင် စစ်အဆိုးရ စာပေစိစစ်ရေး ကင်ပေတိုင်ဆင်ဆာအဖွဲ့ထံ  ထုတ်ဝေခွင့် တောင်းခံခြင်းမျိုး၊ ဖြတ်သန်းခြင်းမျိုးလည်း မရှိဘဲ မစိုးရိမ်တိုက်မူပိုင်အဖြစ် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက စိန်ခေါ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ယခုစံပြခေါင်းဆောင်စာအုပ်တွင်
၁။ ကောဇာသက္ကရာဇ် ၁၃၅၂-ခု (အာဏာသိမ်းစ စစ်အဆိုးရမှ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ခရစ်နှစ်- ၁၉၉၀ ခုနှစ်ကာလ)၊ နှစ်ဆန်းတစ်ရက်နေ့၊ မန္တလေးမြို့၊ သာသနာပိုင်ရပ်ကွက်၊ ဆုတောင်းပြည့်ဓမ္မာရုံ၌ ဟောကြားခဲ့သော ဂဝေသီသုတ္တန်တရားတော်နှင့်
၂။ ၁၃၇၀- ခု(ခရစ်နှစ် - ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ)၊ သီတင်းကျွတ်လဆန်း (၇)ရက်နေ့၊ မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲ၊ သြ၀ါဒကထာ
ဟူ၍ နှစ်ပိုင်းပါရှိသည်။

မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသအနေနှင့် စံပြခေါင်းဆောင်စာအုပ်ကို ၂၀၀၇ စက်တင်ဘာနှစ်ပတ်လည်အဖြစ်လည်းကောင်း၊ ရွေးကောက်ပွဲအသံများ ဆူညံလာစ ယခုလိုအချိန်တွင် ပြည်သူများအနေဖြင့် စံပြခေါင်းဆောင်ကောင်းများ ရွေးချယ်တတ်စေရန်အတွက်လည်းကောင်း ထုတ်ဝေလိုက်ပုံရသည်ဟု စာအုပ်ကို ဖတ်မိသူများက သုံးသပ်လျက်ရှိသည်။

ယခုစာအုပ်ကို မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီးမှ ဘ၀ပျိုးဥယျာဉ်စာကြည့်တိုက်တွင် လိုသလောက် ၀ယ်ယူရရှိနိုင်ပြီး ယခုအချိန်အထိ အလွန်တရာ ရောင်းအားကောင်းနေကြောင်းသတင်းရရှိသည်။       ။

(မှတ်ချက်။    ။ ယခုစာအုပ်ရေးသားထုတ်ဝေသော မစိုးရိမ်အဓိပတိမဟာနာယကဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသမှာ ပျံလွန်တော်မူသွားရှာပြီဖြစ်သည့် မစိုးရိမ်ဆရာတော်ဘုရားကြီး အရှင်ကောဝိဒါဘိဝံသ (သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် -  ပဓာနစေရ ဆရာတော် ဦးကောဝိဒါဘိဝံသ)၏ သာသနာ့လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်အရင်းတစ်ဦးဖြစ်ပါသည်။)

"စံပြခေါင်းဆောင်" စာအုပ်အမြည်းကို ဆက်လက်တင်ဆက်သွားပါမည်။
မျှော်...

05 October 2009

NEW NALAGIRI ELEPHANTS ARE COMING TO DESTROY BURMESE PEOPLE

ပြည်သူတွေကို နင်းချေသတ်ဖို့
ဒေဝဒတ်ရွှေရဲ့ နာဠာဂီရိဆင်တွေ လာပြီ
(ယောမင်းလေး)



ခုဆိုရင် ပြည်သူတွေ နင်းချေသတ်ဖို့ အရက်ကိုးမောင်းတိုက်နေတဲ့ နာဠာဂီရိဆင်တွေဟာ အမူးလွန်နေပါပြီ။ ဒီဆင်တွေကို တစ်ရွက်ပြီး တစ်ရွက် ဝါဇီကနေ အထပ်လိုက် အထပ်လိုက် ပြည်သူ့ကြားကို ဖြန့်ချိပါတော့မယ်။

အရင်က ဒေဝဒတ်ဟာ နာဠာဂီရိဆင်မိုက်ကြီးကို အရက်ကိုးမောင်းတိုက်ပြီး မေတဿတာရှင် မြတ်ဗုဒဿဓကို နင်းချေသတ်ဖို့ လွှတ်လိုက်သလို...
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တှောလှန်ရေးမှာ မေတဿတာပို့ ကြွချီနေတဲ့ သံဃာတှောတွေကို ဒေဝဒတ်ရွှေက သူ့ကြေးစား စစ်တပ်ကို အရက်ကိုးမောင်းတိုက် ပစ်ခတ် သတ်ဖြတ်ခိုင်းသလို...
ခု လက်ကျန် မသေမရှင်ကျန်ခဲ့တဲ့ ပြည်သူတွေကို နင်းချေသတ်ဖြတ်ဖို့ ဒေဝဒတ်ရွှေက ဝါဇီကနေ ငါးထောင်တန် ငွေစကဿကူတွေ လွှတ်လိုက်ပါပြီ။

(စကားဖြတ်။       ။ ၂၀၀၃ ခုနှစ်၊ မေလ၊ ၃၀- ဒီပဲယင်းအရေးအခင်းတုန်းကလည်း တိုင်းခန်းလှည့်လည်နေတဲ့ ဒှေါအောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေ၊ ကျောင်းသားကျောင်းသူ၊ ရဟန်းသံဃာတွေကို ဒေဝဒတ်ရွှေနဲ့အဖွဲ့က သူ့ရဲ့ နလပိန်းတုန်း စစ်သား၊ ကြံဖွတ်၊ စွမ်းအားရှင်တွေကို အရက်ကိုးမောင်းတိုက်ပြီး သတ်ဖြတ်အစဖျောက်လုပ်ကြံခိုင်းခဲ့ဖူးပါတယ်။ - ဘလော့ဂ်အယ်ဒီတာ)



တစ်နေ့ (၁၀၀၀/ ၁၅၀ဝ)ကျပ်သာ လုပ်အားခ နေ့တွက်ရတဲ့ ပန်းရံနေ့စား လက်သမားတို့... ငါးထောင်တန် ပေးရင် ပြန်အမ်းစရာ (၄၀ဝဝ) (၃၅၀ဝ) ကျပ် အကြွေတွေ ရှိကြပါရဲ့လား ခင်ဗျား။ တို့... မစားမသောက်ဘဲ ဆောင်ထားကြရမယ်နှော။

ပဲပြုတ်သည်ဆီမှာ ပဲပြုတ်ဝယ်ရင် ခင်ဗျား... အားနာစရာကြီး။ ပဲပြုတ် နှစ်ရာဖိုး "အကြွေမအမ်းနိုင်ပါဘူးတှော၊ မပေးနဲ့တော့" လို့ ပြောသွားရင် ခင်ဗျား ဘယ်လို ခံစားရမလဲ။ (၅၀) ကျပ်တန်၊ ၁၀၀ ကျပ်တန်၊ ၂၀၀ ကျပ်တန် အကြွေရှားပါးမှုတွေကို မဖြေရှင်းဘဲ ဆင်မိုက်ကြီးတွေ ပြည်သူကြားလွှတ်လိုက်တာဟာ ရိုးသားပါရဲ့လား။ ဒေဝဒတ်က ဘုရားကို လုပ်ကြံသလို ပြည်သူတွေကို လုပ်ကြံလိုက်တာပဲ။ လူတစ်ယောက်ရဲ့ တစ်နေ့တာဝင်ငွေထက် ပိုတဲ့ ငွေစကဿကူတန်ကို ထုတ်လုပ်သင့်ပါရဲ့လား ... စဉ်းစားသင့်ပါတယ်။

တစ်ခါက ဈေးချိုအိမ်သာမှာ အိမ်သာဝင်တက်တော့ ငါးရာတန်ထုတ်ပေးတော့ အကြွေအမ်းစရာ မရှိလို့... တှောပြီ... မယူတော့ဘူး..လို့ အပြောခံရတာ ရင်ထဲမှာ အောင့်သက်သက်ကြီး ကျန်ခဲ့ဖူးတယ်။ ဒီနာဠာဂီရိ ဆင် ငါးထောင်တန်တွေနဲ့ ပဲပြုတ်ဝယ်ရင်၊ ရေခဲချောင်းဝယ်ရင်၊ အကြှောဝယ်ရင်... ဘယ်လို ခံစားကြရမလဲ။

ကျောက်ဆည်ဆင်ကြီးဟာ ကျောက်ဆည်လို တွေးပြီး ကျောက်ဆည်လို အလုပ်လုပ်နေတာ အတှော ဆိုးသဗျို့။ တကယ်တော့ ကျောက်ဆည်ဆင်ဆိုတာ အနှစ်မပါ ဗလာ အခေါင်းကြီးပါ။ အတုအလိမ်ကြီးပါ။ ဆင်အစစ်တွေ သိကဿခာမဲ့အောင် အယောင်ဆောင်ကောင်ကြီးပါ။ ဒါကို ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ဆင်မိုက်ကြီးက ပြည်သူတွေကို နင်းချေသတ်ဖို့ နာဠာဂီရိဆင်တွေ လွှတ်လိုက်ပါပြီ ခင်ဗျ။

ပြည်သူအပေါင်း သတိကြပ်ကြပ်ထား၍ ရှောင်တိမ်းကြပေရော့။ ဆင်နင်းပြီး အသတ်ခံရတဲ့ နန်းမတှောမမြလေးလို မဖြစ်ရအောင် ရှောင်နိုင်ကြပါစေ...။ တကယ်တော့ ဒေဝဒတ်သန်းရွှေဟာလည်း ပုဂံမင်းလို ရူးနေတာပဲ မဟုတ်ပာလား...။         ။

ယောမင်းလေး

---------------------------------------------------------------------
PHOTO OF Subduing the fierse elephant, Nalagiri, released by Devadatta
was taken from the following link;
http://web.ukonline.co.uk/buddhism/defeats.htm

BUDDHA'S NUCLEAR POWER

စစ်အာဏာရှင်ကို သံဃာတွေတိုက်နိုင်တဲ့နည်းနဲ့တိုက်နေပြီ...။ ဗုဒ္ဓပေးခဲ့တဲ့
နယူကလီးယားပဲ။

မိတ်ဆွေတို့

ဒေလီမြို့က မြန်မာသံဃာတော်တွေ ကံဆောင်ပွဲပုံပါ၊ သီတင်းကျွတ်လပြည့် (၃၊
၁၀၊ ၂၀၀၉) နေ့က လုပ်ပါတယ်၊

လွတ်လပ်စွာ အသုံးပြုနိုင်သည်။ အညာနွေ တမာမြေဘလော့မှာ တင်ပြီးဖြစ်ပါတယ်၊
အညာနွေမှ ပေးပို့ပေးသည်လို့ ရေးချင်ရင်လည်း ရေးနိုင်ပါတယ်၊

လေးစားလျက်..

ဇာနည်
အညာနွေ တမာမြေ

01 October 2009

The Reality of Myanmar National League is To Make People Weak?

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော

(Nyo Gyi)


(ဓာတ်ပုံ - မန္တလေးထုတ် ပန်သစ္စာ အနုပညာဂျာနယ်၊ No. 3, Vol. 7၊ အချပ်ပိုမှ ရယူပါသည်)

(1, October, 009)

ယနေ့ ဗမာပြည်တွင်း၌ Myanmar National League ဆိုပြီး ဘောလုံးပွဲများ ကျင်းပနေသည်ကို အများသိပြီးဖြစ်သည်။ ဘောလုံးပွဲဆိုသည်မှာ အားကစားရေး၊ စီးပွားရေးကိစ္စဖြစ်သည်ဆိုသော်လည်း နိုင်ငံ့အရေးအမြင်အားဖြင့်ကြည့်လျှင်မူ ဘောလုံးပွဲကို ကျင်းပခဲ့သည့် စစ်အဆိုးရနှင့် ဘောလုံးအသင်းများကို ပိုင်ဆိုင်သည့် စစ်အဆိုးရအလိုတော်ရိလုပ်ငန်းရှင်ဆိုသူများ၏ ခြေလှမ်းများ၊ လုပ်ကွက်များကိုကား သတိထား စောင့်ကြည့်ရပါမည်။

ဘောလုံးပွဲများအတွက် ကျေးဇူးတင်ရမည်ဖြစ်သော်လည်း နောက်ကွယ်က အကြောင်းအရာများကို မျက်ခြေမပြတ် လေ့လာဆင်ခြင်သင့်သည်။

ပြည်သူတွေကို သွေးခွဲနေပြီလော

ပြည်သူတွေကို သွေးခွဲနေပြီလားဆိုသည့်အချက်မှာ အင်မတန်မှ အရေးကြီးလှသည်။

ယခုအခါ မန္တလေးကိုယ်စားပြုဆိုပြီး Yadanarbon FC၊ ရန်ကုန်ကိုယ်စားပြုဆိုပြီး Yangon United၊ မြစ်ဝကျွန်းပေါ်ဒေသကိုယ်စားပြုဆိုပြီး Delta United အစရှိသဖြင့် အသင်းများ ဖွဲ့စည်း တည်ထောင်ထားသော်လည်း အမှန်တကယ်တမ်း ထိုထိုဘောကလပ်အသင်းများနှင့် ပါဝင်သည့် ကစားသမားများသည် သူတို့ကိုယ်စားပြုသည့် တိုင်း/ပြည်နယ်များကို အမှန်တကယ်ကိုယ်စားပြုပါ၏လော။ ရှေးတုန်းက ကျင်းပခဲ့သည့် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲများမှ အသင်းများလောက် ကိုယ့်နယ်များကို အမှန်အတိုင်း ကိုယ်စားပြုပါ၏လော။

မကြာမီ (၂၃၊ ၉၊ ၀၀၉) က မန္တလေးမြို့၊ ဗထူးကွင်း၌ Yadanarbon FC နှင့် Delta United တို့၏ ဘောလုံးပွဲ(ပူးတွဲပါဓာတ်ပုံ)အပြီး ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ဆူပူသောင်းကျန်းမှုများက ပြည်သူတွေကို သွေးခွဲနေပြီလော ဆိုသည့်အချက်ကို ပိုမိုခိုင်မာစေပါသည်။ အရင်က တစ်တိုင်းနှင့် တစ်တိုင်း၊ တစ်ပြည်နယ်နှင့် တစ်ပြည်နယ် အခင်အမင်မပျက် တည်ငြိမ်သွေးစည်းနေခဲ့သည်ကို ယခုလို MNL ဘောလုံးပြိုင်ပွဲများနှင့် ရန်တိုက်၊ သွေးခွဲပစ်လိုက်သည့်သဘောပင်။ စစ်အဆိုးရအနေနှင့် ယခုကဲ့သို့ ဘောလုံးပွဲများကို အသုံးပြုပြီး ပြည်သူများကို ရန်တိုက်၊ သွေးခွဲထားလိုက်ခြင်းအားဖြင့် ၁၉၈၈ အရေးအခင်းလိုမျိုး၊ ၂၀၀၇ စက်တင်ဘာအရေးအခင်းလိုမျိုး ပြည်သူအများ၏ သွေးစည်းညီညွတ်စွာလှုပ်ရှားလာနိုင်မှုများ နောက်ထပ်ဖြစ်မလာနိုင်ဟု ထင်ထားပုံရသည်။

ပြည်သူတွေကို အာရုံပြောင်းနေပြီလော

ထိုအချက်မှာလည်း ထင်သာမြင်သာရှိသည်။

စစ်အဆိုးရ၏ မကောင်းမှုများကို အလေးဂရုမပြုနိုင်တော့ဘဲ ပြည်သူအားလုံး ဘောလုံးပြီးရင်း ဘောလုံးဖြစ်နေအောင် အာရုံပြောင်းလိုက်သည့်သဘော။

သေချာကြည့်လျှင် သိနိုင်သည်။

ယခုအခါ စစ်အဆိုးရသည် ဗမာပြည်သူ၊ ပြည်သားများအား စားဝတ်နေရေးကြပ်တည်းမှု၊ တစ်လုံး-နှစ်လုံး-သုံးလုံး လောင်းကစားမှု၊ နိုင်ငံခြားဘောလုံးပွဲ၊ ပြည်တွင်းဘောလုံးပွဲ၊ အရက်-ဘီယာ-မူးယစ်ဆေးဝါး-စင်တင်တေးဂီတ-ကာမရောင်းဝယ်ဖောက်ကားရေး-လူကုန်ကူးမှု-မှောင်ခို-လာဘ်စားခြင်း အစရှိသည်များ အကြား  ညှပ်ပူညှပ်ပိတ် ပိတ်မိနေအောင် ပြုလုပ်ရက်စက်နေပေပြီ။ မှိုင်းတိုက်နေပေပြီ။

စစ်အဆိုးရသည် သူတို့၏ မကောင်းမှု၊ ယုတ်မာမှုများအတွက် ပြည်သူများဘက်က စွဲချက်တင်၊ ရှုံ့ချ၊ ဆန္ဒထုတ်ဖော်လာမည့်အာရုံကို အခြားတစ်ဖက်သို့  ပြောင်းဖို့ အစဉ်တစိုက်ကြိုးစားနေသည်မှာ သိသာလှပေသည်။ MNL ဘောလုံးပွဲများသည် အာရုံပြောင်းကိရိယာများထဲက တစ်ခုအပါအ၀င်ပေလော။

ပြည်သူတွေကို လှည့်ဖြားရိုက်စားနေပြီလော

၎င်းအချက်မှာ စေ့စေ့တွေးလေ ရေးရေးမကဘဲ ပြုးပြူးကြီး ပေါ်လာလေပင်ဖြစ်သည်။

MNL ဘောလုံးကလပ်များကို တည်ထောင်ထားသည့် စစ်အဆိုးရအလိုတော်ရိ လုပ်ငန်းရှင်ဆိုသူများသည် သူတို့၏ တရားမ၀င်၊ ရိုက်စား၊ လှည့်ဖြား၊ စစ်အဆိုးရဖက်စပ်စီးပွားရေးလုပ်ငန်းများကို ပြည်သူအများ သတိမထားမိအောင် ဘောလုံးနှင့် အချိုသကာဖုံးလိုက်ခြင်း၊ ဘောလုံးနှင့် ပြည်သူများကို အချိုသတ်လိုက်ခြင်းဟုပင် ဆိုနိုင်ပေသည်။ ဘောလုံးကို ဗန်းပြပြီး အခြားတစ်ဖက်က တရားမ၀င်အခြားစီးပွားရေးလုပ်ငန်းများကို စစ်အဆိုးရနှင့် ပင်းကာ ပိုမိုရိုက်စားလုပ်တော့မည်မှာ အသေအချာပင်။

ဘောလုံးပွဲများ ကျင်းပပေးသဖြင့် ကျေးဇူးရှင်ကြီးများဟုပင် ပြည်သူတွေက ထင်ကြလိမ့်ဦးမည်။ တကယ်တော့ ၀က်ဆီဖြင့် ၀က်သားကိုပြန်ကြော်ပြနေခြင်းပင်။ ပြည်သူတွေဆီက မတရားလှည့်ဖြားရိုက်စားလုပ်ယူထားသည့် ငွေကြေးတွေနှင့် (တစ်နည်းအားဖြင့်) ပြည်သူပိုင် ဘဏ္ဍာ ဥစ္စာ သယံဇာတများကို မှောင်ခိုလုပ်စား၊ ဈေးတင်အမြတ်ကြီးစား၊ အခွန်ရှောင်၍ ရရှိထားသည့် ငွေကြေးတွေနှင့် ယခုလို MNL ဘောလုံးပြိုင်ပွဲများကို စစ်အဆိုးရနှင့် စစ်အဆိုးရအလိုတော်ရိများက ကျင်းပပေးနေခြင်း ဖြစ်ပေသည်။

ဤစာကို နိဂုံးချုပ်ရလျှင်

ရိုးသားသည့် သမာအာဇီဝ ပြည်သူများအနေဖြင့် စစ်အဆိုးရနှင့် သူ့အလိုတော်ရိများ၏ မာယာအချိုသုတ်လိမ်းထားသည့် ခြေလှမ်းများ၊ လုပ်ကွက်များကို မျက်ခြေမပြတ် စောင့်ကြည့်-စစ်ဆေး-ဆင်ခြင်-သုံးသပ်-အကဲခတ်-ဖော်ထုတ်ရန်လိုအပ်သည်။ ဘောလုံးဆိုတိုင်း အရမ်းလိုက်မလုံးမိဖို့ လိုအပ်သည်။ လုံးရင်း၊ လုံးရင်းနှင့် လုံးခြာလည် လိုက်သွားနိုင်သည့် အဖြစ်တွေ ဒုနှင့်ဒေးရှိကြောင်း ပြည်သူအပေါင်းတို့သိထားရန် လိုအပ်ပါတော့သည်။         ။

ညိုကြီး
(၁၊ အောက်တိုဘာ၊ ၀၀၉)

စကားအချပ်ပို။   ။

အထူးတလည် စုဆောင်းစရာမလိုဘဲ စုဝေးတတ်သော လူစုလူဝေးကြီးများကို ဘောလုံးပွဲများတွင် တွေ့ရလေ့ရှိရာ ဘောလုံးပွဲများမှတစ်ဆင့် ပြည်သူ့ဆန္ဒပြပွဲကြီးတစ်ရပ်ဖြစ်ပွားလာအောင် ဘောပွဲကြည့်လာပြည်သူများအနေနှင့် ကြိုးစားသင့်ပါကြောင်း အကြံကောင်း ပေးအပ်ပါသည်။ ဆဲဆိုသည့်အသံများအစား တောင်းဆိုသည့် အသံများကို ပြိုင်တူဟစ်ကြွေးကြပါစို့။

--------------------------------------------------------------------------------

29 September 2009

BEWARE OF MILITARY DOGS in MYANMAR!

သတိ ခွေးကိုက်တတ်သည်
(Dr Che Burma)

စက်တင်ဘာ နှစ်ပတ်လည် ရာသီ
ထောက်ခွေးများ အရမ်းသောင်းကျန်းနေ၏
သတိထားပါ
ကံမကောင်းက ခွေးအကိုက် ခံရနိုင်ပါသည် ။

နှစ်ကြီးနိုင်ငံရေးအကျဉ်းကျဟော
င်းအနည်းငယ်မျှကိုသာ
ခေတ္တလွှတ်ပေးလိုက်ပြီး
ထောင်လူလဲလှယ်ရေး အစီအစဉ်အရ
တော်လှန်လူသစ်များစွာကို ဆက်လက်ဖမ်းဆီးလျက်ရှိပါသည် ။

စက်တင်ဘာကို ကြောက်၍သော်လည်းကောင်း
၂၀၁၀ မတိုင်ခင် ရှင်းလင်းသုတ်သင်ထားသည့် အနေနှင့်လည်းကောင်း
ပြည်သူ့အရေးတက်ကြွလှုပ်ရှားတတ်သူများစွာကို
စစ်အဆိုးရ ထောက်ခွေးများက
အတင်းကာရော ပိုးစိုးပက်စက် လိုက်လံ ဖမ်းဆီးလျက်ရှိပါသည် ။

ယခုကာလအတွင်း
ရန်ကုန်၊ မန္တလေး၊ ပြည်၊ မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး အစရှိသဖြင့်မြို့များမှ
တော်လှန် တက်ကြွ မှန်ကန် လူငယ်/လတ်/ကြီးများစွာ
မတရားဘဲ အဖမ်းခံခဲ့ရပြီး ဖြစ်ပါသည်
အချို့တော်လှန်လူများမှာလည်း ပုန်းလျှိုး/ကွယ်လျှိုး/ပြေးလျှိုးနေ- နေရလျက်ရှိပါသည် ။

ထိုသည့်အခိုက် လက်ရှိတော်လှန်ရေးဒီရေမှာကား
ပြည်တွင်း/ပြည်ပ  အခြေအနေမကောင်းလှပါ
ပြည်ပမှာလည်း တကွဲတပြား
ပြည်တွင်းမှာလည်း တကွဲတပြား
ပွဲလန့်စဉ် ဖျာယူပြေးချင်သူများလည်း ပေါလွန်းလာပါသည် ။

ပထမ/ဒုတိယ/တတိယအုပ်စု အစရှိသဖြင့်
ဘာအုပ်စု၊ ညာအုပ်စုများ
ဗမာ့နိုင်ငံရေးလောကအတွင်း ပေါ်ထွန်းနေပြီဟုလည်း
ထူးဆန်းစွာ ကြားသိရပါသေးသည် ။

အမှန်တကယ်တမ်း ဗမာ့နိုင်ငံရေးလောကတွင်
စစ်ခွေးနှင့် လူကောင်းဟူ၍
ရှင်းရှင်းလင်းလင်း နှစ်မျိုးနှစ်စားသာ ခွဲခြားမြင်ရပါသည်
ကျေးဇူးပြု၍ ဟိုလိုဒီလိုမလုပ်ဘဲ
မေးခွန်းနှစ်ခုအနက် အဖြေတစ်ခုကိုသာ ရွေးစေလိုသည်
သင်သည်
၁။ စစ်ခွေးအာဏာရှင်စနစ်ထောက်ခံသူလား (၂၀၁၀ ရွေးကောက်ပွဲကို သူလက်ခံသည်)
၂။ စစ်ခွေးအာဏာရှင်စနစ်ဆန့်ကျင်သူလား (၂၀၁၀ ရွေးကောက်ပွဲကို သူလက်မခံပါ)
စူးစမ်း၊ ကျော်ဝင်းနှင့် အခြားရွေးကောက်ပွဲဝင်/ထောက်ခံအုပ်စုတွေလိုတော့
ဝါးတားတား ရူးတူးတူး ယောင်တောင်တောင် သွားရေတမြားမြားလုပ်မနေပါနှင့်
အမှန်ကိုသာ စိတ်ထဲပါသည့်အတိုင်းဖြေပါလေ
ပြတ်သားရမည့်အချိန်ကား နီးသထက်နီးလာပြီ ။

ဒါနဲ့ စကားမပြတ်
ထပ်၍ သတိပေးချင်ပါသေးသည်
စက်တင်ဘာ နှစ်ပတ်လည် ရာသီ
ထောက်ခွေးများ အရမ်းသောင်းကျန်းနေ၏
သတိထားပါ
ကံမကောင်းက ခွေးအကိုက် ခံရနိုင်ပါသည် ။        ။

ဒေါက်တာချေဗားမား
(၂၈၊ စက်တင်ဘာ၊ ၀၀၉)

27 September 2009

HANTHAWADDY

၂ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟံသာဝတီသတင်းဌာန ကို ဖွင့်လှစ်လိုက်ကြောင်း အကြောင်းကြားခြင်း

သို့

နယ်ပယ်အသီးသီးမှ မိတ်ဆွေများရှင့်

၂ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်
ဟံသာဝတီသတင်းဌာနကို ဖွင့်လှစ်လိုက်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
 ကျွန်မတို့ ဟံသာဝတီသတင်းဌာနသို့
အယ်ဒီတာထံ ပေးစာအပါအ၀င်
သတင်း၊ ဆောင်းပါး (ဝေဖန်ချက်၊ ထင်မြင်ချက်) ကဗျာ၊ ဓါတ်ပုံ၊ ဗွီဒီယို ၊ ဟာသ ကာတွန်းများ ပေးပို့ကြပါရန်
ဖိတ်ခေါ်အပ်ပါသည်။
ပေးပို့သူများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

ဆက်သွယ်ရန်

info.hanthawaddy@gmail.com
editor.hanthawaddy@gmail.com

www.hanthawaddy.org