13 October 2009

BOOK REVIEW - IDEAL LEADER, The speech of Masoyein Taikthit Sayadaw Bhaddanta Razadhamar Bhivamsa

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး (၃)တိုက်တို့၏ အဓိပတိမဟာနာယကဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏
စံပြခေါင်းဆောင် (ဂဝေသီသုတ္တန်တရားတော်) စာအုပ်အမြည်း


(သာသနာ - ၂၅၅၃၊ ကောဇာ - ၁၃၇၁၊ ခရစ် - ၂၀၀၉၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမှ စစ်အဆိုးရ စာပေဆင်ဆာမတင်ဘဲ ထုတ်ဝေထားသည့် ဗမာ့နိုင်ငံရေးလောကအပါအ၀င် နေရာတိုင်း၌ စံပြခေါင်းဆောင် ရွေးချယ်တတ်စေနည်း စာအုပ်)

(မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး၊ ဘ၀ပျိုးဥယျာဉ်စာကြည့်တိုက်တွင် စံပြခေါင်းဆောင် စာအုပ်ကို လိုသလောက် ၀ယ်ယူရရှိနိုင်ပါကြောင်း)

စာမျက်နှာ (၁)

စံပြခေါင်းဆောင်
ဂဝေသီသုတ္တန်တရားတော်

(၁၃၅၂ - ခု၊ နှစ်ဆန်း(၁)ရက်နေ့၊ မန္တလေးမြို့၊ သာသနာပိုင်ရပ်ကွက်၊ ဆုတောင်းပြည့်ဓမ္မာရုံ၌ ဟောကြားသည်။)

၁၃၅၂ - ခု၊ ကနေ့ တန်ခူးလပြည့်ကျော် (၈)ရက်၊ နှစ်ဆန်း (၁)ရက်နေ့၊ ဒါ သာသနာပိုင်ရပ်ကွက်လား?၊ (မှန်ပါ) အေး သာသနာပိုင်ရပ်ကွက်၊ ဘာဓမ္မာရုံလို့ခေါ်တုန်း? (ဆုတောင်းပြည့်ဓမ္မာရုံပါဘုရား) အေး- သာသနာပိုင်ရပ်ကွက်၊ ဆုတောင်းပြည့်ဓမ္မာရုံ၌ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသဟောကြားအပ်သော အင်္ဂုတ္တိုရ်ပါဠိတော် (အံ၊၁၊၁၈၉/၁၉၂)၌ လာရှိသည့် ဂဝေသီသုတ္တန် စံပြခေါင်းဆောင်တရားတော်-

စာမျက်နှာ (၂) - (၃)

...အေး ထို့အတူပဲ ဒီရပ်ကွက်တွေ ဓမ္မာရုံတွေမှာ သင်းလုံးကျွတ် အစည်းအဝေးပွဲတွေ လုပ်ပြီးတော့ ဥက္ကဌတွေ ရွေးသလိုပဲ၊ ဟိုမြို့မှာလည်းပဲ မြို့အလျောက် နိုင်ငံမှာလည်းပဲ နိုင်ငံအလျောက် အဲဒီလို ခေါင်းဆောင်အသစ်တွေ ရွေးချယ်တဲ့ အလေ့အထ ဗမာပြည်မှာ ရှိတယ်၊ အဲဒီခေါင်းဆောင်သစ် ရွေးချယ်တဲ့ နေရာမှာ အခုဘုရားရှင် ဟောကြားထားတဲ့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ လာရှိတဲ့ ဂဝေသီသုတ္တန်ဆိုတာ မြတ်စွာဘုရားက ခေါင်းဆောင်သစ်ရွေးချယ်တဲ့နေရာမှာ စံပြခေါင်းဆောင် ရွေးချယ်တတ်အောင် အထူးသီးသန့်ပြီးတော့ ဟောကြားထားတဲ့ သုတ္တန်တစ်ခုဖြစ်တယ်ကွ၊ ဟုတ်လား။

အေး မောင်ဌေးတို့ မကြူကြူတို့၊ မင်းတို့က အင်မတန် ငယ်သေးတယ်၊ အဲဒီတော့ မင်းတို့လဲပဲ ခေါင်းဆောင်အသစ် ရွေးချယ်ချင်တယ်နဲ့ တူပါတယ်၊ ဟုတ်လား၊ အေး- "စံပြခေါင်းဆောင်" အမည်ရတဲ့ ဂဝေသီသုတ္တန်ကို မင်းတို့ကို ဟောမယ်၊....

စာမျက်နှာ (၁၅) - (၁၆)


... အဲဒီ သတ်ပစ်လိုက်တဲ့ ပဉ္စာနန္တရိယကံ ပိတုဃာတကကံပေါ့ကွာ၊ အဖကို သတ်တဲ့ကံကြောင့် အဇာတသတ်မင်းဟာ အခု လောဟကုမ္ဘီငရဲမှာ ဒုက္ခခံပြီးတော့ နေရတယ်၊

အဲဒီတော့ အဇာတသတ်မင်း လောဟကုမ္ဘီငရဲ ဒုက္ခခံနေရတာ ဘာကြောင့်လဲဆိုရင် ခေါင်းဆာင် အရွေးမှားလို့၊ ပရိသတ် ဘာဖြစ်လို့တုန်း? (ခေါင်းဆောင် အရွေးမှားလို့ပါဘုရား)၊ အဲ ခေါင်းဆောင် အရွေးမှားရင် အဲဒီလို တစ်သံသရာလုံး ဒုက္ခဖြစ်တတ်တယ် ဟုတ်လား၊

........အဲဒီ ခေါင်းဆောင်ရွေးခွင့် ကြုံတယ်လို့ ဆိုလို့ရှိရင် ခေါင်းဆောင်ရွေးမမှားဖို့ မလိုဘူးလားကွ (လိုပါဘုရား)၊ လိုတယ်မဟုတ်လား? ရဲရဲတင်းတင်းလျှောက်ပါကွ၊ မင်းတို့ ငါ အဇာတသတ်မင်းအကြောင်း ဒီမှာ ဘုရားဟောအတိုင်း ဟောနေတာပဲ ဟုတ်လား၊ ခေါင်းဆောင် အရွေးမမှားဖို့ မလိုဘူးလားကွ? (လိုပါဘုရား)၊ လိုတယ်နော်၊...

စာမျက်နှာ (၆၇) - (၆၈)

... ဘယ်နှစ်နာရီ ရှိပြီတုန်းကွ မင်းနာရီက၊ (ကိုးနာရီ ခွဲတော့မယ်ဘုရား) ဟင် ခွဲတော့မယ်၊ အေး ခွဲရင် ပြီးမယ်ကွ ဟုတ်လား၊ မင်း ကာဖြူး (curfew နေ၀င်းမီးငြိမ်း စသည် သတ်မှတ်ချိန်၌ အပြင်မထွက်ရ အမိန့်)ရှိတယ်ကွ၊ တော်ကြာနေ ငါ့ ပစ်သတ်ခံနေရရင် ဘယ့်နှယ်လုပ်မလဲ ဟုတ်လား၊ ဒီတော့ ခွဲရင်တော့ ပြီးမှ ဖြစ်မယ်နော်၊...

စာမျက်နှာ  (၇၁) - (၇၂)

.... ကြည့် ဂဝေသီဆိုတဲ့ ဥက္ကဌကြီးက မင်း သူတစ်ပါးအသက် သတ်ကြကွဲ့လို့ ပြောရဲ့လား? (မပြောပါဘုရား)၊ မပြောဘူး၊ တစ်ဆင့်တစ်ဆင့်နဲ့ ကောင်းအောင်ကျင့်တယ် ဟုတ်လား၊ ကောင်းအောင်ကျင့်ပြီးတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို သူ ရောက်သွားတယ်၊ သူရောက်သလိုပဲ နောက်က အဖွဲ့ဝင်ငါးရာ ရဟန်းတွေလည်းပဲ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရောက်ကုန်တယ်၊

... ဂဝေသီဖြစ်တဲ့ ဥက္ကဌ ရဟန်းက သူတို့ကို ဆုံးမတယ်၊

ရဟန်းတို့ မင်းတို့ အချင်းချင်း မေတ္တာထားပြီးတော့ နေကြကွယ် ဟုတ်လား၊ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်နေကြလို့ ဆုံးမတာဟုတ်ရဲ့လား? (မဟုတ်ပါဘုရား)

အေး- တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်အောင်လို့ ကတုံးကတိုက်လုပ်တယ်ဆိုရင် အဲဒါ စံပြခေါင်းဆောင် ဘယ်တော့မှ မဟုတ်ဘူး၊ ကျောင်းသားအချင်းချင်း ရန်ဖြစ်အောင် လုပ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ စံပြခေါင်းဆောင် မဟုတ်ဘူးနော်၊ ရဟန်းအချင်းချင်း ရန်ဖြစ်အောင် လုပ်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟဟာ စံပြခေါင်းဆောင် မဟုတ်ဘူး၊ လယ်သမားအချင်းချင်း ရန်ဖြစ်အောင်လုပ်တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ စံပြခေါင်းဆောင် မဟုတ်ဘူး။

အခု ဂဝေသီကတော့ နောက်လိုက်ငယ်သားရဟန်းတွေကို မင်းတို့ကွယ် အချင်းချင်း မေတ္တာထားပြီးတော့ နေကြဟဲ့၊ "ဒိဋ္ဌာ ၀ါ အဒိဋ္ဌာ ၀ါ" ပေါ့ကွာ၊ ဒို့ မေတ္တသုတ်ထဲမှာ လာတဲ့အတိုင်းနော်၊...... အဲဒီ မေတ္တသုတ္တန်အတိုင်း နေကြဟဲ့လို့ ဂဝေသီက ရဟန်းတော်တွေကို ဆုံးမတယ် ဟုတ်လား၊ ...

စာမျက်နှာ (၇၇) - (၇၈)

... အေး- ခေါင်းဆောင်သစ် ရွေးချယ်တဲ့နေရာမှာ သာရိပုတြာတို့ မောဂ္ဂလာန်တို့လို အားမနာတမ်း ရွေးချယ်ဖို့ကော မကောင်းဘူးလား၊ ကောင်းတယ်ကွ၊ အခုတော့ ဒို့ဗမာပြည်က အားနာသလိုလို ဘာလိုလိုနဲ့ ဒါတွေကလည်း တော်တော်ရှိတယ် ဟုတ်လား၊ အေး- ခေါင်းဆောင်ဟောင်းကို အားနာသလိုလို ဘာလိုလို၊ မင်း သာရိပုတြာတို့ မောဂ္ဂလာန်တို့ဟာ ခေါင်းဆောင်ဟောင်းကို အားနာနေရင် နိဗ္ဗာန်ရပါ့မလား၊ မရဘူး၊ ခေါင်းဆောင်ဟောင်းကို အားမနာဘဲနဲ့ ပြတ်ပြတ်သားသား ခေါင်းဆောင်သစ် ရွေးချယ်တဲ့အတွက် သူတို့ဟာ တစ်မဂ် တစ်ဖိုလ် နိဗ္ဗာန်ကို ရတာ ဟုတ်ရဲ့လား၊

အဲဒီတော့ ဒို့ လောကီရေးရာမှာပဲ ဖြစ်စေ လောကုတ္တရာရေးရာမှာပဲ ဖြစ်စေ ခေါင်းဆောင်သစ် ရွေးချယ်ကြတယ်ဆိုရင် ဒီခေါင်းဆောင်ဟောင်းရဲ့ လမ်းညွှန်ချက်ဟာ ပန်းတိုင်ကို မရောက်နိုင်ဘူးလို့ဆိုရင် အဲဒီ ခေါင်းဆောင်ဟောင်းကို အားနာနေဖို့ မလိုဘူး၊ သံယောဇဉ်ဖြစ်နေဖို့လည်း မလိုဘူး ဟုတ်လား၊ အေး- ဒီ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်လို့ လမ်းညွှန်ပေးနိုင်တဲ့ ခေါင်းဆောင်အသစ် စံပြခေါင်းဆောင် အဲဒီ ပုဂ္ဂိုလ်မျိုး ရွေးချယ်ပေးဖို့ မကောင်းဘူးလား၊

အခု ဒီမှာ ဂဝေသီ တဖြည်းဖြည်း ကျင့်ကြံသွားပုံကို ကြည့်၊ သူက ငါးပါးသီလ ဆောက်တည်တယ်၊ ကောင်းတဲ့ အလုပ် လုပ်တယ် ဟုတ်လား၊ သူ ငါးပါးသီလ ဆောက်တည်တော့ နောက်လိုက်အဖွဲ့ဝင်တွေလည်း ငါးပါးသီလ မဆောက်တည်ဘူးလား၊ ဥက္ကဌက ကောင်းတော့ အသင်းသူအသင်းသား အဖွဲ့ဝင်အားလုံးလည်း ကောင်းလာတာပေါ့ကွ၊ ဒါသဘာဝပဲ ဟုတ်လား၊ ...


စာမျက်နှာ (၈၂) - (၈၃)


၁၃၇၀- ခု၊ သီတင်းကျွတ်လဆန်း (၇)ရက်နေ့
မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲ
သြ၀ါဒကထာ

ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ဟောကြားထားတဲ့ ဆုံးမထားတဲ့ စကားရှိတယ်။
သြ၀ါဒေယျ - မျက်မှောက်ဆုံးမရာ၏၊
အနုသာသေယျ - မျက်ကွယ်ဆုံးမရာ၏၊
သြ၀ါဒေယျ - တစ်ကြိမ်ဆုံးမရာ၏၊
အနုသာသေယျ - အကြိမ်ကြိမ်ဆုံးမရာ၏၊
အဲဒီ ဘုရားရှင်တိုင်း ဟောကြားထားတဲ့ ဒေသနာတော်အတိုင်းပဲ မင်းတို့ မြတ်စွာဘုရားက သြ၀ါဒပေးတယ် သြ၀ါဒယူတယ်ဆိုတာ အင်မတန်ကို ကျေနပ်တယ်၊

အသဗ္ဘာ စ နိဝါရယေ - အကုသိုလ်အဘို့မှလည်း တားမြစ်ရမယ်၊ အကုသိုလ်မဖြစ်အောင် တားဖြစ်ရမယ်၊ အဲဒါ ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ဟောကြားထားတဲ့ အဆုံးအမ။

ဒီတော့ မင်းတို့ ဦးဇင်းတွေ ကိုရင်တွေဆိုတာ သင်္ကန်းဝတ်ထားတဲ့ ပုဂ္ဂိုလ်တွေ၊ သမဏတဲ့ သမဏဆိုတာ ဘာတုန်း? ပါပေ သမေတီတိ သမဏော၊
ပါပေ - မကောင်းမှု အကုသိုလ်တို့ကို။ သမေတိ - ငြိမ်းစေတတ်၏ ငြိမ်းအောင်လုပ်တတ်၏။ ဣတိ - ထို့ကြောင့်။ သမဏော - သမဏမည်၏ ရဟန်းမည်၏။ ...

စာမျက်နှာ (၉၉)


... မင်းတို့ နိုင်ငံက ရှင်းရှင်းပြောမယ်၊ လူကြီးရော လူငယ်ရော အကုန်လုံး အူချောင်ချောင်တွေ များတယ်၊ ဟုတ်လား၊ တစ်ယောက် ပါတီထောင်တယ်ဆိုရင် အဟုတ်မှတ်ပြီးတော့ ပါတီထောင်၊ အဲသလိုကိုက များနေတယ်၊ အဲဒါ မှတ်ထား၊ ...

စာမျက်နှာ (၁၀၁)

ဒို့ဗမာ နိုင်ငံမှာလည်း ခုနက "ဥဒါန စရိတာနံ တု၊ ၀သုဓေ၀ ကုဋုမ္ဗကံ" ဆိုတဲ့အတိုင်းပဲ ၀သုဓာ - မြေတစ်ပြင် လုံးမှာရှိတဲ့ မြန်မာပြည် တစ်ပြည်လုံးမှာ ရှိတဲ့ လူသားအားလုံးသည် ကုဋုမ္ဗကံ ကုဋုမ္ဗကံ ဧ၀ - ငါတို့ရဲ့ မိသားစုကြီး တစ်ခုတည်းသာတည်း။ ငါတို့ရဲ့ အိမ်ထောင်စုကြီး တစ်ခုတည်းသာတည်း- လို့ စိတ်ထားပြီးတော့ ငြိမ်းချမ်းရေးတရားဟောဖို့ တိုက်တွန်းရင်း ငါရဲ့ သြ၀ါဒ ကထာကို နိဂုံးချုပ်ပါတယ်၊

(သာဓု သာဓု သာဓု)

---------------------------------------------------
Related Previous Article;
IDEAL LEADER by Masoeyein Sayadawgyi Badanta Yarza Dammã Biwuntha

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နှင့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စအသံများ ဆူညံလာချိန် မစိုးရိမ်အဓိပတိမဟာနာယကဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ စံပြခေါင်းဆောင် (ဂဝေသီသုတ္တန်တရားတော်) စာအုပ် ပြည်တွင်း၌ ထွက်ရှိ

1 comment:

saw said...

Bloody true speech of Sayadaw! I wanna read this book but can buy because I'm away from myanmar.Thank you for sharing such a good book. I can accept my idea of what is a real monk by reading this book. I can confirm who is a real monk. All monks of Sept Suffaron are real monks, sons of Buddha. I pay respect all monks of myanmar from this blog.