21 November 2008

UINITY IS STRENGTH!

Time to Unite
(ပေါင်းစည်းညီညွတ်ကြဖို့ အချိန်တန်ပြီ)
Sit Ko Naing

(An Article From - http://saveburma.sosblog.com/Burma-political-blog-b1/Time-to-Unite-b1-p50370.htm)


It has been a long time that i did not write a post on my blog as i was really busy with my studies. However, there were a lots of changes in Burma during these days like sentencing 65 years to 88 students leaders. Moreover, they put lawyers who do cases for NLD and opposition leaders into jails

Where is the justice ? Absolutely there is no such thing in our country at the moment as they do whatever they want. Unfortunately, exiles people are not united at this stage. We heard a lots of disagreement between NCGUB and MPU. Here, i would like to advise to those people that we look forward to get democracy so we should focus on what we can do to make changes in our country rather than chasing for position in an organization like NCGUB. History will decide everything. You do not need to worry about what others did but you should concentrate on what you can do for our country.

Sadly, some people (i don't mean all) i saw on exile are earning money for themselves from fund raising activities for our country. How bad it is ? I am sure that some of the people do their best.

What is the plan next for our country?

2010 election is coming soon ?

Will we do together or separately ?

There are thousands of political prisoners there in our country and millions of people are suffering and waiting the period of change.

What can we do ?

There is only one solution to these questions ?

" We have to unite and make a respectable organization exile which links to all other countries and people in our country, Burma"

Therefore, It is the time to pay respect each other and forgot about personal problems and looking forward about future of our country. And then we can make an important decision at least for our country.

Sit Ko Naing

---------------------------------------------------------------------------------------------------------------
ပေါင်းစည်းညီညွတ်ကြဖို့ အချိန်တန်ပြီ
စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)

ကျွန်တော်လည်း သင်ယူမှုဆိုင်ရာကိစ္စတွေနဲ့ အတော်ကြီး နပန်းလုံးနေရလို့ ဘလော့ဂ်မှာတောင် စာမရေးဖြစ်တာ တော်တော်ကြာသွားပါပြီ။
ဒါပေမဲ့ ဒီရက်ပိုင်း ဗမာပြည်တွင်းမှာ တရစပ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကြောင့် ဒီစာကို ကျွန်တော် ရေးဖြစ်သွားတယ်။

ခင်ဗျားတို့ သိပြီးဖြစ်တဲ့အတိုင်း ဒီရက်ပိုင်းအတွင်းမှာ စစ်အဆိုးရက ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ထောင်ဒဏ် (၆၅)နှစ်စီချမှတ်လိုက်တယ်။ ဒါ့အပြင် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ NLD ပါတီဝင်တွေနဲ့ အစွပ်စွဲခံ နိုင်ငံရေးခေါင်းဆောင်တွေဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီးတွေကိုပါမချန် စစ်အဆိုးရက ထောင်သွင်း အကျဉ်းချပစ်လိုက်ပြန်တယ်။

ကဲ...ဘယ်မှာလဲ တရားမျှတမှု။
စစ်အဆိုးရက သူတို့ စိတ်ထဲ ထင်ရာမြင်ရာ၊ လုပ်ချင်ရာ စွတ်လုပ်နေတဲ့ အခုလိုအချိန်အခါမျိုးမှာ တရားမျှတမှုဆိုတာ ကျွန်တော်တို့ ဗမာပြည်တွင်းမှာ လုံးဝ ပျောက်ဆုံး၊ ပျက်သုဉ်းသွားပါပြီ။

ဒီအခါမှာ လူမိုက်(စစ်အဆိုးရ) ကံကောင်းဖို့ဖြစ်နေစေတဲ့ အချက်တစ်ချက်ကို ဘွားကနဲ သွားတွေ့လိုက်ရတယ်။ အဲဒါကတော့ ပြည်ပရောက်နေတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေဟာ အခုအချိန်ထိ အချင်းချင်း စည်းလုံးညီညွတ်မှုမရှိ၊ ပေါင်းစည်းလို့ မရနိုင်သေးတာပါပဲ။ ဥပမာ- NCGUB နဲ့ MPU အဖွဲ့တွေကြားမှာဖြစ်နေတဲ့ ငြင်းခုန်၊ ကွဲလွဲ၊ ရန်စောင်မှုသတင်းတွေကို အများကြီး ကျွန်တော်တို့ ကြားနေရတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခု အကြံပေးလိုတာကတော့ ဒီလိုတွေ ငြင်းခုန်ကွဲလွဲရန်စောင်နေမယ့်အစား၊ NCGUB အစရှိသော ပြည်ပရောက် အဖွဲ့အစည်းတွေမှာ နေရာတစ်နေရာရဖို့ လုပ်နေကြမယ့်အစား (ရှင်းရှင်းပြောရရင်) နေရာလု၊ ခွက်စောင်းခုတ်နေကြမယ့်အစား ကျွန်တော်တို့ဟာ ကိုယ့်ဗမာပြည် ဒီမိုကရေစီရရှိဖို့အရေး၊ ကိုယ့်တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်ဖို့အရေးအတွက် ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ ရှေးရှုလုပ်ကြဖို့ အထူးအာရုံစိုက်ရမယ့် အချိန် ရောက်နေပါပြီ။

သမိုင်းကပဲ အရာရာကို ဆုံးဖြတ်သွားပါလိမ့်မယ်။
တကယ်တော့လည်း အခြားသူတွေ ဘယ်ခြေလှမ်းလှမ်းနေမှာပဲဆိုပြီး စိုးရိမ်တွေးတောပူပန်နေတာထက် ကိုယ့်တိုင်းပြည်အတွက် ခင်ဗျားဘာလုပ်ပေးနိုင်မလဲဆိုတာကို ပိုပြီးအာရုံစိုက်သင့်ပါပြီ။

ဝမ်းနည်းဖို့ကောင်းတဲ့၊ ကျွန်တော်မြင်နေရတဲ့အချက်တစ်ချက်ကို ပြောရရင် ပြည်ပရောက် အချို့သော အတိုက်အခံနိုင်ငံရေးသမားတွေ (အားလုံးကို မဆိုလိုပါ) ဟာ ဗမာပြည်အတွက်၊ ဗမာပြည်အတွက် ဟစ်ကြွေးပြီးသကာလ ပြည်ပမှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေနိုင်ဖို့အတွက် ၀င်ငွေတွေထပ်ထပ်တိုးအောင်သာလုပ်ပြီး ကိုယ်ကျိုးရှာနေကြတာပါ။ ကဲ...ဘယ်လောက်ဆိုးတဲ့ အဖြစ်လဲ။ ဘယ်လောက်စိတ်ပျက်စရာ ကောင်းသလဲ။
ဒါပေမဲ့ တိုင်းပြည်အတွက် အကောင်းဆုံး ဆောင်ရွက်၊ လုပ်ကိုင်နေတဲ့ ပြည်ပရောက် အတိုက်အခံနိုင်ငံရေးသမားတွေလည်း မရှိမဟုတ်ပါဘူး။ ရှိပါတယ်။

ကဲ...အခု ကျွန်တော်တို့ ဗမာပြည်အတွက် နောက်ထပ် ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီလဲ။

၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကလည်း မကြာခင် တကယ် ရောက်လာတော့မှာလား။

စစ်အဆိုးရကို ကျွန်တော်တို့အချင်းချင်း စုပေါင်း၊ စုစည်းပြီး တိုက်မလား၊
အခုလိုပဲ အယူအဆအမျိုးမျိုး၊ အဖွဲ့အမျိုးမျိုးခွဲပြီး ကွဲပြီး တကွဲတပြား တိုက်မလား။

ပြည်တွင်းမှာတော့ များစွာသော အတိုက်အခံ နိုင်ငံရေးသမားတွေဟာ ထောင်ထဲကို ၀င်ပြီးရင်း ၀င်နေကြရတယ်။ ကျန်တဲ့ သန်းပေါင်းများစွာသော ဗမာပြည်သူပြည်သားတွေခမျာမှာတော့ ပြောင်းလဲမှုကို မျှော်လင့်စောင့်စားရင်းနဲ့သာ ရင်မောပြီးရင်း မောနေကြရတယ်။

“ပြည်ပရောက်နေတဲ့ ခင်ဗျားတို့၊ ကျွန်တော်တို့တွေ သူတို့တွေအတွက် ဘာလုပ်ပေးနိုင်သလဲ။”

ဒီနောက်ဆုံးမေးခွန်းအတွက် အဖြေဟာ တစ်ခုပဲ ရှိတယ်။

"ကျွန်တော်တို့အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ပေါင်းတိုက်မှ ရတော့မယ်။ ဗမာပြည်ပြင်ပ တိုင်းပြည်အသီးသီးမှာရောက်နေတဲ့ အတိုက်အခံတွေရော၊ ပြည်တွင်းမှာရှိတဲ့ အတိုက်အခံတွေရောနဲ့ပါ အားလုံးချိတ်ဆက်စုပေါင်းထားတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းကြီးတစ်ခုကို ကျွန်တော်တို့ ညီညွတ်စွာ ပေါင်းဖွဲ့မှရတော့မယ်" ဆိုတာပါပဲ။

ဒါကြောင့်မို့လို့ ဒီအချိန်ဟာ အတိုက်အခံတွေအချင်းချင်း တစ်ဦးကို တစ်ဦး ရိုသေလေးစားပြီး၊ ကိုယ်ရေးကိုယ်တာ ပုဂ္ဂလိက ခံစားချက်ပြဿနာတွေကို မေ့ဖျောက်ထားပြီး ဗမာပြည်ရဲ့ အနာဂတ်အတွက် ရှေ့ခရီးဆက်ရမယ့် အချိန်ကို ရောက်နေပါပြီ။
အဲဒါမှသာ ကျွန်တော်တို့ဟာ တိုင်းပြည်အတွက် အရေးပါအရာရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်နဲ့ အောင်မြင်ပေါက်မြောက်အောင် ဆုံးဖြတ်ချမှတ်နိုင်ပါလိမ့်မယ်။ ။

စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)

20 November 2008

GUNS ABOVE THE LAW (a List)

မတရား အနိုင်ကျင့်ခြင်း ခံလိုက်ရသူများ

(http://www.zaunglay.co.cc/ မှ ကူးယူထပ်ဆင့်ဖော်ပြသည်)

စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း


၁ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၂ နီလာသိန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၃ သင်းသင်းအေး (ခ) မီးမီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၎ သက်သက်အောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၅ အံ့ဖွယ်ကျော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၆ ကိုမင်းဇေယျ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅နှစ်
၇ ကိုဇော်ဇော်မင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၈ ကိုသန်းတင် (ခ) ကြည်သန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၉ ကိုဇေယျ (လူ့ဘောင်သစ်) ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၀ ကိုကျော်ကျော်ထွေး (ခ) မာကီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၁ ကိုပဏ္ဍိတ်ထွန်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၂ ကိုသက်ဇော် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၃ မစန္ဒာမင်း (ခ) ရွှီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၄ မမာမာဦး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ၆၅ နှစ်
၁၅ ဦးနန္ဒ (ခ) သန်းထွဋ်အေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၆ ဦးအဂ္ဂဓမ္မ (ခ) ဖိုးသက် ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၇ ဦးဝိလာသက္က (ခ) လှထွေး ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၈ ဦးဇာနေယ (ခ) ဥာဏ်ဝင်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၁၉ ဦးဣသရိယ (ခ) အောင်ကိုငြိမ်း ၁၁ နိုဝင်ဘာ ရဟန်း၊ ငွေကြာယံကျောင်း၊ ၆ နှစ်ခွဲ
၂၀ ပြည့်ဖြိုးလှိုင် (ခ) အသည်းလေး ၁၁ နိုဝင်ဘာ တက္ကသိုလ်ကျောင်းသား၊ ၂၄ နှစ်
၂၁ သိန်းဇော် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၂ ပြည့်ဖြိုးအောင် (ခ) နန်းမူ ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၃ အောင်မျိုးပိုင် (ခ) အရိုး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၄ ဖြိုးမောင်မောင်စိုး (ခ) ဖြိုးကြီး ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၅ ကို နေလင်းအောင် ၁၁ နိုဝင်ဘာ ၂၂ နှစ်
၂၆ သီဟ သက်တင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၇ သီဟ အောင်အောင် ၁၁ နိုဝင်ဘာ ၈ နှစ်
၂၈ ဥာဏ်လင်းထွဋ် ၁၁ နိုဝင်ဘာ ၁၀ နှစ်
၂၉ အောင်သွင် (ခ) အောင်ကြီး ၁၁ နိုဝင်ဘာ ၂ နှစ်
၃၀ ကိုမြဇံ ၁၁ နိုဝင်ဘာ ၂ နှစ်
၃၁ ကိုတင်ဆန်း ၁၁ နိုဝင်ဘာ ၂ နှစ်
၃၂ ဦးအောင်မြင့် ၁၁ နိုဝင်ဘာ ၂ နှစ်
၃၃ ကိုအောင်ဇော်ဦး (ဘိုကလေး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၂ နှစ်
၃၄ မောင်ကံ (၀ါးခယ်မ) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၅ ကိုအောင်ကျော်စိုး (တောင်ကြီး) ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၊ ၁၀ နှစ်
၃၆ ဂီတမှူး ကိုဝင်းမော် ၁၁ နိုဝင်ဘာ ဂီတမှူး၊ ၇ နှစ်
၃၇ ဘိုဘိုဝင်းလှိုင် ၁၁ နိုဝင်ဘာ စုစုနွေး အမှုတွဲ၊ ၈ နှစ်
၃၈ စုစုနွေး ၁၁ နိုဝင်ဘာ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူ၊ ၁၂ နှစ် ၆ လ
၃၉ ကိုသန်းနိုင် ၁၁ နိုဝင်ဘာ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသူ၊ ၆ နှစ်
၄၀ နေဘုန်းလတ် ၁၀ နိုဝင်ဘာ ဘလော့ဂ်ဂါနှင့် အင်အယ်လ်ဒီလူငယ် အဖွဲ့ဝင်၊ ၂၀ နှစ်
၄၁ သင်းဇူလိုင်ကျော် ၁၀ နိုင်ဝင်ဘာ နေဘုန်းလတ်အမှုတွဲ၊ ၂ နှစ်
၄၂ စောဝေ ၁၀ နိုဝင်ဘာ ကဗျာဆရာ၊ ၂ နှစ်
၄၃ ညီညီထွေး ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၄၄ မင်းကိုနိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၅ ကိုကိုကြီး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၆ လှမျိုးနောင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၇ ဌေးကြွယ် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၈ မြအေး ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၄၉ ဥာဏ်လင်း ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၀ ပြုံးချို ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်သူ ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၁ အောင်နိုင် ၁၁ နိုဝင်ဘာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ၆၅ နှစ်
၅၂ ဦးတင်ယု ၁၃ နိုင်ဝင်ဘာ အင်အယ်လ်ဒီပါတီ၊ ၇ နှစ် ၆ လ
၅၃ ကိုသန်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၄ မလှလှမော် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၅ ကိုစိုးမင်းမင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၆ ကိုသန့်စင်မျိုး ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၇ ကိုကျော်စိုးဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၈ ကိုဆန်းဝင်း ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၅၉ ကိုအောင်မင်းနိုင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၀ ဦးဝင်းမြင့် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၁ ကိုမျိုးကျော်ဇင် ၁၃ နိုင်ဝင်ဘာ ၇ နှစ် ၆ လ
၆၂ ရန်နိုင်ထွန်း ၁၃ နိုင်ဝင်ဘာ ကြည့်မြင်တိုင် အင်အယ်လ်ဒီပါတီဝင်၊ ၇ နှစ် ၆ လ
၆၃ ဦးအောင်သိန်း ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၄ ဦးခင်မောင်ရှိန် ၇ နိုဝင်ဘာ အဖွဲ့ချုပ်ရှေ့နေ၊ ၄ လ
၆၅ စောကျော်ကျော်မင်း ၂၉ အောက်တိုဘာ ရှေ့နေ၊ ၆ လ
၆၆ ကျော်ဇင်ဝင်း ၁၄ နိုဝင်ဘာ ၁၆ နှစ်
၆၇ ကျော်ကျော်လင်း ၁၄ နိုဝင်ဘာ ၁၃ နှစ်
၆၈ ကြည်ကြည်ဝါ ၁၄ နိုဝင်ဘာ ၁၁ နှစ်
၆၉ နေဇာမျိုးဝင်း ၁၄ နိုဝင်ဘာ ဒေါပုံ ၊ ၅ နှစ်
၇၀ အောင်ဇော်ဦး ၁၄ နိုဝင်ဘာ တောင်ကြီး၊ ၅ နှစ်
၇၁ ကိုသန်းဇော်မြင့်၊ ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၂ ကိုစန်းဝင်း ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၃ ကိုသန့်ဇင်မျိုး ၁၄ နိုဝင်ဘာ လှိုင်သာယာ အင်အယ်လ်ဒီ၊ ၉ နှစ် ၆ လ
၇၄ ဒေါ်ငယ်မ ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၅ ကျော်စိုးဝင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၆ ကိုသိုက်မင်း ၁၄ နိုဝင်ဘာ ၇ နှစ် ၆ လ
၇၇ ဦးရွှေမောင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၈ ကိုဝဏ္ဏအောင် ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၇၉ ကိုဇော်ဝင်း ၁၄ နိုဝင်ဘာ မန္တလေး အင်အယ်လ်ဒီ ၄ နှစ်
၈၀ ကိုတင်ဝင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၁ ကိုညီညီမင်း ၁၄ နိုဝင်ဘာ ဒဂုံမြို့နယ်၊ ၂ နှစ်
၈၂ အိမ့်ခိုင်ဦး ၁၄ နိုဝင်ဘာ သတင်းထောက်၊ ၂ နှစ်
၈၃ ကျော်ကျော်သန်း ၁၄ နိုဝင်ဘာ အိမ့်ခိုင်ဦးနှင့် အတူဖမ်းခံရသူ၊ ၇ နှစ်
၈၄ မင်းဟန် ၁၃ နိုဝင်ဘာ ကဗျာဆရာ၊ ၁၁ နှစ်
၈၅ မျိုးရန်နောင်သိန်း ၁၃ နိုဝင်ဘာ ၂ နှစ်
၈၆ မင်းမင်းစိုး ၁၃ နိုဝင်ဘာ ၂ နှစ်
၈၇ ဟန်နီဦး ၁၃ နိုဝင်ဘာ ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၉ နှစ်ခွဲ
၈၈ ဝေလွင်မျိုး ၁၃ နိုဝင်ဘာ ၇ နှစ် ၆ လ
၈၉ ဦးမျိုးခင် ၁၃ နိုဝင်ဘာ ရန်ကင်း အဖွဲ့ချုပ် ဥက္ကဌ၊ ၄ နှစ် ၆ လ
၉၀ ကိုမျိုးခိုင် ၁၃ နိုဝင်ဘာ ၄ နှစ် ၆ လ
၉၁ ကိုထင်ကျော် ၁၇ နိုဝင်ဘာ မြန်မာနိုင်ငံတိုးတက်ရေးကော်မတီ (MDC)၊ ၁၂ နှစ် ၆ လ
၉၂ ကြည်ဖြူမောင် ၆ နှစ် ၆ လ
၉၃ ကိုဇင်လင်းအောင် ၆ နှစ် ၆ လ
၉၄ မျိုးသန့် (ခ) ဂျွန်နော်သန် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ၊ ၆ နှစ် ၆ လ
၉၅ ရဲမြတ်ဟိန်း အင်အယ်လ်ဒီ၊ ၆ နှစ် နှင့် ၁၀ နှစ်
၉၆ ရဲမင်းဦး အင်အယ်လ်ဒီ၊ ၆ နှစ်
၉၇ ကိုသိန်းဆွေ (ခ) မင်းစိုး အင်အယ်လ်ဒီ၊ ၆ နှစ်
၉၈ စည်သူမောင် (ခ) ရာပြည့် ဗကသ ကျောင်းသား ခေါင်းဆောင်၊ ၁၁ နှစ် မဇ္ဈိမသတင်းဌာန


18 November 2008

LESSONS

သံဝေဂ ရစရာ ပုဂ္ဂိုလ်နှစ်ဦး

16 November 2008

TODAY MANDALAY = A CHINA TOWN

"ကျွန်တော်တို့မိတ်ဆွေတွေကို ကြည်ညိုစွာမြင်လိုက်ချင်"
အောင်ဘာလေ
( MANDALAY ICON MAGAZINE - http://mandalayicon.com မှ ကူးယူဖော်ပြသည်)


ဟောဒီ မန္တလေးသူ၊ မန္တလေးသားတွေ နေ့တိုင်း နေ့တိုင်း နေလုံးကို ကျောပိုးပြီး မြို့တော်ကြီးထဲ လာကြတယ်။ ဟောဒီမန္တလေးသား၊ မန္တလေးသူတွေ နေ့တိုင်းနေ့တိုင်း နေလုံးကို ကျောပိုးပြီး မြို့တော်ကြီးထဲက ပြန်ကြရတယ်။

* စက်ဘီးတစ်စင်း လူတစ်ယောက်။
* စက်ဘီးတစ်စင်း လူနှစ်ယောက်။
* စက်ဘီးတစ်စင်း လူသုံးယောက်။
* တစ်ယောက်က ဝမ်းကြာတိုက်ထဲမှာပေါ့။

ကိုယ်ပိုင်စက်ဘီးလည်းပါတယ်။ နေ့တွက်နဲ့ ငှားလာတဲ့ စက်ဘီးတွေလည်းပါတယ်။ ခွေတစ်ဘက်ကပ်နေတဲ့ စက်ဘီး။ ခွေတွေ သံချေးကိုက် နေတဲ့ စက်ဘီး။ ဟပ်ဘောတွေ ကျောက်ပေါက်မာထနေတဲ့စက်ဘီး။ စပုတ်တံ မစုံတဲ့စက်ဘီး။ မတ်ဂတ်က သံစုံမြည်နေတဲ့ စက်ဘီး။ ကျွတ်အဖာတစ်ရာ ကွန်ပေါင်း တာယာနဲ့ စက်ဘီး။ ရှေ့ဘရိတ်ပါးပါး၊ နောက်ဘရိတ်အားထားတဲ့စက်ဘီး။ စိန်ပန်းဘီး၊ မြင်းခြံဘီး၊ တရုတ်၊ ကုလား၊ သင်္ဘောကျစက်ဘီးပေါင်းစုံက ဘဝပေါင်းစုံကို တင်ဆောင်ပြီး ဒီဝီဇံတပ်မကြီးတွေအလား အားကောင်းမောင်းသန် လာနေကြတယ်။

လုပ်ငန်းခွင်ကို အချိန်မီရောက်ဖို့။ ငါးမိနစ်နောက်ကျရင် နေ့တွက်ထဲက ကျပ်နှစ်ရာတိတိဖြတ်မယ်တဲ့။ ကျပ်နှစ်ရာကို စာဖွဲ့နေရသူများ မောင်းသန် အားကောင်း နင်းလာနေကြပြီ။

စလင်းဘတ်လွယ်သူ၊ လွယ်အိတ်စလွယ်သိုင်းသူ၊ ခြင်းတောင်း စက်ဘီးလက်ကိုင်မှာ ချိတ်သူ၊ လျှာထိုးဦးထုပ်ဆောင်းသူ၊ ဂျုံရိုး ခမောက်ဆောင်းသူ၊ သံပုရာခွံဦးထုပ်ဆောင်းသူ တက်သုတ်ရိုက်လာနေကြတယ်။

သူတို့ ဦးထုပ်အောက်မှာ အနာဂတ်အတွက် စိတ်ကူးတွေ တစ်လှေကြီး။ မနက်ဖြန်အတွက် အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ပေါ့။ ကြံကောင်း စည်ရာတွေလည်း တနင့်တပိုးကြီး။

ဖာဂူဆင်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်၊ ဖာဂူဆင်ကို အဝါကတ်ပြထားသူတွေလည်း ပါကြတယ်။ စိုင်းစိုင်းခမ်းလှိုင်ကို လည်မှာဆွဲထား သူတွေလည်းပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေကို ဘိန်းစွဲသလို စွဲနေသူတွေလည်း ပါတာပေါ့။

ညောင်ပင်ဈေးပလာဇာက တီရှပ်ဝတ်သူလည်းပါသလို အင်ဂျင်ဝိုင်ကြော်ငြာ ဝတ်ထားသူတွေလည်း ပါတယ်။ နေကြာစေ့ကြော်ငြာ တီရှပ်ဝတ်ထားသူ တွေပါသလို ကော်ဖီမှုန့်တံဆိပ် တီရှပ်လည်းပါတယ်။ တိုင်းရင်းဆေးစွပ်ကျယ် ချိုင်းပြတ်လေးလည်း ပါလိုက်သေးတယ်။

သူတို့ဗိုက်ထဲမှာ ပိစပ်ရွက်တွေရှိလိမ့်မယ်။ သူတို့ဝမ်းထဲမှာ စူလာနဖာရွက်တွေရှိမှာ အသေအချာပဲ။ သူတို့အစာအိမ်ထဲမှာ သံမနိုင် ကျောက်မနိုင် သတ္တုရည်တွေလည်း ရှိနိုင်သေးတယ်။

မြို့သစ်လေးရဲ့ အစပထမသိပ္ပံလမ်းမကြီးရဲ့ လမ်းနဘေးဝဲယာက အဆောက်အဦတွေက သူတို့ကို ဂရုမစိုက်ကြပေမယ့် သူတို့ကတော့ အဲဒီ အဆောက်အဦးတွေကို မမေ့ကြပါဘူး။

အို . . . . . စံပြ

* သိုးခြံ၊ အင်းခရု
* မြရည်နန္ဒာ၊ ကန်သာယာ၊ အောင်ပင်လယ်
* အောင်သာယာ၊ ထန်းကိုးပင်၊ သင်ပန်းကုန်း၊
* စက်မှုမှ ကျွန်တော်တို့ မိတ်ဆွေများ။

လူမှန်ရင် စက်ဘီးတစ်စင်းနဲ့ ထမင်းချိုင့်တစ်လုံးတော့ ပိုင်ဆိုင်ရမယ်လို့ ကျွန်တော်တို့ မိတ်ဆွေများရဲ့ဘဝကများ ပြဋ္ဌာန်းခဲ့လေသလား။ သိပ္ပံ ဆန်ကိုစားပြီး သိပ္ပံလမ်းမကြီးပေါ်မှာ နေ့စဉ်ရက်ဆက် စက်ဘီးကို အိမ်ထောင်ဖက်လုပ်ပြီး သွားလာဖြတ်သန်းနေကြတဲ့ မိတ်ဆွေများ သိပ္ပံကျောင်းဆိုတာရော ကြားဖူးပါရဲ့လား။

ဟိုက်ဒရိုဂျင်နှစ်ဆနဲ့ အောက်ဆီဂျင်တစ်ဆပေါင်းခဲ့ရင် ရေဖြစ်သတဲ့လေ။ ဒါတွေ ငါတို့မသိ၊ အလုပ်ရှိရင် ရေရှိမယ်။ ရေရှိရင် ထမင်း ရှိမယ်။ အဲဒါပဲ ငါတို့သိတယ်။

အလို . . . . သိပ္ပံလမ်းမကြီးပေါ်မှာ ဝိဇ္ဇာနည်းကျ သြဠာရိကဆရာတွေ၊ ကြွေဗေဒင်ဆရာလည်းပါတယ်။ လက်သမားဆရာ၊ အကြော ပြင်ဆရာ၊ နယ်လှည့်ဓာတ်ပုံဆရာ၊ လေးဘီးဆရာ၊ ပန်းရံဆရာ ၊ ဆိုက်ကားဆရာ၊ အဖျော်ကောင်းတဲ့ တီးဆရာလည်းပါ။ ဆရာ, . . . . . ဆရာ. . . . ဆရာတွေ သူတို့ဘဝတွေကို ဝဇ္ဇာနည်းလည်းမက၊ သိပ္ပံနည်းလည်းမကျ ကြုံသလိုဖြေရှင်းနေကြတယ်။

မိတ်ဆွေတို့ရဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး ကစားကွက်မှာ လှေကားကတိုတို၊ အစင်းရေကနည်းနည်း၊ မြွေတွေက ရှည်ရှည်၊ အကောင်ရေက များများ၊ ဘဝအံစာတုံးကို မာရ်နတ်က တစ်တွေချည်း ထွင်းခဲ့ပါလိမ့်။

ကမ္ဘာပြားပြီတဲ့လား။ မဟုတ်သေးပါဘူး။ ရေနီမြောင်းအတက်မှာ ကုန်းကခပ်မော့မော့လေး။ အောင်သာယာလမ်းကွေ့နားမှာ ကျင်းတွေ ချိုင့်တွေချည်း။ ကမ္ဘာပြားပြီဆိုပေမယ့် ညီညီညာညာတော့ ဟုတ်မယ်မထင်ကြသူတွေ။

အို . . . . . စံပြ

* သိုးခြံ၊ အင်းခရု
* မြရည်နန္ဒာ၊ ကန်သာယာ၊ အောင်ပင်လယ်
* အောင်သာယာ၊ ထန်းကိုးပင်၊ သင်ပန်းကုန်း၊
* စက်မှုမှ ကျွန်တော်တို့ မိတ်ဆွေများ။

ဌာနေဟောင်းဖြစ်တဲ့၊ ဇာတိချက်ကြွေဖြစ်တဲ့ ရန်မျိုးလုံ၊ ပြည်ကြီးပျော်ဘွယ်၊ အောင်နန်းရိပ်သာ၊ ချမ်းအေးသာစံ၊ ရတနာဘုမ္မိ၊ ပြည် လုံးချမ်းသာ၊ မောရဂီဝါ၊ မေဃဂီရိ၊ အောင်မြေသာစံ . . . . . . . . ကို လွမ်းဆွတ်သတိရနေကြပြီလား။

* ဌာနေဟောင်းဟာ လွမ်းလို့ကောင်းပါတယ်။
* ဇာတိမြေဟာ လွမ်းဖို့ကောင်းလှတယ်။

နဖူးကချွေး ခြေမကျဖန်များလို့ ခြေထောက်မကျင်တာပေါ့။ ချွေးဆိုတာ ငန်ပျပျအရသာရှိတဲ့အကြောင်း မိတ်ဆွေတို့ အသိဆုံးလေ။

နေ့သစ်တစ်ခုရဲ့ အရုဏ်ဦး ရောင်ခြည်ကို မိတ်ဆွေတို့ အသိဆုံးလေ။ ဟိုးဆင်ခြေဖုံးကနေ မြို့တော်ထဲ။ မြို့တော်ထဲကနေ မိတ်ဆွေတို့ အိမ်အထိ လာရတဲ့ ခရီးအကွာအဝေး မတူကြသလို ပြန်ကြရတဲ့ ခရီးမိုင်တွေ မတူကြပေမယ့် ကျွန်တော့်မိတ်ဆွေတွေရဲ့ နှလုံးခုန်စည်းချက်တွေက တူညီကြတဲ့ အကြောင်းတော့ ကျွန်တော်တို့ သိကြပါတယ်လေ . . . . . .။

အောင်ဘာလေ

( http://mandalayicon.com မှ ကူးယူဖော်ပြပါသည်)

15 November 2008

Impolite Police of Burma?

`` ရန်ကုန်တိုင်းတွင် စားခွက်လုကြသော ရဲများ ´´
၈၈ ကျောင်းသားဟောင်း

( ၁၃ . ၁၁ . ၂၀၀၈ ) ရက်နေထုတ် စစ်အစိုးရရဲ့ အူကြောင်ကြောင် သတင်းစာ တစ်စောင်ဖြစ်တဲ့ မြန်မာအလင်းအတင်းစာ စာမျက်နှာ ( ၇ ) မှာ ရန်ကုန်တိုင်း ကရဲတပ်ဖွဲ့ အချင်းချင်း စားခွက်လုကြရင်းနဲ့ ပြည်သူတွေ မြေစာပင်ဖြစ်သွားရရှာတဲ့ သတင်းလေး တစ်ပုဒ်ကို ဖတ်ကြည့်ရင်းက ထိုအဖြစ်အပျက်ရဲ့ အမှန်ဖြစ်ရပ်လေးကို ပြည်သူတွေ အမှန် အတိုင်းသိရှိအောင်ဖော်ပြပေးလိုက်တာပါ။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးလက်အောက်မှာ ဒုစရိုက်နှိမ်နှင်းရေးဌာနစုဆိုတဲ့ ဌာန တစ်ခုရှိပါတယ်။ ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစု ဟာ ရန်ကုန်တိုင်းအတွင်းမှာ အရမ်းကို လက်စွမ်းထက်တဲ့ ( အတောင်းကြမ်းတဲ့ ) ဌာနတစ်ခုပါ။ ထို ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစု ကို ရောက်ဖို့အတွက် ဒုရဲအုပ် တစ်ယောက်ဟာ တိုင်းရဲတပ်ဖွဲ့ မှူးကို အနည်းဆုံး သိန်း သုံးဆယ်နဲ့ ဌာနစုမှူး ရဲအုပ်-မြင့်သောင်း ကို ဆယ်သိန်း ပေးမှ ထိုဌာန ကိုရောက် ရတာပါ။ ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစုဟာ ရန်ကုန်တိုင်း မှာရှိတဲ့ ယာဉ်ထိန်းတွေထက် ပိုက်ဆံပိုရတဲ့ ဌာနပါ။

အဲဒီလို ပိုက်ဆံတွေရင်းပြီးရောက်ရတဲ့ ဒုရဲအုပ်ကစလိုအဲဒီဒုစရိုက်နှိမ်နှင်းရေးဌာနစု က ၀န်ထမ်းတွေဟာ မိမိတို့ကုန်ထားတဲ့ ပိုက်ဆံတွေ ပြန်ရဖို့အတွက် မသမာတဲ့ နည်းတွေ ကိုသုံး/ခြိမ်းခြောက်ပြီး ငွေရှာနေကြတာပါ။ ဒါ့အပြင် ဒုစရိုက်နှိမ်နှင်းရေးဌာနစု က လူတွေက အပိုင်မြို့နယ်ရဲစခန်းက ရဲတွေရဲ့စားကွက် တွေကို လိုက်လုရင်းက ကြားထဲက ခံသွားရတာက ပြည်သူတွေပါ။ တကယ်တော့ ကိုကျော်တင့်တို့က ဖမ်းမိတဲ့ မီးပန်းတွေကို ရှန်ဟိုင်းကုန်တိုက်နားမှာ ရောင်းဖို့ ယူလာတာပါ။ အဲဒီ မီးပန်းတွေ ရောင်းဖို့အတွက် ရှန်ဟိုင်း ကုန်တိုက်နားမှာ မီးပန်းရောင်းတဲ့ လူတွေ ပေါင်းပြီး လသာရဲစခန်းနဲ့ လမ်းမတော် ရဲစခန်းက ရဲစခန်းမှူးတွေကို ( ၃ ) သိန်း ၊ အပိုင်နယ်ထိန်းတွေကို ( ၅ ) သောင်း၊ အပိုင်နယ်မြေ ရဲကင်းကို ( ၃ ) သောင်းနဲ့ အပိုင်ရပ်ကွက်ရုံးတွေကို ( ၃ ) သောင်းစီ ပေးပြီးမှ ရောင်းရ တာပါ။

အဲဒီလို ပိုက်ဆံတွေပေးပြီး မီးပန်းတွေရောင်းနေတာကို သိတဲ့ ဒုစရိုက်နှိမ်နှင်းရေး ဌာနစုက နယ်မြေတာဝန်ခံက သူတို့ကိုလည်း လိုင်းကြေး ( ၃ ) သိန်းတောင်းပေးဖို့ပြော တာကို အပိုင်နယ်ထိန်းက မတောင်းပေးတဲ့ အတွက် ကိုကျော်တင့် ၊ ကိုစိန်သန်း နဲ့ မမိုးမိုးခိုင် စတဲ့ လူတွေကို ဒ/န က အစမ်းဖမ်းပြလိုက်တာပါ။ အဲဒါမှ ကျန်တဲ့ လူတွေက ပေါင်းပြီး ဒ/န က နယ်မြေတာဝန်ခံကို အပိုင်နယ်ထိန်းကတဆင့် ( ၃ ) သိန်းပေး လိုက်ရ ပါတယ်။ အဲဒီလိုတောင်းတဲ့ ပိုက်ဆံပေးလိုက်တဲ့အတွက် ကျန်တဲ့လူတွေကတော့ ရှန်ဟိုင်းကုန်တိုက်နားမှာ အေးအေးဆေးဆေး ရောင်းခွင့်ရသွားကြပါတယ်။ဒီအဖြစ်အပျက်ကို မသိတဲ့ ဒ/နက ဌာနစုမှူး ရဲအုပ်-မြင့်သောင်း က မျက်နှာ လိုချင်တာနဲ့ တိုင်းရဲတပ်ဖွဲ့မှူးကို သတင်းပို့ရာက ဆင့်ကဲဆင့်ကဲ ထိုသတင်းက အူကြောင်ကြောင် မြန်မာအလင်းအတင်းစာ ထဲမှာ မှုခင်းသတင်းအနေနဲ့ပါလာရတာပါ။

ထိုအပေါ်က အဖြစ်အပျက်လိုမျိုး လှိုင်သာယာမြို့နယ်မှာလဲ ဖြစ်သွားသေးပါတယ်။ ဒါပေမဲ့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး - ဒုတိယရဲမှူး - ခင်မောင်စိန် နဲ့ စခန်းမှူး ရဲအုပ် - ၀င်းထွန်း တို့ က အထူအပါး နားလည်စွာနဲ့ ဒ/န အဖွဲ့ကို တောင်းတဲ့ ပိုက်ဆံ ပေးလိုက် တဲ့အတွက် ထိုသတင်းကတော့ မြန်မာအလင်းအတင်းစာ ထဲမပါလာရတာပါ။ ဒီလို အေးအေး ဆေးဆေး ပြီးသွားပေမဲ့ ကာယကံရှင်ကတော့ အိမ်ကို သိန်း ( ၃၀ ) နဲ့ ပေါင်လိုက်ရတဲ့ အဖြစ်ရောက်သွားပါတယ်။

ထို့ကြောင့် ပြည်သူများအနေနဲ့ ရဲ ကိုလိုင်းကြေးပေးပြီးပြီ ဆိုပြီး မပေါ့ကြပါနဲ့။

ပြည်သူတွေကို လေးစားလျက်
၈၈ ကျောင်းသားဟောင်း

[ Ref: http://www.myanmar.com/newspaper/myanmarahlin/Nov13.pdf ]

14 November 2008

FREE OUR INTERNET HERO OF BURMA !!!

စစ်အဆိုးရ၏ မတရားသဖြင့်ဖမ်းဆီးခြင်းခံခဲ့ရကာ
ထောင်ဒဏ်နှစ်(၂၀)ကျော် မတရားသဖြင့်ချမှတ်ထားခြင်းခံရသော
အင်တာနက်သူရဲကောင်း ရဲဘော်ကြီး နေဘုန်းလတ် အား ချက်ချင်းလွှတ်ပေးရန် ၀ိုင်းဝန်းအရေးဆိုကြစို့ !!!


GUNS ABOVE THE LAW (picture)

စစ်အဆိုးရလက်ထက်
တရားမျှတမှု၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး


(၈၈ ကျောင်းသားဟောင်းမှ ပေးပို့သည်)

11 November 2008

GUNS ABOVE THE LAW

`` စစ်အစိုးရလက်ထက် (မ) တရားစီရင်ရေး ´´

၈၈ ကျောင်းသားဟောင်း


(Article Photo from- http://libpweb.nus.edu.sg/llb/g/gavel.jpg)


လူတိုင်းသိပြီးသားဖြစ်တဲ့ ဓါတ်ပြားဟောင်းကြီးဖွင့်ရမှာ အားနာပေမဲ့ ယိုသူမရှက် မြင်သူရှက်ရတဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ တရားမျှတမှု မရှိဘူးဆိုတာ ၈လေးလုံးမျိုးဆက်ခေါင်းဆောင် (၁၄)ဦး ၊ ဘလော့ဂါ မောင်နေဘုန်းလတ် ၊ ရှေ့နေတွေနဲ့ အယ်ဒီတာတွေကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တဲ့ လုပ်ရပ်တွေက သက်သေခံ နေပါတယ်။

တကယ်တော့ တရားသူကြီးဆိုတာတွေကလည်း ဘာအရည်အချင်းမှ ရှိတဲ့လူတွေ မဟုတ်ပါဘူး ။ တရားသူကြီးရာထူးရဖို့ အနည်းဆုံး သိန်းသုံးဆယ်လောက်ပေးထားရ တာဆိုတော့ နီးရာဓါး ကြောက်ရတာပေါ့ ။ ဒုမြို့နယ်တရားသူကြီးကစလို့ တရားသူ ကြီးချုပ် အထိ သူတော်ကောင်း တစ်ယောက်မှ မရှိဘူး ။ သူတို့ကတော့ ဥပဒေအတိုင်း လုပ်တာလို့ပြောမှာပဲ ။ သူတို့လက်ကိုင်ပြုနေတဲ့ ရာဇသတ်ကြီး ထဲမှာ ပြစ်မှုတော်တော် များများ ကို အမိန့်ချဖို့အတွက် အနည်းဆုံးကငွေဒဏ် ၊ အများဆုံးက ထောင်ဒဏ် ဆိုပြီး ချမှတ် ပေးထားတယ်။အမှန်ကတော့ ပြည်သူတွေကို စာနာစိတ်နဲ့ အပြစ်ပေးလို့ရ အောင်ပါ။ အခုတော့ တရားသူကြီးတွေက ရာဇသတ်ကြီးကို လုပ်စားနေကြတယ်။ ပြစ်ဒဏ် အနည်းဆုံးချမှတ်ရာမှာ သူတို့ကိုပေးတဲ့ ပိုက်ဆံပေါ် မူတည်ပြီး ပေးတာများရင် အနည်းဆုံးပြစ်ဒဏ် ၊ ပိုက်ဆံပေးတာနည်းရင် အများဆုံးပြစ်ဒဏ် ချပစ်ကြတယ်။ နိုင်ငံရေး သမားတွေကျတော့ သန်းရွှေမျက်နှာကြည့်ပြီး ချချင်သလိုချပြစ်ကြတယ်။ နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို ဥပဒေအကျိုးဆောင်ပေးနေသော ရန်ကုန်မြို့မှ ရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ ခမျာ နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို လိုက်ပေးတဲ့ အတွက် အမြင်ကတ် ပုဒ်မနဲ့ ထောင်ချခံရတယ်။

တရားသူကြီးတွေနဲ့ ပင်းပြီး လုပ်စားနေတဲ့ ရှေ့နေတွေကျတော့ နေရာတကာမှာ ထောင်ထောင်နဲ့ တရားခွင်ထဲမှာ ဖုန်းမပြောရတာကို တောင် ဂရုမစိုက်ဘဲ တရားစီရင်နေတုန်း ဖုန်းပြောတာ တွေဟာ တရားရုံး ကို မထီမဲ့မြင် ပြုတာမဟုတ်ဘူးလား။ သူတို့ကိုတော့ တရားစွဲဖို့နေနေသာသာ အသံမာမာတောင် မပြောရဲ ပါဘူး။ အဲဒီရှေ့နေတွေကလဲ ဘယ်လောက်ထိ ပေါက်ရောက် သလဲဆိုရင် ပုဒ်မတောင် သူတို့လက်ထဲမှာ အမျိုးမျိုး ပြောင်းပြစ်လို့ရတယ်။ သူတို့က ဘယ်သူတွေလဲဆိုတော့ တရားသူကြီးချုပ် ဦးအောင်တိုးရဲ့ တူမ အဖွဲ့တွေ ဖြစ်တယ်။ တူမတောင် ဒီလောက်လုပ်လို့ရရင် ကျန်တဲ့ အကောင်ကြီးတွေရဲ့သားသမီးတွေဆို ဘယ်လောက်ပေါက်သလဲဆိုရင် စဉ်းစားကြည့်ပါ။

နိုင်ငံရေးလုပ်နေတဲ့ ကျောင်းသားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို ဥပဒေအကျိုး ဆောင်ပေး နေတဲ့ ရှေ့နေတွေက ဘာသာ၊ သာသနာကို မစော်ကားဘူး ၊ ဘယ်သူ့အသက်အိုးအိမ် ၊ စည်းစိမ်ကိုမှ ဖျက်စီးခဲ့တာမရှိပါဘူး၊ ထောင်ဒဏ်တွေ အများကြီးချခံရတယ်ဆိုတာ အနိုင်ကျင့်ခံရတာပါ။ ဒါ စစ်အစိုးရအနေနဲ့ မတရားတဲ့ လုပ်ရပ်ကို လုပ်တာပါ။

နိုင်ငံရေးသမားတွေကို ဘယ်သူကမှလဲ မကယ်နိုင်ပါဘူး၊ ထွက်ပေါက်ရှာစရာလမ်းကလည်း မသေမချာနဲ့ ကျိန်းသေတာ တစ်ခုကတော့ ဘုရားသာ များများ ရှိခိုးကြပါ ။ လောကမှာ တရားကို စောင့်တဲ့ နတ်တွေရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ ကံကို တစ်စုံတစ်ယောက်က အနိုင်ကျင့်ပြီးပြောင်းလဲရင် အလွန် ဆုံးရ တစ်ယောက်နှစ်ယောက်ပေါ့ဗျာ။ ကျန်တဲ့ လူတွေရဲ့ ကံတွေလဲရှိပါသေးတယ်။မကြာတော့ တဲ့ ကာလမှာ စစ်အစိုးရက လူတွေ မြေမြိုမဲ့နေ့ရောက်လာတော့မှာပါ။


(မှတ်ချက်။ ။ ဖော်ပြပါ ပုဒ်မ ၂၂၈ မှာ ပြဌာန်းထားတဲ့ အချက်တွေကိုကြည့်ရင် စစ်အစိုးရက နိုင်ငံရေးသမား တွေကို ဘယ်လောက်မုန်းတီးပြီး အနိုင်ကျင့်တယ်ဆိုတာ သိနိုင်ပါတယ်။)

၈၈ ကျောင်းသားဟောင်း



09 November 2008

TRUE LOVE FOR NARGIS SUFFERERS

စာပေအနုပညာရှင်များ၊ စာအုပ်လုပ်ငန်းရှင်များနှင့် မိတ်ဆွေများက
မူလတန်းကျောင်း ဆောက်လုပ်လှူဒါန်းမည်

မေ ၂- ၃၊ ၂၀၀၈ ရက်များက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းအတွင်း စာသင်ကျောင်းအမြောက်အမြား ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒီကျောင်းတွေထဲမှာ ဖျာပုံမြို့နယ် ဖျာပုံ-ဘိုကလေးကားလမ်းဘေးက ကျုံကူတူးမြောင်း မူလတန်းကျောင်းကလေးလည်း အပါအ၀င် ဖြစ်ပါတယ်။
ရန်ကုန်နဲ့ မန္တလေး စာပေမိသားစုများ ပူးပေါင်းထားတဲ့ “စာပေအနုပညာရှင်များ၊ စာအုပ်လုပ်ငန်းရှင်များနှင့် မိတ်ဆွေများ၏ လေဘေးသင့် ပြည်သူများအတွက် ကူညီလှူဒါန်းရေးအဖွဲ့ (ရန်ကုန် နှင့် မန္တလေး)” က ကျုံကူတူးမြောင်း မူလတန်းကျောင်းကလေးကို ပြန်လည် ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ ၄ စက်တင်ဘာ ၂၀၀၈ ရက်က အုတ်မြစ်ချ အခမ်းအနား ကျင်းပကာ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
(မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ အမှတ် (၂)၊ နိုဝင်ဘာ၊ ၂၀၀၈ မှ သတင်းစာသားရယူပါသည်)

ဆက်သွယ်လှူဒါန်းရန် လိပ်စာများ
ဦးမျိုးညွန့်၊ စာပေလောက စာအုပ်တိုက်၊ ဖုန်း -၃၈၈၁၆၉
ဦးရဲမြင့်၊ သရဖူမဂ္ဂဇင်း၊ ဖုန်း -၃၈၃၀၂၅၊ ၃၉၁၆၃၃
ဦးဝင်းချို၊ ဓူဝံစာအုပ်တိုက်၊ ဖုန်း -၇၀၆၀၅၅၊ ၀၉၈၀၂၂၂၉၃
-----------------------------------------------------------------------------------------------------------------

စတိုင်သစ် မဂ္ဂဇင်း <အမှတ်(၁)၊ နိုဝင်ဘာ၊ ၂၀၀၈> ထဲက “စာနာမှု နိဒါန်း” ဆောင်းပါးကိုလည်း ဖတ်စေချင်ပါသည်



-----------------------------------------------------------------------------------------------------------------

ဆောက်လုပ်လှူမည့် မူလတန်းကျောင်းပုံစံနှင့် အလှူခံဖြတ်ပိုင်းကိုလည်း ဖော်ပြပေးလိုက်ပါသည်




06 November 2008

Cars of BURMA (poem)

လူကြီးများဖတ်ဖို့ သင်ပုန်းကြီး
ယမထာ


ကားကြီးကားငယ် အသွယ်သွယ်
တရုတ်ကုလား စီးကြတယ်
တစ်စီးရယ်နှစ်စီးရယ် တွေ့သော်ငြား
အလို ဗိုလ်ကြီးတို့ပါလား
စာတန်းကြီးများပါလျှင်
ဘုန်းတော်ကြီးများပင်
မယုံလျှင် ကြည့်ပါဘိ
ဗြဟ္မစိုရ်ကားများလည်းရှိ ။ ။

ယမထာ

01 November 2008

Do you fail to remember NARGIS VICTIMS?

ခြောက်လပြည့် နာဂစ် (သို့မဟုတ်)
မပြီးဆုံးသေးသော ပန်ချီကား


(PAGE 1)


(PAGE 2)


(ရရှိထားသော နာဂစ်ကယ်ဆယ်ရေးနှိုးဆော်လွှာအား ပြန်လည် ဖြန့်ဝေပါသည်)
--------------------------------------------------------------------------------------------------------------------------

ဝါတွင်းကာလ ကင်းလွတ်ပြီဖြစ်သဖြင့် နာဂစ်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီမည့် ဆရာတော်များဦးဆောင်သည့် နာဂစ်လေဘေးကူညီရေးအဖွဲ့များလည်း
ပြန်လည်အသက်ဝင်လာပြီဖြစ်ပါသဖြင့်
ဆရာတော်၊ သံဃာတော်များဦးဆောင်သည့် နာဂစ်လေဘေး ကူညီထောက်ပံ့ရေးအဖွဲ့အစည်များထံသို့
နာဂစ်ဒုက္ခသည်များအတွက် ကူညီမှုများ ဆက်လက် ပေးပို့ကြပါရန်
ကရုဏာတရား ရှေ့ထား၍ နှိုးဆော်အပ်ပါသည်။

GOOD TO READ

ဧရာဝတီ အင်တာနက် မဂ္ဂဇင်း မှ ဖတ်စဖွယ် ဆောင်းပါးများ

(Click and Read)

31 October 2008

AUNG SAN POEM

ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏ ညွတ်ကားမညွတ်
--------------------------------------------------------------

29 October 2008

DON'T FORGET OUR BLOODY SEPTEMBER !

ပဲခူးမြို့  ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက်ကို
စစ်အဆိုးရမှ မဟာဘုံကထိန်သင်္ကန်း ကပ်လှူ
(၂၇၊ အောက်တိုဘာ၊ ၂၀၀၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ)

------------------------------------------------------------------------------------------------------------------------------

ဆက်စပ်သတင်း (ဒီဗွီဘီသတင်းဌာန)

ကြခတ်ဝိုင်းဆရာတော်အပေါ် အကြည်ညိုပျက်ပြီး ကျောင်းတိုက်က
သံဃာများကို ဆွမ်းလောင်းလှူခြင်းများကို မြို့ ခံများ မလုပ်ကြတော့
( ၉၊ နိုဝင်ဘာ၊ ၂၀၀၇ )

28 October 2008

A Good Song Of Myo Gyi (IRON CROSS, BURMA)

နားနားပြီးပြော...မောမယ်

LINK TO LISTEN


http://bigbbrown.multiply.com/music/item/1/NAR_NAR_PEE_PYAW_Myo_Gyi

Vocal: Myo Gyi
Lyric: Maung Maung Zaw Latt
Band : Iron Cross, Burma

(Dedicated to State Peace and Development Council of Myanmar, Military Junta!)

26 October 2008

INSIDE BURMA NOW-A-DAY (3)

စစ်အဆိုးရ ပြောပြောနေတဲ့
"ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်
(၃)"


“အနာဂတ်မဲ့ရရှာသော ဗမာပြည်က ကလေးငယ်များ”

တောင်းရမ်းစားသောက်ရတဲ့ ကလေး၊ စားပွဲထိုးလုပ်ရတဲ့ ကလေး၊ ဂျာနယ်ရောင်းရတဲ့ ကလေး၊ အလုပ်ကြမ်းလုပ်ရတဲ့ ကလေး၊ အိမ်အကူလုပ်ရတဲ့ ကလေး၊ စစ်သားလုပ်ရတဲ့ ကလေး...
တွေးမိတိုင်း ရင်လေးစရာ...
အမျိုးထိတိုင်း မချိအောင်နာတတ်မယ်ဆိုရင်... ။

(စစ်အဆိုးရအဖွဲ့ဝင်တွေနဲ့ အလိုတော်ရိတွေရဲ့ ရင်သွေးများ ဘ၀တွေနဲ့ကတော့ ကလေးချင်း အတူတူတောင် ကွာချင်တိုင်းကွာနေရပြီလေ)


ဗမာပြည်မြို့ကြီးတစ်မြို့မှ ဈေးတန်းတစ်ခု မြင်ကွင်း




ကျွဲလိုနွားလို ရုန်းရတယ်...ဆိုတဲ့ စကား

ဗမာပြည်တောင်သူ လယ်သမား၊ အလုပ်သမားများအတွက်သက်သက် ထားခဲ့လေရော့သလား