Time to Unite
(ပေါင်းစည်းညီညွတ်ကြဖို့ အချိန်တန်ပြီ)
Sit Ko Naing
(An Article From - http://saveburma.sosblog.com/Burma-political-blog-b1/Time-to-Unite-b1-p50370.htm)
It has been a long time that i did not write a post on my blog as i was really busy with my studies. However, there were a lots of changes in Burma during these days like sentencing 65 years to 88 students leaders. Moreover, they put lawyers who do cases for NLD and opposition leaders into jails(ပေါင်းစည်းညီညွတ်ကြဖို့ အချိန်တန်ပြီ)
Sit Ko Naing
(An Article From - http://saveburma.sosblog.com/Burma-political-blog-b1/Time-to-Unite-b1-p50370.htm)
Where is the justice ? Absolutely there is no such thing in our country at the moment as they do whatever they want. Unfortunately, exiles people are not united at this stage. We heard a lots of disagreement between NCGUB and MPU. Here, i would like to advise to those people that we look forward to get democracy so we should focus on what we can do to make changes in our country rather than chasing for position in an organization like NCGUB. History will decide everything. You do not need to worry about what others did but you should concentrate on what you can do for our country.
Sadly, some people (i don't mean all) i saw on exile are earning money for themselves from fund raising activities for our country. How bad it is ? I am sure that some of the people do their best.
What is the plan next for our country?
2010 election is coming soon ?
Will we do together or separately ?
There are thousands of political prisoners there in our country and millions of people are suffering and waiting the period of change.
What can we do ?
There is only one solution to these questions ?
" We have to unite and make a respectable organization exile which links to all other countries and people in our country, Burma"
Therefore, It is the time to pay respect each other and forgot about personal problems and looking forward about future of our country. And then we can make an important decision at least for our country.
Sit Ko Naing
---------------------------------------------------------------------------------------------------------------
ပေါင်းစည်းညီညွတ်ကြဖို့ အချိန်တန်ပြီ
စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)
စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)
ကျွန်တော်လည်း သင်ယူမှုဆိုင်ရာကိစ္စတွေနဲ့ အတော်ကြီး နပန်းလုံးနေရလို့ ဘလော့ဂ်မှာတောင် စာမရေးဖြစ်တာ တော်တော်ကြာသွားပါပြီ။
ဒါပေမဲ့ ဒီရက်ပိုင်း ဗမာပြည်တွင်းမှာ တရစပ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကြောင့် ဒီစာကို ကျွန်တော် ရေးဖြစ်သွားတယ်။
ခင်ဗျားတို့ သိပြီးဖြစ်တဲ့အတိုင်း ဒီရက်ပိုင်းအတွင်းမှာ စစ်အဆိုးရက ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ထောင်ဒဏ် (၆၅)နှစ်စီချမှတ်လိုက်တယ်။ ဒါ့အပြင် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ NLD ပါတီဝင်တွေနဲ့ အစွပ်စွဲခံ နိုင်ငံရေးခေါင်းဆောင်တွေဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီးတွေကိုပါမချန် စစ်အဆိုးရက ထောင်သွင်း အကျဉ်းချပစ်လိုက်ပြန်တယ်။
ကဲ...ဘယ်မှာလဲ တရားမျှတမှု။
စစ်အဆိုးရက သူတို့ စိတ်ထဲ ထင်ရာမြင်ရာ၊ လုပ်ချင်ရာ စွတ်လုပ်နေတဲ့ အခုလိုအချိန်အခါမျိုးမှာ တရားမျှတမှုဆိုတာ ကျွန်တော်တို့ ဗမာပြည်တွင်းမှာ လုံးဝ ပျောက်ဆုံး၊ ပျက်သုဉ်းသွားပါပြီ။
ဒီအခါမှာ လူမိုက်(စစ်အဆိုးရ) ကံကောင်းဖို့ဖြစ်နေစေတဲ့ အချက်တစ်ချက်ကို ဘွားကနဲ သွားတွေ့လိုက်ရတယ်။ အဲဒါကတော့ ပြည်ပရောက်နေတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေဟာ အခုအချိန်ထိ အချင်းချင်း စည်းလုံးညီညွတ်မှုမရှိ၊ ပေါင်းစည်းလို့ မရနိုင်သေးတာပါပဲ။ ဥပမာ- NCGUB နဲ့ MPU အဖွဲ့တွေကြားမှာဖြစ်နေတဲ့ ငြင်းခုန်၊ ကွဲလွဲ၊ ရန်စောင်မှုသတင်းတွေကို အများကြီး ကျွန်တော်တို့ ကြားနေရတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခု အကြံပေးလိုတာကတော့ ဒီလိုတွေ ငြင်းခုန်ကွဲလွဲရန်စောင်နေမယ့်အစား၊ NCGUB အစရှိသော ပြည်ပရောက် အဖွဲ့အစည်းတွေမှာ နေရာတစ်နေရာရဖို့ လုပ်နေကြမယ့်အစား (ရှင်းရှင်းပြောရရင်) နေရာလု၊ ခွက်စောင်းခုတ်နေကြမယ့်အစား ကျွန်တော်တို့ဟာ ကိုယ့်ဗမာပြည် ဒီမိုကရေစီရရှိဖို့အရေး၊ ကိုယ့်တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်ဖို့အရေးအတွက် ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ ရှေးရှုလုပ်ကြဖို့ အထူးအာရုံစိုက်ရမယ့် အချိန် ရောက်နေပါပြီ။
သမိုင်းကပဲ အရာရာကို ဆုံးဖြတ်သွားပါလိမ့်မယ်။
တကယ်တော့လည်း အခြားသူတွေ ဘယ်ခြေလှမ်းလှမ်းနေမှာပဲဆိုပြီး စိုးရိမ်တွေးတောပူပန်နေတာထက် ကိုယ့်တိုင်းပြည်အတွက် ခင်ဗျားဘာလုပ်ပေးနိုင်မလဲဆိုတာကို ပိုပြီးအာရုံစိုက်သင့်ပါပြီ။
ဝမ်းနည်းဖို့ကောင်းတဲ့၊ ကျွန်တော်မြင်နေရတဲ့အချက်တစ်ချက်ကို ပြောရရင် ပြည်ပရောက် အချို့သော အတိုက်အခံနိုင်ငံရေးသမားတွေ (အားလုံးကို မဆိုလိုပါ) ဟာ ဗမာပြည်အတွက်၊ ဗမာပြည်အတွက် ဟစ်ကြွေးပြီးသကာလ ပြည်ပမှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေနိုင်ဖို့အတွက် ၀င်ငွေတွေထပ်ထပ်တိုးအောင်သာလုပ်ပြီး ကိုယ်ကျိုးရှာနေကြတာပါ။ ကဲ...ဘယ်လောက်ဆိုးတဲ့ အဖြစ်လဲ။ ဘယ်လောက်စိတ်ပျက်စရာ ကောင်းသလဲ။
ဒါပေမဲ့ တိုင်းပြည်အတွက် အကောင်းဆုံး ဆောင်ရွက်၊ လုပ်ကိုင်နေတဲ့ ပြည်ပရောက် အတိုက်အခံနိုင်ငံရေးသမားတွေလည်း မရှိမဟုတ်ပါဘူး။ ရှိပါတယ်။
ကဲ...အခု ကျွန်တော်တို့ ဗမာပြည်အတွက် နောက်ထပ် ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီလဲ။
၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကလည်း မကြာခင် တကယ် ရောက်လာတော့မှာလား။
စစ်အဆိုးရကို ကျွန်တော်တို့အချင်းချင်း စုပေါင်း၊ စုစည်းပြီး တိုက်မလား၊
အခုလိုပဲ အယူအဆအမျိုးမျိုး၊ အဖွဲ့အမျိုးမျိုးခွဲပြီး ကွဲပြီး တကွဲတပြား တိုက်မလား။
ပြည်တွင်းမှာတော့ များစွာသော အတိုက်အခံ နိုင်ငံရေးသမားတွေဟာ ထောင်ထဲကို ၀င်ပြီးရင်း ၀င်နေကြရတယ်။ ကျန်တဲ့ သန်းပေါင်းများစွာသော ဗမာပြည်သူပြည်သားတွေခမျာမှာတော့ ပြောင်းလဲမှုကို မျှော်လင့်စောင့်စားရင်းနဲ့သာ ရင်မောပြီးရင်း မောနေကြရတယ်။
“ပြည်ပရောက်နေတဲ့ ခင်ဗျားတို့၊ ကျွန်တော်တို့တွေ သူတို့တွေအတွက် ဘာလုပ်ပေးနိုင်သလဲ။”
ဒီနောက်ဆုံးမေးခွန်းအတွက် အဖြေဟာ တစ်ခုပဲ ရှိတယ်။
"ကျွန်တော်တို့အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ပေါင်းတိုက်မှ ရတော့မယ်။ ဗမာပြည်ပြင်ပ တိုင်းပြည်အသီးသီးမှာရောက်နေတဲ့ အတိုက်အခံတွေရော၊ ပြည်တွင်းမှာရှိတဲ့ အတိုက်အခံတွေရောနဲ့ပါ အားလုံးချိတ်ဆက်စုပေါင်းထားတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းကြီးတစ်ခုကို ကျွန်တော်တို့ ညီညွတ်စွာ ပေါင်းဖွဲ့မှရတော့မယ်" ဆိုတာပါပဲ။
ဒါကြောင့်မို့လို့ ဒီအချိန်ဟာ အတိုက်အခံတွေအချင်းချင်း တစ်ဦးကို တစ်ဦး ရိုသေလေးစားပြီး၊ ကိုယ်ရေးကိုယ်တာ ပုဂ္ဂလိက ခံစားချက်ပြဿနာတွေကို မေ့ဖျောက်ထားပြီး ဗမာပြည်ရဲ့ အနာဂတ်အတွက် ရှေ့ခရီးဆက်ရမယ့် အချိန်ကို ရောက်နေပါပြီ။
အဲဒါမှသာ ကျွန်တော်တို့ဟာ တိုင်းပြည်အတွက် အရေးပါအရာရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်နဲ့ အောင်မြင်ပေါက်မြောက်အောင် ဆုံးဖြတ်ချမှတ်နိုင်ပါလိမ့်မယ်။ ။
စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)
2 comments:
ပြည်တွင်း၊ နိုင်ငံတကာအခြေအနေများနဲ့ ကျွန်တော်တို့
အခုတလော ပြည်တွင်းမှာ ဖိနှိပ်မှုတွေက မီးကုန်-ယမ်းကုန်အောင် ဆိုးရွားနေပါတယ်။ အကြမ်းမဖက်နည်းနာတွေကို လာသင်ပေးသူတွေရဲ့ သင်ခန်းစာထဲမှာ ဆန္ဒပြသူတွေရှေ့မယ် အမျိုးသမီးတွေကိုထားပေးရင် နှိပ်ကွပ်မဲ့ ရဲတွေ-လုံထိန်းတွေအဖို့ နှစ်ခါပြန်စဉ်းစားလိမ့်မယ်လို့အကြံပေးတာရှိပါတယ်။ ၂၀၀၇ စက်တင်္ဘာမှာ အမျိုးသမီးလောက်တော့ စာရင်းမသွင်းနိုင်ဖြစ်သွားစေခဲ့တယ်။ သံဃာတော်တွေကို နှိပ်ကွပ်၊ စီးနင်း၊ ဖမ်းဆီး၊ သတ်ဖြတ်တဲ့အခါ ပြည်တွင်း-ပြည်ပ သြချခဲ့ရတယ်။ (နာဂစ်)ဖြစ်လို့ တိုင်းတပါးကနေ တာဝန်အရရော စေတနာနဲ့ပါ ကူမဲ့-ကယ်မဲ့သူတွေကို တားမြစ်-ဖင့်လေးတာတွေလုပ်ပြန်တော့၊ ကမ်းကုန်ရောလို့ ပြောရပြန်တယ်။ နောက်တခါလာပြန်ပြီဟေ့ဆိုရပါမယ်၊ ဘုန်းကြီးဆွမ်းကြွေးတဲ့သူ၊ လူတွေမသုံး သုံးအောင် အစွမ်းကုန် အားပေး-စီစဉ်ပေးရမဲ့ သတင်းနည်းပညာတွေကို သုံးမိသူတို့ စတဲ့သူတွေကို ထောင်ချလိုက်တာ ကြုံဘူးပေါင်-ဂုဏ်ထူးဆောင်လို့ ပြောရပြန်ပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ အဖြစ်အပျက်တွေကြောင့် ရှိပြီးသား နိုင်ငံရေးသီအိုရီတွေ၊ နည်းနာတွေ၊ နိုင်ငံတကာဥပဒေတွေ ခေတ်မမီအောင် ဖြစ်သွားရပါတော့တယ်။
နိုင်ငံတကာစဉ်မြင့်မှာလည်း ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကို ဒီနှစ်မှာ ထူးခြားတဲ့ ခံစစ်နဲ့ စစ်အုပ်စုက စတိုက်လာပါတယ်။ ၁၉၉၂ ကတည်းက အများသဘောတူ (ကွန်ဆင်းဆပ်)ဆုံးဖြတ်ချက် ချလာလိုက်တာ ၂၀၀၇ အထိ။ ဒီနှစ် မဲခွဲတဲ့ (ချဲလင့်)ကို စကျင့်သုံးလိုက်ပြီဖြစ်တယ်။ အရင်နှစ်တွေကတည်းက စကားလုံးအားပြင်းတဲ့ ဆုံးဖြတ်ချက် ရချင်ပေမဲ့ မဲခွဲတဲ့နည်းကို သွားရမှာမို့ (ကွန်ဆင်းဆပ်)ဖြစ်အောင် ရေရောပေးခဲ့ရတယ်။ အခု စစ်အုပ်စုက မဲခွဲနည်းကို ရွေးလိုက်ပါပြီ။ မဲမခွဲခင် ဘာမှအရေးမယူရေးအဆို (နိုး-အက်ရှင်-မိုးရှင်း) လုပ်လိုက်သေးတယ်။
(အက်ရှင်)မယူရေးဘက်က တရုပ် နဲ့ ရုရှားတို့ကစကားပြောပြီး (အက်ရှင်)မယူရေးကို ဆန့်ကျင်သည့်ဘက်က နော်ဝေ နဲ့ နယူးဇီလန်တို့က ပြောကြတယ်။ မဲခွဲတဲ့အခါ (အက်ရှင်)မယူရေးကို ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၉၀ မဲ၊ ကြားနေမဲ ၄၃ မဲရလို့ နအဖ-တရုပ်-ရုရှား ၀န်ရိုးတန်းဘက်က ရှုံးသွားပါတယ်။
နောက် ဆုံးဖြတ်ချက်ကို (စပွန်ဇာ)လုပ်တဲ့နိုင်ငံများနဲ့ (အီးယူ)ကိုယ်စား ပြင်သစ်နိုင်ငံက ဆုံးဖြတ်ချက်ကို ထောက်ခံဘို့ စကားပြောသလို မထောက်ခံဘို့ နအဖ ကိုယ်စားလှယ်က စကားပြောတယ်။ (ဘာဘေဒို့ စ်)၊ မြောက်ကိုရီးယား၊ မလေးရှား၊ အီဂျစ်၊ ထိုင်း၊ ဆီးရီးယား၊ အီကွေဒေါနိုင်ငံကိုယ်စားလှယ်တွေက နိုင်ငံတခုချင်းအလိုက်ဆုံးဖြတ်ချက်မျိုးကို မထောက်ခံကြောင်းအပါအ၀င် အဆိုကို ကန့်ကွက်မယ်ဆိုတာပြောကြတယ်။ မဲခွဲတဲ့အခါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၂၉ မဲ၊ ကြားနေမဲ ၆၃ မဲနဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါတယ်။ ဘဲလားရပ်၊ ကျူးဘား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ် တို့က ကန့်ကွက်မဲထည့်ရခြင်း အကြောင်းပြောပြီး ဂျပန်နဲ့ ဘရာဇီးက ထောက်ခံမဲထည့်ရခြင်းအကြောင်း၊ ကော်စကာရီကာမှ (အက်ရှင်)မယူရေးအဆိုကို ကန့်ကွက်ရခြင်းအကြောင်း ပြောကြားပြီးတဲ့နောက် နအဖ ကိုယ်စားလှယ်က ရုရှားနှင့် အိမ်နီးချင်းများကို ကျေးဇူးတင်စကားပြောပါတယ်။
ဘက်နှစ်ဘက်ကို ခွဲကြည့်လိုက်ရင် နအဖ အလိုတော်ရိနိုင်ငံများစာရင်းထဲမှာ အိမ်နီးချင်းတွေ အကုန်လောက်ပါနေတာ တွေ့ရတယ်။ ဘင်္ဂလားဒက်ရှ်၊ တရုပ်၊ အိန္ဒိယ၊ ဘူတန်၊ လော၊ မလေးရှား၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်တို့က (အက်ရှင်)မယူရေးအဆို ထောက်ခံတဲ့ နိုင်ငံများဖြစ်ပါတယ်။ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောတို့တော့ ဒီဘက်မှာ ပါပါတယ်။ နီပေါ၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်တို့က ကြားနေခဲ့တယ်။ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်နိုင်ငံများထဲမှာ အယ်လ်ဂျီရီးယား၊ အဇာဘိုင်ဂျမ်၊ ဘင်္ဂလားဒက်ရှ်၊ ဘိုင်လိုရပ်စ်၊ ဘရူနိုင်း၊ တရုပ်၊ ကို့တ်တီဘွား၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လော၊ လစ်ဗျာ၊ မလေးရှား၊ နမီဘီးယား၊ နိုက်ကာရာဂွါ၊ အိုမန်၊ ရုရှား၊ ဆိုမာလီ၊ သီရိလင်္ကာ၊ ဆီးရီးယား၊ အုဇဘက်ကစ်စတန်၊ ဗင်နီဇွဲလား၊ ထိုင်း၊ ဗီယက်နမ်၊ ဇင်ဘာဘွေတို့ ဖြစ်ကြပါတယ်။
ပြည်တွင်းနဲ့နိုင်ငံတကာမှာ အဲလိုတိုက်ပွဲတွေကြမ်းနေချိန် ကျွန်တော်တို့အတွင်းထဲမှာလဲ အရှိန်ပြင်းပြင်းနဲ့ အချင်းချင်း ဝေဖန်ရေး(ဘလောကာ)စစ်ပွဲ ဆက်လက်ဆင်နွှဲနေဆဲပါ။ (အင်စီဂျီယူဘီ)နဲ့ပါတ်သက်နေတဲ့ အကြောင်းကိစ္စတွေ ဝေဖန်ကြတာကို ဒီမိုကရေစီကျင့်စဉ်တရပ်ဖြစ်လို့ ကြိုဆိုပါတယ်။
(စီစီ)ကိစ္စလို့အတိုခေါ်တဲ့ ကုလသမဂ္ဂမှာ ကုလားထိုင်နေရာ(ချဲလင့်)လုပ်တာက နိုင်ငံရေးပေါ်လစီကိစ္စဖြစ်လို့ လေးလေး နက်နက် သိဘို့-ဆွေးနွေးဘို့လိုပါတယ်။ မီဒီယာမှာပြောရတာမျိုးနဲ့ ဘလော့ခ်မှာရေးရတာမျိုး မတူနိုင်သလို တချို့အပိုင်းကို အတွင်းကြိတ်ဆွေးနွေးဘို့နဲ့ တံခါးပိတ်ပြောရတာမျိုးတို့လဲ ရှိနေပါတယ်။ လုပ်သင့်တယ်ဆိုတဲ့ဘက်ကနေ အထောက်အထား၊ အကိုးအကား၊ အလားအလာတွေကို သက်ဆိုင်သူတွေဆီ မျှဝေ-ချဉ်းကပ်မှုတွေလုပ်ပါတယ်။ လုပ်ထုံးအရ တာဝန်ခံလုပ်ရမဲ့သူအနေနဲ့ကလည်း တာဝန်မခံနိုင်ရတဲ့ အကြောင်းတရားတွေကို စာနဲ့ပေနဲ့၊ ပေးသင့်သူများထံ တလေးတစား ရေးသားပေးပို့ ပြန်ကြားထားတာတွေရှိထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အကြား လွန်ခဲ့တဲ့ရက်အနည်းငယ်က သီးသန့် ဆွေးနွေးခဲ့ကြပါတယ်။ နားလည်မှုတွေ တိုးတက်ရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်တွေအကြား မဆွေးနွေးမီ၊ တပ်ပေါင်းစုတွေအကြားမှာလဲ ကျကျနနနည်းပါး ဆွေးနွေးခဲ့ကြပါသေးတယ်။
(စီစီ)ကိစ္စက ပညာပိုင်းရော နိုင်ငံရေးပိုင်းပါ နှစ်မျိုးလုံးစုပြီး၊ အပြန်အလှန်ပြောဘို့လိုတာပါ။ ပညာပိုင်းဆိုတာက လုပ်ထုံး-လုပ်နည်း၊ အလားအလာ၊ သမိုင်းကြောင်း၊ ဥပဒေကြောင်းတွေပါ ပါတယ်။ နိုင်ငံရေးစဉ်းစားချက်ပိုင်းဆိုတာက ကောင်းကျိုး-ဆိုးပြစ်၊ တာဝန်ခံဆောင်ရွက်မည့်သူ စတာတွေ အနည်းဆုံး ပါပါတယ်။ အခုချိန်အထိ အမြင်တွေ ထပ်တူ မကျသေးပေမဲ့ နီးစပ်မှုတွေရှိလာနေပါပြီ။ မတူတဲ့အယူအဆတိုင်းမှာ အားကောင်းတဲ့ငြင်းဆိုချက်တွေ ကိုယ်စီနဲ့ပါ။ တေ့တေ့ဆိုင်ဆိုင်၊ လေးလေးနက်နက် အတူထိုင်ဆွေးနွေးကြတဲ့အခါ (အီမိုးရှင်း)တွေ၊ (ဖရပ်စထွေးရှင်း)တွေကနေ တင်ပြချက်တွေထက် နိုင်ငံရေးအမြင်ဘက်ကို အနိုင်ပေးကြရပါတယ်။ ဆေးခါးကြီးမျိုတာမျိုးလဲ မျိုနိုင်ကြတာကို တွေ့ရပါတယ်။ တချိန်တည်းမှာ အနေအထားတွေကို စိုးရိမ်လွန်းလို့ အပြုသဘောဆောင်တဲ့ အကြံပေးမှုတွေ၊ ကြားဝင်တာတွေကလဲ လေးစားဘို့ကောင်းပါတယ်။ အပြုသဘောဆောင်တာရဲ့အကျိုးက အပေါင်းလက္ခဏာကို ရစေပါတယ်။
ဒီအချက်တွေက ထုတ်နုတ်တာတွေသာဖြစ်ပြီး အကုန်အစဉ်မဟုတ်သေးပါဘူး။ ဆိုချင်တာက မပြည့်မစုံသိရ၊ ကြားရတာလေးတွေနဲ့တော့ အမှန်ကို ကောက်ချက်ဆွဲမရနိုင်ဘူးဆိုတာဖြစ်ပါတယ်။ ဥပမာလေးတခု တင်ပြလိုပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးမှ (အင်စီဂျီယူဘီ)သို့ တိုက်ရိုက်ပေးစာဆိုတာကို (ဘလော့ခ်)တခုမှာ ကံအားလျော်စွာ ဖတ်ရပါတယ်။ “ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေရဲ့အကြောင်းပြချက်က အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ စစ်အစိုးရတို့ အကြား စားပွဲဝိုင်းဆွေးနွေးပွဲတွေကို ထိခိုက်ပျက်ပြားနိုင်တယ်လို့ ဆိုပါတယ်”လို့ ပါတဲ့အချက်ဟာ (အမ်ပီယူ) အမြဲတန်းကော်မတီထံ ၃၀-၁၀-၀၈ နေ့ကပြန်ကြားခဲ့တဲ့ (အင်စီဂျီယူဘီ)ရဲ့တရားဝင် အကြောင်းပြချက်တွေနဲ့ အတော်ကြီး ကွဲလွဲနေပါတယ်။ ၃-၁၁-၀၈ နေ့မှာ (အမ်ပီယူ)ကနေ (အင်စီဂျီယူဘီ)ကိုပေးတဲ့စာမှာပါတာတွေနဲ့လည်း ကွဲလွဲ နေပြန်ပါသေးတယ်။ အဲလို အနီးကပ်-အတွင်းကပုဂ္ဂိုလ်များကတောင် ကိုးကားချက်တွေ လွဲနေရင် တခြားလူတွေဆို ပိုပြီး အမှန်ဖြစ်တာ-ရှိတာတွေနဲ့ အလှမ်းဝေးနိုင်တာမျိုးဖြစ်တဲ့အကြောင်းပါ။
၂၁-၁၁-၀၈ နေ့က ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရးဆိုင်ရာဆုံးဖြတ်ချက်တုံးက မဲပေးပုံစံကိုလေ့လာလိုက်ရင် (စီစီ)ကော်မတီ ၉ နိုင်ငံအနက် ၃ နိုင်ငံဖြစ်ကြတဲ့(အာဂျင်တီးနား၊ နော်ဝေနဲ့ အမေရိကန်ပြည်ထောင်စု)တို့ဟာ နအဖ ဘက်လိုက်စရာ မရှိပါ။ ကျန် ၆ နိုင်ငံထဲက တရုပ်၊ ရုရှား၊ ဘူတန်၊ ကုတ်-တီဗွာ၊ ဇမ်ဘီယာ တို့ဟာ နအဖ ဘက်သား ဖြစ်နိုင်ပြီး၊ ဘာဘေဒို့စ်က ကြားနေနိုင်ပါတယ်။
၂၀၁၀ဆိုတာကိုလည်း ကွင်းထဲမှာလုပ်နေရသူတွေကတော့ ငြင်းခုံ-ဆွေးနွေး-တိုင်ပင်-ဆုံးဖြတ်မှုတွေ လုပ်ပြီးကြပါပြီ။ ဂွင်ထဲမှာ လုပ်တဲ့သူတွေလုပ်နေကြပြီဖြစ်ပါတယ်။ အလေးအနက်သမားတွေဆိုရင်တော့ ပြည်တွင်းက အဖြစ်ဆိုးတွေအတွက် ဘာတွေလုပ်ပေးနိုင်မလဲ၊ နိုင်ငံတကာစဉ်မြင့်မှာ စစ်အုပ်စုရဲ့ ခံစစ်-ထိုးစစ်တွေကို ဘယ်လို အနိုင်တိုက်မလဲဆိုတာမျိုးကို လှုပ်ရှားမှုကြီးကို အပြုသဘောမျက်နှာမူတဲ့ စဉ်းစား-အကြံပြုမှုတွေနဲ့ လက်တွဲ လုပ်ဆောင်သင့်ကြပါကြောင်း တလေးတစား ရေးသားပါရစေ။
တင့်ဆွေ
(အင်စီဂျီယူဘီ)
၂၅-၁၁-၀၈
၂၁-၁၁-၀၈ နေ့၊ ကမ္ဘာ့ကုလသမဂ္ဂ(၆၃)ကြိမ်မြောက် အထွေထွေညီလာခံ၊ တတိယကော်မတီ၊ ၄၄-၄၅ကြိမ်မြောက် အစည်းအဝေး၊ နိုင်ငံ(၃)နိုင်ငံတို့၏ လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သောဆုံးဖြတ်ချက်၊ (document A/C.3/63/L.33) မှတ်သားသင့်သည့်အချက်အလက်များ၊
လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သောဆုံးဖြတ်ချက်ချမှတ်ခံရသည့် (၃)နိုင်ငံမှာ မြန်မာ၊ မြောက်ကိုရီးယားနှင့် အီရန်တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအေခြအနေများနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို စတင်အရေးယူဆောင်ရွက်သည်နှင့် မြန်မာကိုယ်စားလှယ်က လုပ်ထုံးနည်း ၁၁၆ အရ၊ no-action motion (အက်ရှင်)မယူရေးကိုတောင်းဆိုသည်။ ထိုအခါ ဥက္ကဌမှ တဖက်လျင် ၂ နိုင်ငံစီက တင်ပြရန်ခွင့်ပြုရာ (အက်ရှင်)မယူရေးဘက်က တရုပ်နှင့် ရုရှားတို့ကလည်းကောင်း၊ (အက်ရှင်)မယူရေးကို ဆန့်ကျင်သည့်ဘက်က နော်ဝေ နှင့် နယူဇီလန်တို့ကလည်ူကောင်းပြောကြားကြသည်။ ထို့နောက်မဲခွဲရာ (အက်ရှင်)မယူရေးကို ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၉၀ မဲ၊ ကြားနေမဲ ၄၃ မဲရရှိသဖြင့် (အက်ရှင်) မယူရေးအဆိုကို ပယ်ချလိုက်သည်။
ထို့နောက် ဆုံးဖြတ်ချက်ကို (စပေါင်ဇာ)လုပ်သည့်နိုင်ငံများနှင့် (အီးယူ)ကိုယ်စား ပြင်သစ်နိုင်ငံက ဆုံးဖြတ်ချက်အား ထောက်ခံရန်စကားပြောပြီး၊ ဆုံးဖြတ်ချက်ကို မထောက်ခံရန် မြန်မာကိုယ်စားလှယ်က စကားပြောသည်။
ထို့နောက် ဥက္ကဌကအစည်းအဝေးခေတ္တရပ်နားသည်။ မြန်မာကိုယ်စားလှယ်က လုပ်ထုံးအရ မဲခွဲခြင်းပြုလုပ်နေစဉ် ရပ်တန့်ရန် မဖြစ်နိုင်ကြောင်းပြောဆိုရာ ဥက္ကဌက မဲခွဲခြင်းမလုပ်ရသေးကြောင်းပြောသည်။ ဆူဒန်ကိုယ်စားလှယ်က အရေးယူရန်ဆုံးဖြတ်ပြီးလည်းဖြစ်ကြောင်း၊ ကြားနာခြင်းလဲလုပ်ပြီးကြောင်း ထို့ကြောင့်မဲခွဲနေသည့်သဘောဖြစ်ကြောင်း ထောက်ပြသည်။ အတွင်းရေမှူးအဖွဲ့မှ ဥက္ကဌကမကြေညာသေးပါက မဲမခွဲကြောင်းထာက်ပြသည်။ ထိုအခါ မြန်မာကိုယ်စားလှယ်က ဥက္ကဌအဆုံးအဖြတ်ကို လိုက်နာပါမည်ဟုပြောသည်။
မဲခွဲခြင်းမပြုလုပ်မီ ပြင်သစ်က တူရကီနှင့် (ဘော့စနီးယား-ဟက်ဇကိုဗီးနား)အမည်များကို (စပွန်ဇာ)တိုင်းပြည်များအဖြစ် မကြားလိုက်ရကြောင်းထောက်ပြသည်။ မြန်မာကိုယ်စားလှယ်မှလည်း စကားပြန်များမှတဆင့်ကြားရသည်မှာ မိမိနိုင်ငံ အမည်ကို မှန်မှန်ကန်ကန်မခေါ်ကြောင်းထောက်ပြသည်။ ဥက္ကဌမှ တရားဝင်အမည်ခေါ်ရန်ပြောဆိုသည်။
ဘာဘေဒို့စ်၊ မြောက်ကိုရီးယား၊ မလေးရှား၊ အီဂျစ်၊ ထိုင်း၊ ဆီးရီးယား၊ အီကွေဒေါနိုင်ငံကိုယ်စားလှယ်များက နိုင်ငံတခုချင်း အလိုက်ဆုံးဖြတ်ချက်ကို မထောက်ခံကြောင်းစသဖြင့်ပြောကြားကြသည်။
ထို့နောက်မဲခွဲရာ မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၂၉ မဲ၊ ကြားနေမဲ ၆၃ မဲဖြင့် အတည်ပြုလိုက်သည်။
ထို့နောက် ဘဲလားရပ်နှင့် ကျူးဘား တို့က ကန့်ကွက်မဲထည့်ရခြင်းအကြောင်းပြောပြီး ဘရာဇီးကထောက်ခံမဲထည့်ရခြင်း အကြောင်းပြောသည်။ နိုင်ဂျာက မဲစာရင်းတွင် ကန့်ကွက်မဲမှ ကြားနေမဲကိုအမှန်အတိုင်း ပြင်ပေးရန်တင်ပြသည်။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့က ကန့်ကွက်မဲထည့်ရခြင်းအကြောင်း၊ ဂျပန်ကထောက်ခံမဲထည့်ရခြင်းအကြောင်း၊ ကော်စကာရီကာမှ (အက်ရှင်)မယူရေးအဆိုကိုကန့်ကွက်ရခြင်းအကြောင်း ပြောကြားအပြီး မြန်မာကိုယ်စားလှယ်က ရုရှားနှင့်အိမ်နီးချင်းများအား အထူးကျေးဇူးတင်စကားပြောသည်။
(အက်ရှင်)မယူရေးအဆိုထောက်ခံသည့်နိုင်ငံများ၊
အယ်ဂျီးရီးယား၊ အင်ဂိုလာ၊ အင်တီဂွာ၊ ဘာဘူဒါ၊ အဇာဘိုင်ဂျန်၊ ဘာရိန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဘေဒေါ့စ်၊ ဘယ်လာရပ်စ်၊ ဘူတန်၊ ဘိုလီးဗီးယား၊ ဘရုနိုင်း-ဒါရုစလမ်၊ ကမ္ဘောဒီးယား၊ စင်တရယ်-အာဖရိကန်-ရီပါးပလစ်၊ ချတ်၊ တရုတ်၊ ကော်မရိုစ်၊ ကုတ်-ဒီဗွား၊ ကျူးဘား၊ မြောက်ကိုရီးယား၊ အီဂျက်၊ အိန္ဒိယ၊ အီရန်၊ ကာဇက်စတန်၊ ကူဝိတ်၊ လာအို၊ လစ်ဗျား၊ မလေးရှား၊ မြန်မာ၊ နမီဘီးယား၊ နီကာရာဂွာ၊ အိုမန်၊ ကာတာ၊ ရုရှန်ဖက်ဒရေးရှင်း၊ ဆော်ဒီအာရေဗျ၊ စင်္ကာပူ၊ စောလမွန်ကျွန်း၊ တောင်အာဖရိက၊ သီရိလင်္ကာ၊ ဆူဒန်၊ ဆူရီနိမ်း၊ ဆွတ်ဇာလန်၊ ဆီးရီးယား၊ တာဂျက်ကစ္စတန်၊ ထိုင်း၊ တူနီးယား၊ တာ့ခ်မန်နီစတန်၊ ယူဂန်တာ၊ ယူအေအီး၊ အူဇဘက်ကစ္စတန် ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ရီမင်၊ ဇန်ဘီယာ၊ ဇမ်ဘာဘွေ။
(အက်ရှင်)မယူရေးအဆိုကန့်ကွက်သည့်နိုင်ငံများ၊
အာဖကန်နစ္စတန်၊ အယ်ဘေးနီးယား၊ အင်ဒိုရာ၊ အာဂျင်တီးနား၊ အာမေနီယား၊ သြစတေးလျ၊ သြစတြီးယား၊ ဘဟားမား၊ ဘယ်လ်ဂျီယမ်၊ ဘောစနီးယား-ဟာဇီဂိုဗီးနား၊ ဘော့စ်ဝါနား၊ ဘူလ်ဂေးလီးယား၊ ဘာရွန်ဒီ၊ ကနေဒါ၊ ကိတ်-ဘာဒီ၊ ချီလီ၊ ကိုလမ်ဘီယာ၊ ကွန်ဂို၊ ကော်စတာရီကာ၊ ဆိုက်ပရပ်စ်၊ ချက်-ရီပါတ်ဘလစ်၊ ဒိန်းမတ်၊ ဒိုမနီကန်-ရီပါ့ပလက်၊ အီကွေဒေါ်၊ အယ်လ်ဆာဗေဒို၊ အက်စ်တိုးနီးယား၊ ဖီဂျီ၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဂျီရာ၊ ဂျာမဏီ၊ ဂရိ၊ ဂွာတီမလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ဟန်ဂေရီ၊ အိုင်စ်လန်း၊ အီရတ်၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ ကီရီဘတီ၊ လတ်တ်ဗီးယား၊ လက်ဘနွန်၊ လိုင်ဗေးရီးယား၊ လိချန်စတိန်း၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မောလ်ဒိုက်၊ မောလ်တာ၊ မာရှယ်ကျွန်း၊ မောရေးရှပ်စ်၊ မက္ကစီကို၊ မိုနာကို၊ မွန်ဂိုးလီးယား၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ပယ်လူဝါဒ၊ ပနာမား၊ ပိပူဝါနယူးဂီနိ၊ ပါရာဂွေး၊ ပီရူး၊ ပိုလန်၊ ပေါ်တူဂီ၊ တောင်ကိုရီးယား၊ မော်ဒိုဗာ၊ ရိုမေးနီးယား၊ စိန့်လူစီရာ၊ ဆာမိုဝါး၊ ဆန်မာရီနို၊ ဆလိုဗားကီးယား၊ ဆလိုဗီးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူဂိုဇလားဗီးယား၊ တီမော-လစ်ဆီ၊ တွန်ဂါ၊ တူရကီ၊ တူဗလူ၊ ယူကရိန်း၊ အင်္ဂလန်၊ အမေရိကန်၊ ဥရုဂွေး၊ ဗန်နော်တူ။
(အက်ရှင်)မယူရေးအဆို ကြားနေနိုင်ငံများ
ဘယ်လ်ဇီ၊ ဘီနင်၊ ဘရာဇီး၊ ဘာကီနာဖါဆို၊ ကင်မရွန်၊ ဒိုမနီကာ၊ အီကွေတိုရီရယ်-ဂီနိ၊ အရီတရီယား၊ အီသီယိုပီးယား၊ ဂါနာ၊ ဂရီနေဒါ၊ ဂီနိ၊ ဂီနိ-ဘစ်ဆော၊ ဂိုင်ရာနာ၊ အင်ဒိုနီးရှား၊ ဂျမေကာ၊ ဂျော်ဒန်၊ ကင်ညာ၊ လီဆိုသို၊ မာလာဝီ၊ မာလီ၊ မော်ရီတေးနီးယား၊ မိုဇမ်ဘစ်၊ နီပေါ၊ နိုက်ဂျား၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖီလစ်ပိုင်၊ ရ၀န်ဒါ၊ စိန့်ကစ် နှင့် နီဗက်စ်၊ စိန့်ဗင်ဆင့် နှင့် ဂရီနဒီး၊ ဆီနီဂေါ၊ ထရီနီဒက် နှင့် တိုဘာဂို၊ တန်ဇန်နီးယား။
(အက်ရှင်)မယူရေးအဆို ပျက်ကွက်သည့်နိုင်ငံများ၊
ကွန်ဂို၊ ဂျဘူတီ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ ကာဂျစ်စတန်၊ မဒါဂါစကာ၊ မိုက်ခရိုနီးရှား၊ နော်ရူး၊ ဆော်တော်မ် နှင့် ပရင်စပီး၊ ဆားဗီးယား၊ ဆေရှဲလ်၊ ဆာရာလီယွန်း၊ ဆိုမားလီးယား၊ တိုဂို။
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်နိုင်ငံများ၊
အယ်လ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လာရပ်စ်၊ ဘရုနိုင်း ဒါရုစလမ်၊ တရုတ်၊ ကုတ်ဒီဗွား၊ ကျူးဗား၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လော၊ လဘီးရ၊ မလေးရှား၊ မြန်မာ၊ နမ်မီဘီးယား၊ နီကာရဂ်ဂွာ၊ နိုက်ဂျား၊ အိုမန်၊ ရုရှ၊ ဆိုမားလီးယား၊ သီရိလင်္ကာ၊ ဆော်ဒန်၊ ဆီးရီးယား၊ အူဇ်ဘက်ကစ္စတန်၊ ဗန်နီဇူးလား၊ ဗီယက်နမ်၊ ဇင်ဘာဘွေ။
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ထောက်ခံသည့်နိုင်ငံများ၊
အာဖကန်နစ္စတန်၊ အယ်လ်ဘန်နီးယား၊ အင်ဒိုရာ၊ အာဂျင်တီးနား၊ အာမေးနီးယား၊ သြစတြေးလျ၊ သြစတြီးယား၊ ဘဟာမား၊ ဘယ်လ်ဂျီယမ်၊ ဘယ်လိဇ်၊ ဘောဇနီးယားနှင့် ဟင်ဇာဂိုဗီးနား၊ ဘော့စ်ဝါနာ၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ဘာရွန်ဒီ၊ ကနေဒါ၊ ချီလီ၊ ကော်စတာရီကာ၊ ခရိုအေးရှား၊ ဆိုက်ပတ်စ်၊ ချက်၊ ဒိန်းမတ်၊ ဒိုမီနီကန်၊ အယ်ဆာဘာရို၊ အစ္စတိုနီးယား၊ ဖီဂျီ၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဂျာမဏီ၊ ဂရိ၊ ဂိုယာနာ၊ ဟွန်ဒူရပ်စ်၊ ဟန်ဂေရီ၊ အိုင်စ်လန်၊ အီရတ်၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ ကာဇစ္စတန်၊ ကရီဘတ္တီ၊ လတ်ဗီးယား၊ လက်ဘနွန်၊ လီချန်စတိန်၊ လစ်သူရေးနီးယား၊ လူဇင်ဘာ့ဂ်၊ မောလ်ဒိုက်၊ မောလ်တာ၊ မာရှယ်ကျွန်း၊ မောရေးရှပ်စ်၊ မက္ကစီကို၊ မိုနာကို၊ မွန်ဂိုလီးယား၊ မွန်တန်နီဂရို၊ မော်ရိုကို၊ နော်ရူ၊ နယ်သာလန်၊ နယူးဇီလန်၊ နိုက်ဂျီးရီးယား၊ နော်ဝေး၊ ပယ်လ်အူ၊ ပနာမား၊ ပါရာဂွေး၊ ပီရူး၊ ပိုလန်၊ ပေါ်တူဂီ၊ ကိုရီးယား၊ မော်လ်ဒိုက်၊ ရူမေးနီးယား၊ စိန့်လူစီရာ၊ ဆာမိုအာ၊ ဆန်မာရီနို၊ ဆလိုဗားကီးယား၊ ဆလိုဗီးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ မက်စီဒိုးနီးယား၊ တီမောလက်ဆီ၊ တိုဂို၊ တွန်ဂ၊ တူရကီ၊ တူဗလူ၊ ယူကရိန်း၊ အင်္ဂလန်၊ အမေရိကန်၊ ဥရုဂွေး၊ ဗန်နောတူ၊
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ကြားနေသည့်နိုင်ငံများ၊
အင်ဂိုလာ၊ အင်တဂ်ဂွာ နှင့် ဘာဘူဒါ၊ ဘာဟ်ရီရန်၊ ဘာဘေဒို့စ်၊ ဘီနင်၊ ဘူတန်၊ ဗိုလီးဗီးယား၊ ဘာကီနာဖါဆို၊ ကမ္မရွန်၊ ကိပ်-ဘာဒီ၊ အာဖရိက၊ ချက်၊ ကိုလမ်ဘီယာ၊ ကွမ်မရို့၊ ကွန်ဂို၊ ဒိုမနီကာ၊ အီကွေဒေါ၊ အီကွေတိုရီရယ်ဂျီနီရာ၊ အရီတရီးယ၊ အီသီယိုးပီးယား၊ ဂမ်ဘီရာ၊ ဂါနာ၊ ဂရင်နေဒါ၊ ဂွာတီမာလာ၊ ဂီနီယာ၊ ဂျီနီဘစ်ဆော၊ ဟေတီ၊ အင်ဒိုနီးရှား၊ ဂျမေကာ၊ ဂျော်ဒန်၊ ကင်ရာ၊ ကူဝိတ်၊ ကာဂျီစတန်၊ လီဆိုသို၊ လိုင်ဘီးရီးယား၊ မော်လ၀ီ၊ မာလီ၊ မော်ရီတေးနီးယား၊ မိုဇမ်ဘီး၊ နီပေါ၊ ပါကစ္စတန်၊ ပါပူအာနယူးဂီနိ၊ ဖီလပိုင်၊ ကာတာ၊ ရ၀န်ဒါ၊ စိန့်ကတ်စ် နှင့် နီဗစ်၊ စိန့်ဗင်စင့်တ် နှင့် ဂရီနတ်ဒိန်း၊ စော်တုမ်း နှင့် ပရင်စိပိ၊ ဆော်ဒီအာရေဗျ၊ ဆီနီဂေါ၊ စင်္ကာပူ၊ ဆော်လမွန်ကျွန်း၊ တောင်အာဖရိက၊ စူရီနိမ်း၊ ဆွစ်ဇာလန်၊ ထိုင်း၊ တရီနီဒက် နှင့် တိုဗက်ဂို၊ တာ့ခ်မန်အင်နီစတန်၊ ယူဂန်ဒါ၊ ယူအေအီး၊ တန်ဇင်နီးယား၊ ရီမန်၊ ဇင်ဘီယာ။
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို မဲပေးစဉ်ပျက်ကွက်သည့်နိုင်ငံများ၊
ကမ္ဘောဒီးယား၊ ကွန်ဂို၊ ဂျဘူတီ၊ ဂါဘွန်၊ မဒါဂါစကာ၊ မိုက်ခရိုနီးရှား၊ ဆားဗီးယား၊ ဆေရှဲလ်၊ ဆီရာလီရွန်း၊ တာဂျီကစ္စတန်၊ တူနီရှား၊
တင့်ဆွေ
Post a Comment