10 February 2009

17th SHWE KYIN MEETING

(၁၇) ကြိမ်မြောက် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ်သံဃာ့အစည်းအဝေးကြီး ကျင်းပ ပြီးစီး

(၈၊ ဖေဖော်ဝါရီ၊ ၀၀၉)


သာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ်သံဃာ့အစည်းအဝေးကြီးကို ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလဆန်း (၁၂-၁၃-၁၄)ရက်များ (၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ၆-၇-၈)တွင် မန္တလေးမြို့၊ မန္တလေးတောင်တော် မြောက်ဘက်အဆင်း၊ မတ္တရာကားလမ်းမအနီး `မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး´ တွင် ကျင်းပ ပြီးစီးခဲ့သည်။ ထို မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးမှာ ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းက ပထမ ရွှေကျင်ဆရာတော်ကြီးအား ၁၂၂၂-ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဗမာတစ်နိုင်လုံးရှိ ရွှေကျင်ဂိုဏ်းဝင်သံဃာတော်ငါးသောင်းခန့်တို့၏ ကိုယ်စား သာသနာပိုင်၊ ဒုတိယသာသနာပိုင်၊ ရတ္တညူမဟာနာယက၊ ဂိုဏ်းလုံးဝန်ဆောင်နာယက၊ ၀ိနည်းပြန်ဌာနများ၏ ဥက္ကဌ၊ တိုင်းမြို့နယ်သံဃနာယက ဥက္ကဌ စသဖြင့် သံဃာ့ကိုယ်စားလှယ်တစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံတလွားရှိ ပြည်ပသာသနာပြုဆရာတော်များလည်း ကြွရောက်တော်မူကြောင်း သိရသည်။

အစည်းအဝေးကာလအတွင်း ရွှေကျင်ဂိုဏ်းနှင့် စပ်လျဉ်းသော အကြောင်းအရာများကို စာပေပညာရှင် ဆရာတော် (၇) ပါးတို့က စာတမ်း (၇)စောင် ပြုစုတင်သွင်း ဖတ်ကြားတော်မူရန် စီစဉ်ခဲ့ကြောင်းသိရသည်။

၁။ ဆာလင်းကြီးဆရာတော် ဘဒ္ဒန္တအာဒိစ္စ၀ံသ
၂။ ၀ါးချက်၊ ကျစွာဆရာတော် ဘဒ္ဒန္တလက္ခဏ
၃။ မန္တလေး၊ မတ္တရာသူဃေးဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသ
၎။ မန္တလေး၊ စည်ရှင် နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဥာနာဘိဝံသ
၅။ ပဲခူး၊ ကြခတ်ဝိုင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တညေယျဓမ္မာဘိဝံသ
၆။ အမရပူရ၊ မဟာဂန္ဓာရုံ နာယက စာချဆရာတော် ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ
၇။ ဓနုဖြူမြို့၊ စံကင်း အတုလဂုဏ်ရောင်ဆရာတော် ဇယမေဒနီ အရှင်နန္ဒိယ

(ကြားသိရသော သတင်းများအရ အမှတ်စဉ် ၅/- ပဲခူးကြခတ်ဝိုင်းဆရာတော်နှင့် အဖွဲ့ အစည်းအဝေးသို့ လာရောက်ခြင်း မရှိကြောင်း သိရသည်။ အတိအကျ၊ အသေးစိတ် မသိရှိရပါ။)

ညစဉ်တရားပွဲများ ကျင်းပခဲ့ပြီး
ပထမည - ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ
ဒုတိယည - တိပိဋကဓရ ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ
တတိယည - သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ
တို့က အသီးသီး တရားတော်များ ဟောကြားတော်မူခဲ့ကြသည်။

(မန္တလေးမြို့ကို ၁၂၂၁-ခုနှစ်တွင် တည်ခဲ့သောကြောင့် ၁၃၇၁-ခုနှစ်တွင် မန္တလေးမြို့တည်နန်းတည်နှစ်ပေါင်း (၁၅၀)ပြည့်မည်။ ရွှေကျင်ဂိုဏ်းကြီးမှာလည်း ၁၂၂၂-ခုနှစ်တွင် စတင်ပေါ်ထွန်းခဲ့ရာ လာမည့် ၁၃၇၂-ခုနှစ်တွင် နှစ်ပေါင်း (၁၅၀)ပြည့်မည် ဖြစ်ပါသည်။)

ညိုကြီး

ဓာတ်ပုံများ- BigBBrown

အရေးအသားအားလုံးနီးပါး ချုံ့ကိုးကား -
(၃၊ ၂၊ ၀၀၉)နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာ၊ စာမျက်နှာ-၅ တွင် ဖော်ပြပါရှိသည့် `ဇယမေဒနီ အရှင်နန္ဒိယ (ဓမ္မာစရိယ၊ ဒီဃဘာဏက)´ ၏ `(၁၇) ကြိမ်မြောက် ရွှေကျင်ဂိုဏ်း သံဃာ့အစည်းအဝေးကြီး´ ဆောင်းပါး ။

ဓာတ်ပုံများ ပြခန်း




ရွှေကျင်ဆရာတော်ဘုရားကြီးများ၏ ရုပ်တုများ ပြခန်း

ပထမရွှေကျင်ဆရာတော်ဘုရားကြီးရုပ်ထု

No comments: