26 January 2009

Return of Lay Phyu - First Alpine-IC Music Show at Mandalay

စင်ပေါ်ပြန်တက်ခဲ့တဲ့ လေးဖြူ နှင့် မန္တလေးက Iron Cross စတိတ်ရှိုးပွဲ
(ဇန်န၀ါရီ ၂၄-၂၅၊ ၂၀၀၉)
Return Of Lay Phyu



ပြည်သူ့အချစ်တော် အဆိုတော် လေးဖြူသည် မည်သည့်အကြောင်းကြောင့်မှန်း အသေအချာမသိရဘဲ 'ကျွန်တော် စတိတ်ရှိုးမဆိုတော့ပါဘူး' ဟုဆိုကာ စတိတ်ရှိုးလောကမှ (၃) နှစ်ခန့် ပျောက်ကွယ်နေခဲ့ပြီး သီချင်းခွေများထုတ်လုပ်၍သာ သူ၏ ချစ်သော ပရိသတ်များကို ဖျော်ဖြေနေခဲ့သည်။

သို့သော် ၂၀၀၈ ခုနှစ်၊ မေလ ၂-၃ ရက် နာဂစ်မုန်တိုင်းကြီးအပြီးမှာတော့ လူသားချင်းစာနာသည့် ပရဟိတစိတ်ဓာတ်၏ စေ့ဆော်မှုကြောင့် အဆိုတော်လေးဖြူသည် စင်ပေါ်ပြန်တက်ခဲ့သည်။ လေးဖြူနှင့် Iron Cross တေးဂီတအဖွဲ့သားများက ၂၀၀၈ ခုနှစ်၊ သြဂုတ်လ- ရန်ကုန်မြို့တွင် နာဂစ်ဒုက္ခသည်များအတွက် ရန်ပုံငွေ စတိတ်ရှိုးပွဲကြီးကို (၂)ရက်တိုင်တိုင်ကျင်းပပြီး နာဂစ်ဒုက္ခသည်များအတွက် ရန်ပုံငွေ ကျပ်သိန်း (၁၈၀၀)ခန့် ကောက်ခံပေးခဲ့သည်။

ထိုမှ ပြီးနောက်ပိုင်း အဆိုတော်လေးဖြူ စတိတ်ရှိုး ဆက်ဆိုမဆို ပဟေဠိကို ပရိသတ်က စောင့်ကြည့်နေခဲ့ရာ Alpine သောက်ရေသန့် (လွယ်ဟိန်းကုမ္ပဏီ)၏ ပံ့ပိုးမှုဖြင့် အဆိုတော်လေးဖြူ စင်ပေါ်ပြန်တက်မည်ဟူသော သတင်းများ ဂျာနယ်များတွင် ပါလာတော့မှ လေးဖြူစတိတ်ရှိုးဆိုသည်ကို ကြည့်ချင်သော ပရိသတ်များ ပျော်သွားတော့သည်။

သတင်းများအရ အဆိုတော်လေးဖြူသည် ၂၀၀၉၊ ဇန်န၀ါရီလမှ ၂၀၁၀ ဇန်န၀ါရီလ အထိ ဗမာပြည် မြို့အတော်များများတွင် Alpine Music Tour စတိတ်ရှိုးပွဲများကို အခြား IC ၀ိုင်းတော်သားများနှင့်အတူ ဆင်နွှဲမည်ဟု သိရသည်။ ဇန်န၀ါရီပြီးနောက်ပိုင်း စတိတ်ရှိုး ဆက်ဆိုမဆို မသေချာသေးပေ။


First Show at Mandalay
ပထမဆုံး Alpine Music Tour အနေဖြင့် ၂၀၀၉၊ ဇန်န၀ါရီ ၂၄+၂၅ ရက်ညများတွင် မန္တလေးမြို့၊ ဆီဒိုးနားဟိုတယ် ရေကူးကန် နံဘေး၌ ကျင်းပသွားကြောင်း သိရသည်။ လေးဖြူနှင့် အတူ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ R ဇာနည်၊ နောနော် တို့က Iron Cross Band နှင့်အတူ မန္တလေး ပရိသတ်ကို ဖျော်ဖြေခဲ့သည်။
လက်မှတ်ဈေးကြီးလွန်းတယ်

လေးဖြူနှင့် IC စတိတ်ရှိုးကို ကြည့်ချင်သည့် မန္တလေးပရိသတ်များအတွက် အဓိက အဟန့်အတားမှာ ကြီးမားလှသည့် ဈေးနှုန်း (၃၀၀၀၀၊ ၂၀၀၀၀၊ ၁၂၀၀၀ ကျပ်) ဖြစ်သည်။ သို့သော် တတ်နိုင်သူများကတော့ အပြုံးမပျက်ဘဲ ဆီဒိုးနားပွဲကို လာကြည့်ကြသည်။ ဆီဒိုးနားဟိုတယ်ရှေ့ စတိတ်ရှိုးဝင်ပေါက်၌ မှောင်ခိုလက်မှတ်ရောင်းသူများလည်း ရှိကြောင်း သိရသည်။

(အင်တာဗျူးတစ်ခုတွင် လေးဖြူက မန္တလေး၌ သီချင်းဆိုရမည်ဆိုလျှင် `ဗထူးကွင်းဆို ရှယ်ပဲနော်´ ဟု ဖြေဆိုဖူးသည်။ ကြားသိရသော သတင်းများအရ စစ်အဆိုးရက ဗထူးကွင်းတွင် ကျင်းပခွင့်မပေးကြောင်း သိရသည်။ ဗထူးကွင်းတွင် ပရိသတ်အများအပြားဆန့်သောကြောင့် လက်မှတ်ဈေးနှုန်းများလည်း ယခုထက် ပိုနည်းဖွယ်ရှိသည်)

သနားစရာ

သနားစရာကောင်းသည်မှာ ကြီးမြင့်လှသည့်ဈေးနှုန်းကြောင့် စတိတ်ရှိုးဝင်မကြည့်နိုင်သည့် လေးဖြူနှင့် IC ကိုချစ်သော ပရိသတ်များဖြစ်သည်။ ရုပ်မမြင်ဘဲ အသံသာကြားနိုင်သော ဆီဒိုးနား ဟိုတယ် ပြင်ပ၊ စတိတ်ရှိုးကျင်းပရာနေရာ၏ နောက်ကျောဘက် ၂၇ လမ်းနှင့် ဘေး ၆၆ လမ်းများတွင်လည်း လက်မှတ်ဖိုး မတတ်နိုင်သည့် ပရိသတ် အများအပြားကို တွေ့ရကြောင်း သိရသည်။

ပွဲကြမ်းပြီ


လက်မှတ်ဝယ်ပြီး ဒုတိယနေ့ စတိတ်ရှိုးကို ကိုယ်တိုင်ကြည့်ခဲ့ရသော ပရိသတ်တစ်ဦးကတော့ သူ၏ အတွေ့အကြုံကို ယခုလို ပြန်ပြောပြပါသည်။


``ကျွန်တော်က သုံးသောင်းတန်း လက်မှတ်ဝယ်ပြီး ၀င်ကြည့်တာဗျ။ အစကတော့ ပရိသတ်က ငြိမ်နေသေးတယ်။ လေးဖြူအလှည့်လည်း ရောက်ရော နောက်က ၁၂၀၀၀ တန်းက ပရိသတ်တွေက ရှေ့က သံဆူးကြိုးအတားအဆီးတွေကိုတောင် ဖျက်ပြီး ရှေ့ကို တက်လာတော့ သုံးသောင်း၊ နှစ်သောင်းတန်းတွေလည်း ၁၂၀၀၀ တန်းနဲ့ အတူတူဖြစ်သွားတော့တာပဲဗျို့။ မန္တလေးပရိသတ်က စတိတ်ရှိုးကြည့် အကျင့်နည်းလို့ထင်တာပဲ။ အတော်ကြမ်းတယ်ဗျို့။ ဘေးနားရှိတဲ့ ရေကူးကန်ထဲ ဆင်းကူးတဲ့လူက ကူးကြ၊ ရန်ဖြစ်တဲ့လူက ဖြစ်ကြ၊ ပွဲပြီးကာနီးတော့ စင်ပေါ်ကိုတောင် ထိုင်ခုံတွေနဲ့ လှမ်းပေါက်တဲ့လူက ပေါက်ကြနဲ့။ အဆိုတော်တွေလည်း စိတ်အတော်ညစ်သွားတယ် ပြောတယ်။ အဆိုတော်တွေလည်း သီချင်းအပုဒ်ရေကို လျှော့ဆိုလိုက်ရတယ်တဲ့။ ဒီအထဲ ဟိုတယ်အပြင်ဘက်က ခဲနဲ့ လှမ်းထုတာက ပါသေးသဗျ။ စက်အဖွဲ့သားတစ်ယောက်တော့ ခေါင်းကွဲသွားတယ် ပြောတာပဲ။´´
``ပရိသတ်ကတော့ ထုံးစံအတိုင်း ဘယ်အဆိုတော် စင်ပေါ်တက်တက် လေးဖြူ ... လေးဖြူ... ချည်းပဲ လှိမ့်အော်ကြတာပဲ။ အဆိုတော်တွေကတော့ အပေးအယူမျှအောင် ဖျော်ဖြေသွားပါတယ်။ လေးဖြူကလည်း မန္တလေးပရိသတ်ကို ``ဒီပရိသတ်ထဲ နန်းရှေ့က ပါလား... ပိုက်ကျုံးက ပါလား... မြောက်ပြင်က ပါလား... အစသဖြင့် ရှေ့ကမေး၊ ပရိသတ်ကလည်း ပါတယ်...ပါတယ်...ပါတယ်...ပြန်အော် အစသဖြင့်ပါပဲ။ အဆိုတော်တွေနဲ့ အတူ ပရိသတ်ကလည်း သီချင်းတွေ လိုက်ဆိုနဲ့ပါပဲ။´´

24 January 2009

100th Anniversary U Thant

100th Anniversary U Thant
(http://www.un.org)


Former secretary-general

U Thant , who served as Secretary-General of the United Nations from 1961 to 1971, was chosen to head the world body when Secretary-General Dag Hammarskjold was killed in an air crash in September 1961.

U Thant was born at Pantanaw, Burma, on 22 January 1909, and was educated at the National High School in Pantanaw and at University College, Rangoon.

Prior to his diplomatic career, U Thant's experience was in education and information work. He served as Senior Master at the National High School, which he had attended in Pantanaw, and in 1931, he became Headmaster after winning first place in the Anglo-Vernacular Secondary Teachership Examination.

He was a member of Burma's Textbook Committee and of the Council of National Education before World War II, and was an Executive Committee member of the Heads of Schools Association. He was also active as a free-lance journalist.

In 1942, U Thant served for a few months as Secretary of Burma's Education Reorganization Committee. In the following year, he returned to the National High School as Headmaster for another four years.

U Thant was appointed Press Director of the Government of Burma in 1947. In 1948, he became Director of Broadcasting, and in the following year, he was appointed Secretary to the Government of Burma in the Ministry of Information. In 1953, U Thant became Secretary for projects in the Office of the Prime Minister, and in 1955, he was assigned additional duties as Executive Secretary of Burma's Economic and Social Board.

At the time of his appointment as Acting Secretary-General of the United Nations, U Thant had been Permanent Representative of Burma to the United Nations, with the rank of Ambassador (1957-1961).

During that period, he headed the Burmese delegations to the sessions of the General Assembly, and in 1959, he served as one of the Vice-Presidents of the Assembly's fourteenth session. In 1961, U Thant was Chairman of the United Nations Congo Conciliation Commission and Chairman of the Committee on a United Nations Capital Development Fund.

During his diplomatic career, U Thant served on several occasions as Adviser to Prime Ministers of Burma.

U Thant began serving as Acting Secretary-General since 3 November 1961, when he was unanimously appointed by the General Assembly, on the recommendation of the Security Council, to fill the unexpired term of the late Secretary-General, Dag Hammarskjold. He was then unanimously appointed Secretary-General by the General Assembly on 30 November 1962 for a term of office ending on 3 November 1966.

U Thant was re-appointed for a second term as Secretary-General of the United Nations by the General Assembly on 2 December 1966 on the unanimous recommendation of the Security Council (resolution 229, 1966). His term of office continued until 31 December 1971.

U Thant received honorary degrees (LL.D) from the following universities: Carleton University, Ottawa, Canada (25 May 1962); Williams College, Williamstown, Massachusetts (10 June 1962); Princeton University, Princeton, New Jersey (12 June 1962); Mount Holyoke College, South Hadley, Massachusetts (2 June 1963); Harvard University, Cambridge, Massachusetts (13 June 1963); Dartmouth College, Hanover, New Hampshire (16 June 1963); University of California at Berkeley, California (2 April 1964); University of Denver, Denver, Colorado (3 April 1964); Swarthmore College, Swarthmore, Pennsylvania (8 June 1964); New York University, New York (10 June 1964); Moscow University, Moscow, Soviet Union (30 July 1964); Queen's University, Kingston, Ontario (22 May 1965); Colby College, Waterville, Maine (6 June 1965); Yale University, New Haven, Connecticut (14 June 1965); University of Windsor, Windsor, Ontario, Canada (28 May 1966); Hamilton College, Clinton, New York (5 June 1966); Fordham University, Bronx, New York (8 June 1966); Manhattan College, New York (14 June 1966); University of Michigan, Ann Arbor, Michigan (30 March 1967); Delhi University, New Delhi, India (13 April 1967); University of Leeds, England (26 May 1967); Louvain University, Brussels, Belgium (10 April 1968); University of Alberta, Edmonton, Canada (13 May 1968); Boston Unversity, Boston, Massachusetts (19 May 1968); Rutgers University, New Brunswick, New Jersey (29 May 1968); University of Dublin (Trinity College), Dublin, Ireland (12 July 1968); Laval University, Quebec, Canada (31 May 1969); Columbia University, New York City (3 June 1969); the University of the Philippines (11 April 1970); and Syracuse University (6 June 1970). He also received the following honorary degrees: Doctor of Divinity, The First Universal Church (11 May 1970); Doctor of International Law, Florida International University, Miami, Florida (25 January 1971); Doctor of Laws, University of Hartford, Hartford, Connecticut (23 March 1971); Doctor of Civil Laws degree, honoris causa, Colgate University, Hamilton, New York, (30 May 1971); Doctor of Humane Letters, Duke University, Durham, North Carolina (7 June 1971).

U Thant retired at the end of his second term in 1971 and he died on 25 November 1974 after a long illness. He was 65 years old.

** Formerly known as Burma.

22 January 2009

A Good Special Article from Ah Tway Ah Myin

ဖွတ်ထွက်လာအောင် လုပ်ရမည်


(အတွေးအမြင်၊ အမှတ်(၂၀၁)၊ ၂၀၀၈၊ ဒီဇင်ဘာလ မှ အယ်ဒီတာ့အာဘော်)




အတွေးအမြင်၊ ဒေါင်းစာပေ (e-mail: daung73@gmail.com)

18 January 2009

BURMA MEDIA FIGHTING in 2008

သတင်းသမားများ နှင့် ၂၀၀၈
Thursday, 15 January 2009 18:38 အေးချမ်းမြေ့
(ဧရာဝတီ မှ ကူးယူဖော်ပြသည်)


၂၀၀၈ ခုနှစ်တွင် ပြည်တွင်း ဂျာနယ်လစ်များ အနေနှင့် အာဏာ ပိုင်များ၏ ဖမ်းဆီး ထောင်ချ ခံရခြင်း၊ ခြိမ်းခြောက် ခံရခြင်းတို့ ကြုံတွေ့ ရင်ဆိုင်ခဲ့ ရသည်နှင့် တပြိုင် နက်တည်း ပြည်ပ (ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ) အခြေစိုက် မီဒီယာများသည်လည်း အင်တာနက် ဆိုက်ဘာတိုက်ခိုက်မှုဒဏ်ကို အပြင်းအထန်ခံခဲ့ရသဖြင့် မြန်မာဂျာနယ်လစ်များအတွက် အခက်အခဲများနှင့် ရောပြွမ်းနေသော နှစ်တနှစ်ဟု ဆိုရမည် ဖြစ်သည်။

ထို့ပြင် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့် ၂၀၀၈ မေလဆန်းက ဝင်ရောက်မွှေနှောက်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊ ဆောင်းပါးများကို ပြည်တွင်း ပြည်ပရှိ မြန်မာ မီဒီယာများက အချိန်နှင့် တပြေးညီ ဆွဲထုတ် တင်ပြနိုင်ခဲ့သည့်အတွက် မြန်မာပြည်ကို နိုင်ငံတကာက ထူးထူးခြားခြား အာရုံစိုက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

တချိန်တည်းတွင် ပြည်တွင်းရှိ သတင်းသမားများကို အာဏာပိုင်များက တင်းကျပ်စွာစောင့်ကြည့်ခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်းတွင် ဖမ်းဆီးခံရသည့် မီဒီယာသမား ၁၁ ဦးရှိပြီး ၉ ဦးမှာ ထောင်ချခံရသည်။ ကျန် ၁ ဦးကို ချုပ်ရက် ၆ လကျော်ကြာသည့်တိုင် စီရင်ချက် မချသေးပေ။

ကံကောင်းထောက်မစွာဖြင့် ပြည်တွင်း၌ ဂျာနယ်လစ်များ အသတ်ခံရသည်ဟူသော သတင်းမျိုးတော့ မကြားရပါ။ အီရတ်၊ ဆိုမာလီနှင့် အာဖဂန်နစ္စတန်တို့ရှိ သတင်းထောက်များထက် စာလျှင် တော်သေးသည်ဟု ဆိုရမည် ဖြစ်သည်။

ပြည်တွင်းရှိ သတင်းသမားများအတွက် အကြီးမားဆုံးသော အခက်အခဲမှာ စာပေစိစစ်ရေးနှင့် အပတ်စဉ် ရင်ဆိုင်နေရ ခြင်းဖြစ်သည်။ စာပေစိစစ်ရေးနှင့် ရင်ဆိုင်ရာတွင် ပုံစံမတူ မူကွဲများနှင့် ကြုံတွေ့ ကြရသည်။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို တနင်္လာ၊ အင်္ဂါတွင်ဖြန့်ချိသည့် ဂျာနယ်တချို့တွင် ခွင့်ပြု ခဲ့ပြီးမှ နောက်ပိုင်းရက်ထွက်မည့် ဂျာနယ်များတွင် ထည့်ခွင့်ပိတ်ပင်လိုက်ခြင်းမျိုး ဖြစ်ဖူးကြောင်း ရန်ကုန် အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပြသည်။

စိစစ်ရေး၏ မူဝါဒကို လိုက်နာခြင်းမရှိဟုဆိုကာ ဂျာနယ်အပိတ်ခံရခြင်း၊ ဂျာနယ်တိုက်ဝန်ထမ်းများကို ဖိအားပေး နုတ်ထွက်ခိုင်းခြင်းများ ရှိသည်။ ၂၀၀၈ နှစ်ဆန်းပိုင်းကာလက မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ဖော်ပြခဲ့သော ဂြိုဟ်တု စလောင်း သတင်းကြောင့် အယ်ဒီတာများဖြစ်သော မနွယ်နွယ်အေး ဦးမြင့်စိုး၊ ကိုဝင်းညွန့်လွင် နှင့် သတင်း ထောက်ချုပ် ကိုဝင်းကျော်ဦးတို့ကို ဖိအားပေး နုတ်ထွက် ခိုင်းခဲ့သည်။ ချယ်ရီမဂ္ဂဇင်းမှ အယ်ဒီတာ တဦးလည်း အလားတူ နုတ်ထွက်ပေးခဲ့ရသည်။

သစ္စာ (True News) အပတ်စဉ် ဂျာနယ်သည် ထိုင်းနိုင်ငံဖူးခက်နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှ မြန်မာကလေး အလုပ်သမားဓာတ်ပုံကို ဖော်ပြခဲ့သောကြောင့် ထုတ်ဝေခွင့် ၁ လ ပိတ်ပင်ခံခဲ့ရပြီး အက်ရှင်တိုင်းမ်စ် ဂျာနယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်သတင်းကို အသေးစိတ် ဖော်ပြခဲ့သောကြောင့် ၂ လ ပိတ်ခံခဲ့ရသည်။ ပိတောက်ပွင့်သစ် မဂ္ဂဇင်းသည်လည်း အိုးဝေဦးညိုမြနှင့်ပတ်သက်၍ မျက်နှာဖုံးသတင်း ဆောင်းပါး ရေးသားခဲ့သောကြောင့် ထုတ်ဝေခွင့် ယာယီ ပိတ်ပင်ခံခဲ့ရသည်။

“စိစစ်ရေးက ဖြတ်ဖို့မေ့သွားပြီး ဂျာနယ်ထွက်လာတော့မှ ဆိုင်ပေါ်ကနေ ပြန်သိမ်းပါ ဆိုတာမျိုးတွေလည်း ကြုံဖူးတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက ဆိုသည်။

အပတ်စဉ် စာစစ်မှူးများကို ဂျာနယ်မူကြမ်းတင်ပြသည့် နေ့တွင် ငွေပေးရသည်၊ အရာရှိအားလုံးအတွက် အချိုရည် နှင့် မုန့်များ ဝယ်ပေးရသည်၊ ညွှန်မှူးနှင့်တကွ အကြီးတန်းအရာရှိများကို တလတခါ ပဲဆီပုံး ဝယ်ပေးခြင်း၊ တနှစ် တခါ လက်ဆောင်ခြင်းများပေးပို့ခြင်း ပြုလုပ်ရသည်၊ ထိုသို့ပေးရန်ပျက်ကွက်ပါက ငြိုငြင်ပြောဆိုခံရသည်၊ ပညာပြ တတ်သည်ဟု ၎င်းက ပြောပြသည်။ နှစ်စဉ် စာပေစိစစ်ရေး၏ ကထိန်ပွဲ၊ သင်္ကြန်ရုံးပိတ်ရက် အပျော်ခရီး တို့အတွက် ဂျာနယ်တိုက်များက ရန်ပုံ ငွေ ထည့်ဝင်ပေးရသေးသည်။ စိစစ်ရေး ညွန်ကြားရေးမှူး ခရီးထွက်နေချိန် မျိုးတွင် ကျန်ရှိနေသူ မည်သူတဦး တယောက်ကမှ တာဝန်မခံရဲဘဲ ပိုမိုစိစစ် ဖြတ်တောက်ခြင်းများ ကြုံတွေ့ ကြရကြောင်း ကြားသိရသည်။

“ပြည်တွင်းက သတင်းအယ်ဒီတာတွေအားလုံး စိစစ်ရေးမှူးတွေရဲ့ အဟိန်းအဟောက် မခံရဘူးသူ မရှိဘူး။ မတော်တဆ မှားသွားတာပါလို့ ခံဝန်လက်မှတ်မထိုးဖူးတဲ့သူလည်း မရှိဘူး” ဟု သူက ဆက်ပြောသည်။

၂၀၀၈ ခုနှစ်ထဲတွင် အစိုးရ ဌာနဆိုင်ရာရုံးများမှ သတင်းရယူရန် ပိုမိုခက်ခဲလာသည်၊ အစိုးရ ဌာနများက သတင်းသမားများနှင့် ပူးပေါင်းဆောက်ရွက်ခြင်း မပြုသလောက် ဖြစ်လာသည်၊ သတင်း ထုတ်ပြန်ရန် ငြင်းဆိုလာကြသည်။ ထို့ပြင် သတင်းမှန်ပါလျှက် သူတို့မပြောဘဲ ရေးပါသည်ဟုဆိုကာ တရားစွဲမည် ဟု ခြိမ်းခြောက်ခံကြရသည်။

ဌာနဆိုင်ရာသတင်းများတွင် ပြောသူအမည်နှင့် ရာထူးကို ထည့်သွင်းရမည်ဟု စိစစ်ရေးက ညွှန်ကြားသည်နှင့် တပြိုင်နက်တည်း ဌာနဆိုင်ရာများကလည်း ထည့်သွင်းပေးရန် ကြောက်ရွံ့သဖြင့် သတင်းများစွာ ဖော်ပြ ရေးသားခွင့် ဆုံးရှုံးရသည်။ ဝန်ကြီးဌာနများနှင့် တရားရင်ဆိုင်နေရသည့် သတင်းထောက်များစွာ ရှိသည်။

နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော အင်းလျားလမ်း ၅ လောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ဈာပန အခမ်းအနား ဆောင်းပါးကို ရေးသားခဲ့သော ဆဲဗင်းဒေးနယူးစ် ဂျာနယ်မှ အယ်ဒီတာ မငြိမ်းငြိမ်းနိုင် တရားစွဲဆို ခံခဲ့ရသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းအတွင်း လွတ်လပ်စွာသွားလာ သတင်းယူခွင့်မရှိပေ။ မှုခင်းသတင်းများကို ၂၀၀၈ ခုနှစ်အတွင်း အစိုးရသတ်မှတ်ပေးထားသည့် နေရာများတွင်သာ ၎င်းတို့ ရှင်းလင်း ပြသည့်အတိုင်း ရယူပြီး ရေးကြရသည်။ မိမိ လိုက်လိုသည့် ဒေသခံ ရဲစခန်းများတွင် သတင်းယူခွင့် လုံးဝ မရှိတော့ပေ။

၂၀၀၈ ခုနှစ်ထဲတွင် ပြည်တွင်းသတင်းသမားများကို ခေါ်ယူ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ ပိုမိုများပြား လာသည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း လူမှုကူညီရေး လုပ်ငန်း များတွင် ပါဝင်သောကြောင့် ဖမ်းဆီးခံရသူများ ရှိသည်။ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ အဖမ်းအဆီးခံရသည့် သတင်းသမား ၄ ဦးရှိသည်။ ၃ ဦးမှာ ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့သော အဖမ်းခံရခြင်းဖြစ်ပြီး ၁ ဦးမှာ ဆိုင်ကလုန်းနှင့်ပတ်သက်သည့် မှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယိုများ ထိုင်းနိုင်ငံသို့ မသယ်ဆောင်သွားမီ အဖမ်းခံရ ခြင်းဖြစ်သည်။

မတရား အမှုဆင်၍ ဖမ်းဆီးခံရသူများလည်း ရှိသည်။ ထို့ပြင် ပြောမှားဆိုမှားဖြစ်၍ တရားစွဲဆိုထောင်ချ ခံရသူများလည်း ရှိသည်။ အချုပ်ထဲတွင် ၂ လကျော် နေခဲ့ရသည့် ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက် ကိုစောမြင့်သန်းကို ဥပမာပေးကာ သတင်း သမားများ ခေါင်းမထောင်ရဲအောင် ပြုလုပ်ခဲ့သည်။

ကိုစောမြင့်သန်းသည် သင်္ဃန်းကျွန်းလူသတ်မှုသတင်းကို ရေးသားခဲ့ရာ မြို့နယ်ရဲစခန်းတခုမှ ခေါ်ယူခြိမ်းခြောက် ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်သည့် သတင်းကို ဧရာဝတီမဂ္ဂဇင်းမှ ရေးသားခဲ့သဖြင့် ကိုစောမြင့်သန်းကို ဖမ်းဆီး သွားခဲ့သည်။

ကဗျာဆရာစောဝေသည်လည်း အချစ်ဂျာနယ်တွင် “အာ နာ ရူး ကြီး မှူး ကြီး သန်း ရွှေ” ဟူသည့် စကားလုံးများ ပါဝင်သည့် ကဗျာ ရေးသားခဲ့သဖြင့် ဖမ်းဆီးခံရသည်။

ထို့ပြင် ယခုလအတွင်း လွတ်လပ်သော အာရှအသံ (အာအက်ဖ်အေ) ၏ ထုတ်လွှင့်ချက် တခုတွင် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၏ ပြည်တွင်းအခြေစိုက် သတင်းထောက် ၉ ဦး အဖမ်းခံထားရကြောင်း ၎င်း ရုပ်သံသတင်း ထောက် ကိုကျော်မင်းသက်က အတည်ပြုပြောကြားခဲ့သည်ဟု ပါရှိသည်။ ဖမ်းရသည့် အကြောင်းရင်းမှာ စစ်အစိုးရ၏ လျှို့ဝှက်ချက်ကို နိုင်ငံတကာကသိရှိစေရန် ဖော်ထုတ်သောကြောင့်ဟု သိရသည်။

ချင်းမိုင်အခြေစိုက် ဧရာဝတီမဂ္ဂဇင်း၏ မန်နေးဂျင်းအယ်ဒီတာ ကိုကျော်စွာမိုးကလည်း “စစ်အစိုးရကတော့ ဂျာနယ်လစ်တွေရဲ့ ရန်သူဖြစ်နေတုန်းပဲ” ဟု ဆိုသည်။ ၎င်းက စစ်အစိုးရ ဆက်အုပ်ချုပ်နေသရွေ့ မီဒီယာလောက အခြေအနေမှာ အပြောင်းအလဲ ရှိရန် မမြင်ဟု ဆက်ပြောသည်။

စားဝတ်နေရေး ကြပ်တည်းမှုသည်လည်း ပြည်တွင်း သတင်းသမားများအတွက် အရေးပါလှသည့် အခက်အခဲ တခုဖြစ်သည်။ အလုပ်သင် သတင်းထောက်တယောက်၏ လစာမှာ ကျပ် ၃၀၀၀၀ ခန့်သာရှိပြီး ၎င်း၏ အရည် အသွေးပေါ်မူတည်၍ တဖြည်းဖြည်း မြင့်တက်သွားရာ အမြင့်ဆုံးမှာ ကျပ် ၇၀၀၀၀ ခန့်သာ ရှိသည်။ ရန်ကုန် လူနေမှုစရိတ်အရ တဦးချင်း အသုံးစရိတ်မှာ နေ့စဉ် ကျပ် ၁၅၀၀ ခန့်ရှိသောကြောင့် မလောက်ငပေ။

အမြင့်ဆုံးအယ်ဒီတာတဦးပင် လစာ ကျပ် ၃၀၀၀၀၀ ခန့်သာ ရရှိသဖြင့် အိမ်ထောင်ရှိသူဆိုလျှင် ငွေကြေး မလောက်ငသည့် ပြဿနာ ရင်ဆိုင်ရသည်။ ရန်ကုန်တွင် အိမ်ငှားခ၊ တိုက်ခန်းငှားခ ဈေးမှာ အဆမတန် မြင့်မားသည်။ အိမ်ငှားခ သက်သာသည့် မြို့ပြင်ဒေသများမှ လာရလျှင် ခရီးစရိတ်နှင့် အချိန်ကုန်သောကြောင့် မထူးလှပေ။

သတင်းထောက်အားလုံး နီးပါးတွင် ကိုယ်ပိုင် အသံဖမ်းစက်နှင့် ကင်မရာမရှိကြ။ ရုံးမှ ထုတ်ပေးသော ထိုပစ္စည်းများ ထိခိုက်ပျက်စီးလျှင် ကိုယ်ပိုင်ငွေထဲမှ စိုက်လျှော်ရသည်။

[မြန်မာပြည်တွင်းရှိ စာနယ်ဇင်းသမားများအဖို့ ဟန်းဖုန်းနှင့် ခရီးဆောင်ကွန်ပျူတာ ပိုင်ဆိုင်ဖို့ ဆိုသည်မှာ အိပ်မက်တခုအလားပင် (ဓာတ်ပုံ - ဧရာဝတီ)]

“ရန်ကုန်က သတင်းထောက်တွေအတွက် ဟန်းဖုန်းတို့ လက်ပ်တော့ပ်တို့ ပိုင်ဖို့ဆိုတာ အိပ်မက်တခုပါပဲ” ဟု သတင်း အယ်ဒီတာတဦးက စိတ်ပျက်လက်ပျက် ပြောကြားသည်။

ပြည်တွင်းရှိ ဂျာနယ်နှင့် မဂ္ဂဇင်း အစောင် ၃၀ ထက်မနည်း နှစ်စဉ်သက်တမ်းတိုးခ မတတ်နိုင်တော့သော ကြောင့် ၂၀၀၈ ဒီဇင်ဘာလအတွင်း ထုတ်ဝေခွင့်လိုင်စင်များ ရုတ်သိမ်းခံခဲ့ရသည်။

ပြည်ပမီဒီယာများ၏ အခက်အခဲများသည်လည်း သေးငယ်လှသည်ဟု မဆိုသာပေ။ ၂၀၀၈ ခုနှစ်ထဲတွင် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာမီဒီယာများ၏ အင်တာနက် စာမျက်နှာများကို အကြီးအကျယ် အတိုက်အခိုက် ခံခဲ့ရသည်။ တိုက်ခိုက်ခံရသည့် မီဒီယာများထဲတွင် ဧရာဝတီ၊ မဇ္ဇျိမ၊ ခေတ်ပြိုင် နှင့် DVB ဝက်ဘ်ဆိုက်များ ပါဝင်သည်။

၎င်းဝက်ဘ်ဆိုက်များထဲမှ ၃ ခုမှာ DDoS (Distributed denial- of- service) နည်းပညာဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး နောက်ထပ်တိုက်ခိုက်မှု မကြုံတွေ့ရစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း ကြရသည်။

“ကျနော်တို့ ဝက်ဘ်ဆိုက်ဆိုရင် ၂၀၀၈ ထဲမှာကို တိုက်ခိုက်ခံရတာ ၃၊ ၄ ကြိမ်လောက်ရှိမယ်။ သေချာကို ရည်ရွယ်ချက်နဲ့၊ အုပ်စုလိုက်နှောင့်ယှက်နေတယ် ဆိုတာ သိရတယ်” ဟု မဇ္ဇျိမ သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ကိုမုံပီးက ပြောပြသည်။

ထို့ပြင် နအဖ ဘက်တော်သားများ၏ သတင်းလွှဲမှု၊ သတင်းမှားများ ပေးမှုကိုလည်း မကြာခဏ ကြုံတွေ့ရသည်ဟု သူက ဆိုသည်။

“သတင်းတွေကို အမှား၊ အမှန် သေချာ အတည်မပြုနိုင်လို့ လက်လွှတ်လိုက်ရတာတွေ အများကြီးပဲ” ဟု ၎င်းက ဆက်ပြောသည်။

ပြည်ပရှိ အတိုက်အခံ မီဒီယာများတွင် ပြည်တွင်းမီဒီယာများကဲ့သို့ စာပေစိစစ်ရေးကို တင်ပြစရာမလိုသော်လည်း မိမိစာကို မိမိသေချာစွာ စိစစ် တည်းဖြတ်နေရသည့် ပြဿနာ ရှိသည်။ ကိုယ်တိုင်စိစစ် ဖြတ်တောက်ခြင်း မလုပ်မိပါက ခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့ရနိုင်သည်။

ပြည်တွင်းမှ သတင်းရင်းမြစ်များ၏ အရုပ်များ၊ အသံများ၊ နာမည်များ ပေးမသုံးခြင်းသည်လည်း အခက်အခဲ တခုဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် DVB ရုပ်သံမှ အယ်ဒီတာ ဦးခင်မောင်စိုးကပြောသည်။

“အဲဒါက အဆိုးဆုံးပေါ့ဗျာ။ တချို့ DVB ကမို့ မပေးဘူး ဆိုတာမျိုး ခဏ ခဏ ကြုံရတယ်ဗျ” ဟု ၎င်းကဆိုသည်။

ဝါရှင်တန်ဒီစီ အခြေစိုက် VOA ရေဒီယိုအစီစဉ်၏ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကလည်း ၂၀၀၈ ခုနှစ်အတွင်းတွင် ၎င်းတို့မီဒီယာအနေနှင့် သတင်းလိုက်ရခက်ခဲသည့် ပြဿနာနှင့် အကြီးအကျယ် ကြုံတွေ့ ရသည်ဟု ပြောပြသည်။ မြန်မာပြည်တွင်းသို့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဝင်မွှေသွားပြီး နောက်ပိုင်း VOA ရေဒီယိုအစီအစဉ်က သတင်းများရယူလွှင့်ထုတ်နိုင်ရန် ကြိုးစားသော်လည်း နအဖစစ်အစိုးရက ဆက်သွယ်ရေးများ ဖြတ်တောက်လိုက်သဖြင့် အခက်အခဲတွေ့ရသည်ဟု ၎င်းကဆက်ပြောပြသည်။

စစ်အစိုးရအနေနှင့် ပြည်တွင်း၌ ဖြစ်ပျက်နေသည့် အခြေအနေမှန်များကို နိုင်ငံတကာအား မသိစေလိုခြင်းက အဓိက ပြဿနာတခု ဖြစ်နေကြောင်း သူကထောက်ပြသည်။ ထိုသို့ ပိတ်ဆို့ခံရမှုကြောင့် သတင်းသမားတို့ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကာ သတင်းရင်းမြစ်များ မဖော်ပြနိုင်သည့် အနေအထား ရှိခဲ့သည်ဟု ဦးသန်းလွင်ထွန်းက ဆိုသည်။

ပြည်တွင်း၌ သတင်းစာပညာနှင့်ပတ်သက်၍ လေ့လာ သင်ယူစရာ သင်တန်းများ၊ ကျောင်းများ သေသေချာချာ မရှိခြင်းသည်လည်း သတင်းလောကသို့ စမ်းတဝါးဝါး ဝင်ရောက်လာသည့် လက်သင် သတင်းထောက်များ အတွက် အခက်အခဲများနှင့်ကြုံတွေ့ရသည်။

ယခုနောက်ပိုင်းတွင် မြန်မာပြည်တွင်း၌ သတင်းထောက်အလုပ်ဆိုသည်မှာ တခြားသော အရောင်းဝန်ထမ်း၊ ကြော်ငြာဈေးကွက် ရှာဖွေသူ၊ ကုမ္ပဏီ စာရေး စသူတို့ကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းတရပ်ဖြစ်နေရာ တက္ကသိုလ် ၄ နှစ်တက်ပြီး မည်သည့်အလုပ် လုပ်ရမည် မသေချာသေးခင် အလုပ်တခု ရရာဝင်လျှောက်သည့် သဘောဖြင့် ဝင်လာကြသူ များပြားကြောင်း ပြည်တွင်း မီဒီယာတခုမှ အကြီးတန်း အယ်ဒီတာတဦးကပြောသည်။

ပြည်ပ မီဒီယာများတွင်မူ လူသားရင်းမြစ် ရှားပါးသောကြောင့် ရွေးချယ်စရာ အခွင့်အလမ်း အလွန်နည်းပါးသည်။ ပြည်ပအခြေစိုက် မီဒီယာများသည် ပြည်ပသို့ ရောက်ရှိပြီးဖြစ်သော နိုင်ငံရေးလှုပ်ရှားသူများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကို နီးစပ်ရာဆွဲခန့်ပြီး မီဒီယာပညာရပ်နှင့်ပတ်သက်၍ လက်ပူတိုက်သင်ကြားပေးကြရသည်။

ပြည်ပ မီဒီယာတိုင်းအတွက် ပြည်တွင်းတွင်အခြေစိုက် လုပ်ကိုင်သတင်းပေးပို့နေသည့် သတင်းထောက်များ ရှိသော်လည်း ထိုသူတို့၏ အန္တရာယ်မှာ ကြီးမားလှသည်။

“အခုက ပြည်တွင်းမှာ ကင်မရာကိုင်တဲ့သူဆိုရင်ကို စိတ်မချရတော့ဘူး။ နောက်က တကောက်ကောက် လိုက်စောင့် ကြည့်နေတာ” ဟု DVB ၏ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပြောပြသည်။

ဆက်လက်၍ ၎င်းက အာဏာပိုင်များအနေနှင့် ပြည်တွင်းမှ သတင်းများ ပြည်ပသို့မရောက်ရှိနိုင်ရန် နည်းမျိုးစုံနှင့် တားဆီးပိတ်ပင်သော်လည်း မီဒီယာများက ကမ္ဘာကသိအောင် လုပ်ပေးနိုင်နေဆဲဖြစ်သည်ဟု ဆိုသည်။

မဇ္ဇျိမ သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ကိုမုံပီးကလည်း “ပြည်တွင်းက ကျနော်တို့သတင်းထောက်တွေရဲ့ လုံခြုံရေးက အရမ်းကိုအရေးကြီးလာတယ်။ သူတို့က လုံခြုံရေးကိုငဲ့နေရတော့ စိတ်ရှိလက်ရှိ သတင်း မလိုက်နိုင် ကြဘူးပေါ့” ဟု ပြောပြသည်။

ပြည်ပမီဒီယာများတွင် အလုပ်လုပ်နေသည့် သတင်းသမားအားလုံးလိုလို ကြုံတွေ့ရသည့် ပြဿနာတခုမှာ နေထိုင်ခွင့် ဗီဇာဖြစ်သည်။ အများစုမှာ မြန်မာနိုင်ငံကူးလက်မှတ်နှင့် တခြား နိုင်ငံရေးနှင့်ပတ်သက်သည့် နိုင်ငံကူး လက်မှတ်များ တရားဝင်ကိုင်ဆောင်ထားကြသော်လည်း ၎င်း နိုင်ငံကူးလက်မှတ် ရှင်သန်နေရန် ၃ လတခါ ပြည်ပနိုင်ငံများသို့ ထွက်ခွာပြနေရသည်။

တရားဝင် ပတ်စ်ပို့ မကိုင်ဆောင်ထား သူတို့မှာမူ ခရီးတိုထွက်ရန်ပင် ခက်ခဲပြီး နေ့စဉ် သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်များ၏ ဖမ်းဆီးမှုရန်မှ ကင်းဝေးရန် ရှောင်တိမ်းနေကြရသည်။ တချို့မှာ တတိယနိုင်ငံသို့ထွက်ပြီး တရားဝင် နေထိုင်ခွင့်ရရန် ကြိုးပမ်းကြရသော ကြောင့် အနည်းဆုံး သုံး၊ လေး၊ ငါး နှစ်ခန့် မိမိမီဒီယာကို စွန့်ခွာကြရသည်။

ငွေကြေးမရေရာမှုသည်လည်း ပြည်ပမီဒီယာများကြုံတွေ့ရသည့် အခက်အခဲထဲတွင် ပါဝင်သည်။ ၎င်းမီဒီယာများ အားလုံးမှာ စီးပွားဖြစ် မဟုတ်သော မီဒီယာများဖြစ်နေပြီး ထောက်ပံ့ငွေကြေး (Funding) ချပေးသည့် အဖွဲ့အစည်းများပေါ်တွင်သာ တည်မှီ လုပ်ကိုင်နေကြရသဖြင့် နှစ်စဉ် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်ရသည့် မီဒီယာများရှိသည်။ ယခု ကာလကဲ့သို့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်တွင် ထောက်ပံ့ငွေဖြင့် ရပ်တည်နေရသော မီဒီယာ အဖွဲ့အစည်းများ မျက်ခုံးလှုပ်ရသည့် ကာလဖြစ်သည်။

“ပိုက်ဆံကတော့ ကျနော်တို့အတွက် စိန်ခေါ်မှုတရပ်ပေါ့ဗျာ။ ဒါပေမယ့် ၂၀၀၈ ခုနှစ်ထဲမှာ လုံးဝ ရပ်သွားရ လောက်အောင်ထိတော့ မကြုံခဲ့ရပါဘူး” ဟု ကိုမုံပီးက ပြောပြသည်။

ဆက်လက်၍ သူက မဇ္ဇျိမ သတင်းဌာနသည် ငွေကြေးကို အလှူရှင်များပေါ်တွင် အမှီပြုနေရသော်လည်း မဇ္ဇျိမ၏ အယ်ဒီတာ့ အာဘော် အပေါ်သို့ အလှူရှင်များလွှမ်းမိုးသည်ကိုမူ လက်မခံကြောင်း ပြောသည်။

“သူတို့ဘက်က သတင်းဦးသတင်းထူး မို့လို့ ပြောပြတာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် မဇ္ဇျိရဲ့ အယ်ဒီတိုရီရယ် ပေါ်လစီက လွတ်လပ်မှုရှိရမယ် ဆိုတာ အစောကြီးကတည်းက ကြေညာထားတယ်။ အလှူရှင် တွေအနေနဲ့ စွက်ဖက်တာမျိုးမရှိပါဘူး” ဟု သူက ဆိုသည်။

ပြည်ပအခြေစိုက် တိုင်းရင်းသား မီဒီယာများအနေနှင့်လည်း အခက်အခဲများစွာ ရှိနေသည်။ မွန်တိုင်းရင်းသား သတင်းဌာန တခုဖြစ်သော လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ အယ်ဒီတာချုပ် နိုင်ကဆော့မွန်က ၎င်းတို့အတွက် အကြီးမားဆုံး အခက်အခဲမှာ သတင်းထောက်များကို ငွေကြေးလုံလောက်စွာ မထောက်ပံ့နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ တိုင်းရင်းသား မီဒီယာအဖွဲ့တွေက တိုးတက်မှုရှိပါတယ်။ ဒါပေမယ့် ဈေးကွက်ရဖို့ တော်တော် လေးကို ခက်ခဲတယ်” ဟု သူက ဆက်ပြောသည်။ ၎င်းတို့ဆက်လက် ရပ်တည်ရေးမှာ အလှူရှင်များ အပေါ်တွင် များစွာ မူတည်လျှက်ရှိကြောင်း ပြောပြသည်။

၎င်းတို့အတွက် နောက်ထပ် အခက်အခဲတခုမှာ သတင်းထောက်များအတွက် လုံခြုံရေး ပြဿနာဖြစ်သည်။ မွန် တိုင်းရင်းသား သတင်းထောက် အများစုမှာ ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်လှုပ်ရှားနေရပြီး ထို သတင်း ထောက်များကို စစ်အစိုးရနှင့် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ထားသည့် မွန်ပြည်သစ်ပါတီသာမက မြန်မာ စစ်တပ်ကပါ သိရှိနေသဖြင့် စွန့်စားသတင်းရယူနေရကြောင်း နိုင်ကဆော့မွန်က ဆိုသည်။

မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်တပ်ကို ဝေဖန်ရေးသားသည့် တချို့သော ၎င်း၏ သတင်းထောက်များကို မွန်ပြည်သစ်ပါတီဝင်တချို့က လုပ်ကြံသတ်ဖြတ်မှုများပင် ရှိသည်ဟု ဆက်ပြောသည်။

ရှမ်းတိုင်းရင်းသား သတင်းဌာန တခုဖြစ်သော သျှမ်းသံတော်ဆင့် သတင်း ဌာနကမူ ၂၀၀၈ ခုနှစ်အတွင်း ငွေကြေးပြတ်တောက်မှု ပြဿနာအပြင် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် ပြဿနာကိုပါ ကြုံတွေ့ခဲ့ရသည်ဟု ၎င်းသတင်းဌာန၏ အယ်ဒီတာ တဦးဖြစ်သူ ဦးခွန်စိုင်းဂျန်ရေက ပြောသည်။

၂၀၀၈ ခုနှစ် မေလအတွင်းက ၎င်းတို့ သတင်းဌာနအနေနှင့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊ အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် သတင်းများကို ဆက်သွယ်ရေး ပြဿနာကြောင့် အချိန်နှင့်တပြေးညီ ဖော်ပြရန် ခက်ခဲခဲ့သည်ဟု သူက ဆိုသည်။

အလားတူ ကရင်တိုင်းရင်းသား သတင်းဌာနဖြစ်သည့် ကရင်သတင်းဌာန (ကေအိုင်စီ) သည်လည်း ငွေကြေး အခက်အခဲနှင့် လူသား အရင်းအမြစ် ရှားပါးမှု ပြဿနာကို ကြုံတွေ့ခဲ့ရကြောင်း ၎င်းအဖွဲ့၏ အယ်ဒီတာ နန်းဖောဂေက ပြောပြသည်။

ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံရှိသည့် တိုင်းရင်းသား သတင်းထောက်များသည် မိခင် သတင်းအေဂျင်စီများကို စွန့်ခွာကာ လစာကောင်းစွာ ပေးနိုင်သည့် နာမည်ကြီး သတင်းဌာနကြီးများသို့ သွားရောက်အမှုထမ်းကြသဖြင့် လူသားအရင်းအမြစ် ရှားပါးမှု ပြဿနာကို ကြုံတွေ့ရခြင်း ဖြစ်ကြောင်း နန်းဖောဂေးက ရှင်းပြသည်။

ကရင်တိုင်းရင်းသား သတင်းသမားကောင်းများစွာ ရှိနေသော်လည်း ထိုသူတို့ကို လုံလောက်စွာ ထောက်ပံ့ပေး နိုင်ခြင်း မရှိသောကြောင့် ၎င်းတို့၏ သတင်းဌာနကို အခက်အခဲများစွာဖြင့် ဆက်လက် ရုန်းကန်နေရသည်ဟု ဆိုသည်။

ပြည်ပရောက် တိုင်းရင်းသား မီဒီယာများအားလုံးက လူသားအရင်းအမြစ် ရှားပါးမှု ကို ကြီးမားသည့် အခက်အခဲအဖြစ် သဘောတူညီကြပြီး ငွေကြေး မလုံလောက်မှုမှာ ၎င်းတို့အတွက် စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု ပြောကြသည်။

ယခုအခါတွင် ပြည်တွင်း၊ ပြည်ပရှိ ဘလော့ဂါများသည်လည်း မီဒီယာတာဝန်ကို တစိတ်တပိုင်း ထမ်းဆောင် သူများ ဖြစ်နေပေပြီ။ ပြည်တွင်းရှိ ဘလော့ဂါများ ၂၀၀၈ ခုနှစ်အတွင်း ကြုံတွေ့ရသည့် အခက်အခဲမှာ အင်တာနက် လွတ်လပ်စွာ သုံးစွဲခွင့် မရရှိခြင်း ဖြစ်သည်။

[ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကို နေပြည်တော်ရှိ သတင်းစာ ရှင်းလင်းပွဲ တခုတွင် စာနယ်ဇင်း သမားများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - AFP)]

အာဏာပိုင်များက အင်တာနက် သုံးစွဲခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ဆို့မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျှက်ရှိရာ ပြည်တွင်းမှ ဘလော့ရေးနေသူများ ဒုက္ခရောက်ကြရသည်။

“၂၀၀၈ နှစ်ကုန်ခါနီးလောက်မှာ ကိုယ့်ဘလော့ကိုတောင် ဝင်ကြည့်လို့မရအောင်ဖြစ်တယ်။ စိတ်ပျက်ရတယ်” ဟု ရန်ကုန်အခြေစိုက် ဘလော့ဂါတဦးက ပြောပြသည်။

ပြည်တွင်းရှိ ဘလော့ဂါများမှာ အာဏာပိုင်များ၏ အာရုံစိုက်မှုမှ ကင်းလွတ်အောင် ရှောင်ရှားရသည့် ပြဿနာ လည်းရှိသေးသည်။ ၂၀၀၇ ခုနှစ်က အဖမ်းအဆီးခံခဲ့ရသော ဘလော့ဂါ နေဘုန်းလတ်က ဥပမာတခုဖြစ်သည်။ ဘလော့ဂါနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ်အတွင်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။

ပြည်ပတွင် အခြေစိုက်နေရသည့် မီဒီယာသမားများအနေနှင့် ငွေကြေးအခက်အခဲနှင့် အယ်ဒီတိုရီရယ် ပေါ်လစီ အရပါ လွတ်လွတ်လပ်လပ် ရပ်တည်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု ကိုကျော်စွာမိုးက ပြောသည်။

“ကျနော်တို့ ဂျာနယ်လစ်တွေကိုယ်တိုင်ကိုကပဲ စာနယ်ဇင်းရဲ့ ရန်သူဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စာနယ်ဇင်းသမား ပီပီသသနဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဝတ္တရားရယ် သူတို့ရဲ့ တာဝန်အရ ပြည်သူကို အလုပ်အကျွေးပြုဖို့ရယ် အဲဒီ ၂ ချက်ကို ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ ကိုင်မထားနိုင်ရင် ကိုယ်ကိုယ်တိုင်ကပဲ ကိုယ့်ရဲ့ရန်သူ ပြန်ဖြစ်သွားနိုင်ပါတယ်” ဟု သူက ဆိုသည်။

ပြည်တွင်း၊ ပြည်ပရှိ မီဒီယာများအားလုံးမှာ အခက်အခဲ အနည်းနှင့်အများ ဆိုသလို ကြုံတွေ့နေရသော်လည်း သတင်းများကို ပြည်သူလူထုလက်ဝယ် ရောက်ရှိရေးအတွက် ကြိုးစားနေကြသူများချည်းသာ ဖြစ်သည်။ သို့ရာတွင် မြန်မာစစ်အစိုးရ၏ အထီးကျန်ဝါဒ ကိုင်စွဲထားမှုကြောင့် မြန်မာပြည်သူလူထုအနေနှင့် လွတ်လပ်သည့် သတင်းမီဒီယာများကို ဆုံးရှုံးနေရဆဲဖြစ်သည်။

“ကျနော်တို့ဘက်ကတော့ လုပ်စရာရှိတာဆက်လုပ်ရမှာပဲ။ နအဖအနေနဲ့ ဘယ်လိုပဲတားဆီး တားဆီး သတင်း စီးဆင်းမှုတွေကို သူတို့ မပိတ်ဆို့နိုင်ပါဘူး။ ခုလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ပိုလို့တောင် မတားဆီးနိုင်တော့ဘူးဆိုတာ ယုံကြည်ပါတယ်” ဟု ဦးအေးချမ်းနိုင်ကပြောသည်။

ပြည်တွင်း၌ သတင်းလွတ်လပ်ခွင့် မရှိခြင်းက စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဖုံးကွယ်ပေး နေယုံမျှမက ကုလသမဂ္ဂအပါအဝင် အန်ဂျီအိုများ၊ အတိုက်အခံများ၏ အဂတိလိုက်စားမှု စသော ချိုးဖောက်နေမှုများကိုပါ ပြည်သူလူထု မမြင်သာအောင် ဖုံးပေးနေသကဲ့သို့ ဖြစ်နေသည်။

“မီဒီယာဆိုတာ ပြည်သူလူထုအတွက် မျက်စိနဲ့ နားတွေပဲ။ အဲဒီလိုပဲ မြန်မာအာဏာပိုင်တွေ အတွက်လည်း မျက်စိနဲ့ နားတွေ ဖြစ်သင့်တယ်။ စစ်အစိုးရက မီဒီယာကို ရန်သူလို သဘောထားနေသရွေ့တော့ ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့် ဆိုတာ ရှိမှာမဟုတ်ဘူး” ဟု VOA မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက ဆိုသည်။

၂၀၀၈ ခုနှစ်အတွင်း အထိမ်းသိမ်းခံခဲ့ရသည့် သတင်းသမားများ

[ဦးသက်ဇင်]

ဦးသက်ဇင်
ဦးသက်ဇင်၊ ၄၂ နှစ်
အယ်ဒီတာ (မြန်မာနေးရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၇ နှစ် (ရန်ကုန် အင်းစိန်ထောင်)
သင်္ဃန်းကျွန်း တရားရုံးတွင်အမှုစစ်သည်။ အာဏာပိုင်များက ၎င်း၏ ဂျာနယ် ရုံးခန်းကို ဝင်ရောက် ရှာဖွေခဲ့ရာ ၂၀၀၇၊ စက်တင်ဘာ အရေးတော်ပုံလှုပ်ရှားမှု ဓာတ်ပုံများ ပါဝင်သည့် စီဒီအချပ်များ တွေ့ရှိသောကြောင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။

ကိုကျော်ကျော်သန့်
အလွတ်သတင်းထောက်
ထောင်ဒဏ် ၇ နှစ် (ရန်ကုန်အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရသည်။

[ဦးစိန်ဝင်းမောင်]

ဦးစိန်ဝင်းမောင်
ဦးစိန်ဝင်းမောင်
မန်နေဂျာ (မြန်မာနေးရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၇ နှစ် (ရန်ကုန် အင်းစိန်ထောင်)
ဦးသက်ဇင်နှင့်အတူ ဖမ်းဆီးခံရကာ ထောင်ချခံရခြင်းဖြစ်သည်။

ကိုသန့်ဇင်အောင်
ဓာတ်ပုံသတင်းထောက်
ထောက်ဒဏ် ၁၈ နှစ် (ရန်ကုန် အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်း နှင့်ပတ်သက်သည့် မှတ်တမ်း ဗီဒီယို၊ ဓာတ်ပုံများကို ထိုင်းနိုင်ငံသို့ ယူဆောင်သွားစဉ် မင်္ဂလာဒုံလေဆိပ်၌ အဖမ်းခံခဲ့ရသည်။

[မအိမ့်ခိုင်ဦး]

မအိမ့်ခိုင်ဦး
မအိမ့်ခိုင်ဦး၊ ၂၄ နှစ်
သတင်းထောက် (အီကိုဗစ်ရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၂ နှစ် (ရန်ကုန် အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရသည်။

ကိုထွန်းထွန်းသိန်း
သတင်းထောက် (News Watch ဂျာနယ်)
ထောင်ဒဏ် ၃ လ (ရန်ကုန် အင်းစိန်ထောင်)
၎င်း ဂျာနယ်တွင် တရားသူကြီးလာဘ်စားသည့် သတင်းရေးမှုဖြင့် နိုဝင်ဘာ ၅ ရက်နေ့တွင်အဖမ်းခံခဲ့ရသည်။

ဦးခင်မောင်အေး
အယ်ဒီတာ (စောင့်ကြည့် ဂျာနယ်)
ထောင်ဒဏ် ၃ လ (ရန်ကုန် အင်းစိန်ထောင်)
ကိုထွန်းထွန်းသိန်းရေးသည့် တရားသူကြီး လာဘ်စားမှုသတင်းကို ထည့်သွင်း ဖော်ပြသောကြောင့် နိုဝင်ဘာ ၅ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။

ဦးအောင်သွင် (ခ) ဦးအောင်ကြီး
အလွတ်သတင်းထောက်
ထောင်ဒဏ် ၂ နှစ် (ရန်ကုန် အင်းစိန်ထောင်)
(အဖမ်းခံရသည့် အကြောင်းရင်း မသိရှိရ)

[ဦးဇော်သက်ထွေး ]

ဦးဇော်သက်ထွေး
ဦးဇော်သက်ထွေး
အားကစား စာရေးဆရာ။ First Eleven ဂျာနယ်၏ အယ်ဒီတာဟောင်း
ထောင်ဒဏ် ၁၉ နှစ် (ရန်ကုန် အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်းဒုက္ခသည်များကို ကိုဇာဂနာနှင့်အတူ သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး နောက် အဖမ်းခံခဲ့ရသည်။

ဦးအောင်ကျော်ဆန်း
အယ်ဒီတာချုပ် (မြန်မာထရီဗြွန်း အပတ်စဉ်ဂျာနယ်)
ချုပ်ရက် ၆ လကျော်ကြာသည်ထိ အမိန့်မချသေး
နာဂစ်ဆိုင်ကလုန်းကြောင့် သေဆုံးသွားသည့် လူသေအလောင်းများကို ကိုယ်ထူကိုယ်ထ မြှုပ်နှံပေးခဲ့ပြီးနောက် အဖမ်းဆီးခံခဲ့ရသည်။

------------------------------------------------------------------------------
SOURCE: http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=601:2009-01-15-11-38-54&catid=2:article&Itemid=14

15 January 2009

Please Answer the Following Questions!

သင့်...ဗဟုသုတ မည်မျှ ရှိပါသနည်း
- ယမထာ -




အောက်ပါမေးခွန်းများကို မှန်လျှင် (မှန်)၊ မှားလျှင် (မှား) သင့်အတွေ့အကြုံ၊ အသိစိတ်ဖြင့် ဖြေဆိုပါရန်

၁။ မေတ္တာသုတ်ရွတ်ခြင်းသည် သာသနာကို ညှိုးနွမ်းစေ၏ ။ (မှန်/ မှား)

(ဥပမာ- မြတ်စွာဘုရားသည် တရားအားထုတ်ရန် မဟာဝုန်တောသို့ ၀င်ရောက်သွားကြသော ရဟန်းတော် (၅၀၀)အား ဘီလူးကြမ်းများ၊ သရဲများရန်မှ ကာကွယ်နိုင်ပြီး ငြိမ်းချမ်းစွာ တရားအားထုတ်နိုင်ရန် မေတ္တာသုတ်ကို ဟောကြားခဲ့၏။ ထို့ကြောင့် ဗုဒ္ဓသည် သာသနာကို ညှိုးနွမ်းစေသူလော။)

၂။ `လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´ မေတ္တာပို့ခြင်းသည် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို နှောက်ယှက်သည်။ (မှန်/ မှား)

(ဥပမာ- ရေကိစ္စဖြင့် သတ်ဖြတ်ကြတော့မည့် ကောလိယနှင့် သာကိယ နှစ်ပြည်ထောင် ခိုက်ရန်မဖြစ်ကြရန် ဗုဒ္ဓသည် မဟာသမယသုတ်ဖြင့် လူအချင်းချင်း မနှိပ်စက်ရန် ဟောပြဆုံးမခဲ့၏။ ထို့ကြောင့် ငြိမ်းချမ်းရေးရ၏။ ဗုဒ္ဓသည် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို နှောက်ယှက်သူလော။)

၃။ ဆွမ်းလောင်းသင်း တည်ထောင်ခြင်းသည် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေသည်။ (မှန်/ မှား)

(ဥပမာ- ဘာသာခြားအင်္ဂလိပ်မင်းများ အုပ်စိုးစဉ်က ဘာသာ၊ သာသနာကို စောင့်ရှောက်ချီးမြှောက်မှု နည်းပါးခဲ့၏။ ထို့ကြောင့် ကျွန်ုပ်တို့မြန်မာလူမျိုးများ ကိုယ့်ဘာသာ၊ သာသနာအတွက် အသင်း၊ အဖွဲ့များ ဖွဲ့စည်း၍ တပိုင်တနိုင် စောင့်ရှောက်ခဲ့ကြ၏။ ထိုအဖွဲ့အစည်းတို့မှ ဗုဒ္ဓကလျာဏယုဝအသင်းကြီးသည် ယခုတိုင် ထင်ရှား၏။ ထို့ကြောင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီးသည် အစိုးရ အကြည်ညိုပျက်စေသော အသင်းကြီးလော။)

၎။ ကြံ့ခိုင်ရေး အသင်းကြီးသည် သာကူးတို့၏ အသင်းဖြစ်သည်။ (မှန်/ မှား)

(ဥပမာ- မန္တလေးတိုင်း ကြံ့ဖွံ့ခေါင်းဆောင် ရမ်စိန်မြင့်သည် တစ်ချိန်က (အခါအခွင့်သာစဉ်က) ဒေါ်စု၏ NLD-မန္တလေးမှ တက်ကြွသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ယခုအခြေအနေတွင် ငရမန်စိန်မြင့်သည် ကြံ့ဖွံ့အမာခံဖြစ်၍ နေပေပြီး ဒေါ်စုနှင့် ငရန်မန်စိန်မြင့်တို့ ပဒုမ္မာခန်းမတွင် တွဲရိုက်ထားသော ဓာတ်ပုံ ကျွန်ုပ်တို့ထံတွင် ရှိသည်။)

၅။ စွမ်း/အားအဖွဲ့သို့ ခေါင်းမရှိသော လူလေလူလွင့်များသာ ၀င်သည်။ (မှန်/ မှား)

(ဥပမာ- စွမ်းအားရှင်များ စည်းရုံးသိမ်းသွင်းပုံမှာ ရပ်ကွက်တွင်း ကျူးကျော်တဲများ၌ နေထိုင်သူများကို စွမ်းအားတွင်း မ၀င်လျှင် မနေရဟု ရယက အမိန့်ဖြင့် ၀င်ရောက်စေသည်။ ကြာရိုးကိုကြည့်၍ ရေ၏ အတိမ်အနက်ကို သိနိုင်သည် မဟုတ်တုံလော။)

၆။ နအဖ ခေတ်၌ ပညာမဲ့များနှင့် ဘိန်းမှောင်ခိုများ အရာရောက်သည်။ (မှန်/ မှား)

(ဥပမာ- အေးရှားဝါးလ် ကုမ္ပဏီပိုင်ရှင် လောစစ်ဟန် ရှု။)

၇။ နအဖသည် သားသတ်သမားများဖြင့် ဖွဲ့စည်းထားသည်။ (မှန်/ မှား)

(ဥပမာ- မြို့ရော/တောပါမကျန် သားသတ်လိုင်စင်ကို နိုင်ငံတော်မှ နှစ်စဉ် ဈေးပြိုင်စနစ်ဖြင့် တရားဝင် တင်ဒါချပေးနေသည်။)

ယမထာ

12 January 2009

Twante Thein Tan, We miss you for about 10 years ...

အို တွံတေးကြီး ...သင့်အား ကျွန်တော်တို့ လွမ်းပါသည်
(၁၁၊ ဇန်န၀ါရီ၊ ၀၀၉)
- ညိုကြီး -


၁၁၊ ဇန်န၀ါရီလ၊ ၂၀၀၉ ရက်နေ့သည် မြန်မာ့ဂီတသမိုင်းအတွက် မေ့ရက်နိုင်စရာ မရှိသည့် နေ့တစ်နေ့ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော (၁၀)နှစ်၊ ဤနေ့တွင် ကျွန်တော်တို့၏ ဂီတကြီး တစ်နည်းအားဖြင့် ကျေးလက်ဂီတတေးဆိုကြီး အဆိုတော်၊ သရုပ်ဆောင်၊ စာရေးဆရာ တွံတေးသိန်းတန် ကွယ်လွန်အနိစ္စရောက်ခဲ့သော နေ့တစ်နေ့ ဖြစ်သောကြောင့်ဖြစ်သည်။

“ခေါင်းလောင်းသံ တညံညံ ပေး....တဲ့...ရွာကျောင်း..ကို ပြေးမြင် မိရင်...သတိရနေတယ် သူငယ်ချင်းရေ”
“အသီးတစ်ရာ အညှာတစ်ခု” သီချင်း..။

“စိမ်းသရဖူစိမ်း..စိမ်းသရဖူစိမ်း...စိမ်းမှာ သတင်းကြီးတဲ့..အစိမ်းရောင် မင်းသမီး...မောင့်မမစိမ်း..ရယ်..” “စိမ်းသရဖူ စိမ်း” သီချင်း...။

“အောင်သွယ်တော်...ဖိုးရွှေလမင်း...ရယ်...တိမ်ထဲကို ၀င်ကာ မပြေးနဲ့ တောင်းပန်တယ်...ချစ်သူ ချစ်စကား ပြုံးရိပ်ကလေးများ...လထဲမှာ ရှိတယ်...တွေးရင်း..ဖွေရှာ..မောရပါတယ်...အချစ်ရယ်...ဒီတစ်ခါ လမင်းတွေ့  ရင်...ပြုံးဖြစ်အောင် ပြုံးပြလိုက်ပါကွယ်...”
“အောင်သွယ်တော် ဖိုးလမင်း” သီချင်း...။

“ဆောင်းရယ်...နှင်းရယ်...ကိုယ့်ချစ်သူ...ရယ်...အတူတူပါ...ပဲ...အသည်းမှာစွဲ...”
“ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်” သီချင်း...။

“လေးဆယ်ကျော်..ငါးနှစ်တွင်းမှ ပြန်ဆုံရတယ်...ငယ်ချစ်ဦးရယ်... သြော်..ငယ်က အကြောင်းလေးတွေက... ပြန်ပြောင်း... သတိရ စရာပါကွယ်...”
“လေးဆယ်ကျော်အချစ်” သီချင်း...။

အထူးသဖြင့် ရွာသားဖြစ်ဖူးသူတိုင်း သူနဲ့ မကင်းနိုင်ခဲ့။ သူ့ သီချင်းများနဲ့ စုလျားရစ်ပတ်ကြီးပြင်းခဲ့ရ။ ခွေးဖြူမ၊ ထွေးညို၊ မိအေး၊ ပျင်းတောင်ပျင်းသေးတယ်..ဟေ့...ပျင်းတောင် ပျင်းသေးတယ်... အစသဖြင့်...။

မှတ်မိပါသေးသည်။ ဗမာပြည်၊ ဗွီစီဒီကာရာအိုကေ လှိုင်းလုံး ခေတ်ဦးမှာ တွံတေးကြီးရဲ့  သီချင်းတွေနဲ့ တစ်ပြည်လုံးကို ဖုံးလွှမ်းသွားခဲ့...။

သူ့ ဇနီး ချစ်စံပယ်၊ သူ့  သမီး ရွှေရည်သိန်းတန် အဆိုတော် မိသားစု။ အနုပညာ မိသားစု။
သူ့ချစ်ဇနီး ချစ်စံပယ်လည်း သူကွယ်လွန်ပြီး များမကြာမီမှာပင် ကွယ်လွန်သွားခဲ့ပြီ။
ခုတော့ မိသားစုလည်း လွမ်းရတာ (၁၀)နှစ် ပြည့်ပြီ။
ခုတော့ ဗမာပြည်ဂီတနားတွေလည်း လွမ်းရတာ (၁၀)နှစ်ပြည့်ပြီ။

အို...တွံတေးကြီး ... သင့်အား ကျွန်တော်တို့ လွမ်းပါသည်။
သင့်အသံအား ကျွန်တော်တို့ နားတွေက တမ်းတပါသည်။
သင့်ဂီတအား ကျွန်တော်တို့ ဂီတက သတိရပါသည်။

ဇာတ်သမားကြီး၊ ရုပ်ရှင်မင်းသားကြီး၊ စာရေးဆရာကြီး... တစ်ဖြစ်လဲ... အဆိုတော်သမားကြီး တွံတေးသိန်းတန်ကြီး ရေ...
လွမ်းနေပါသည်...
လွမ်းနေဦးမည်...
လွမ်းပါသည်...။ ။

ညိုကြီး

---------------------------------------------------------------------------------------------------
Photos taken from;

1. http://www.hostsexplorer.com/videofun/conti-tttt/theintan-photo2.jpg
2. http://www.pansagar.com/wma%5CTTTT%5CTTTT_1/cover.jpg
3. http://shwemyanmar.net/catalog/images/imagecache/KC1220A.jpg

Burma's Mother Day (at The full day of Pyar Tho)

အမေနေ့ အခမ်းအနားများ ဗမာပြည်တ၀ှမ်း ၀ှဲချီး ဆင်ယင် ကျင်းပခဲ့ကြ

(၁၀၊ ဇန်န၀ါရီ၊ ၀၀၉)

ပြာသိုလပြည့်နေ့တွင် ကျရောက်သော အမေနေ့ အထိမ်းအမှတ် အခမ်းအနားများကို ဗမာပြည်တ၀ှမ်း မြို့ ကြီး၊ မြို့ ငယ် အတော်များများတွင် ကျင်းပခဲ့ကြသည်။

စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ သွားလေသူ ဆရာကြီး အကယ်ဒမီ ဦးသုခ ၏ စတင်ကြိုးပမ်းမှုဖြင့်လွန်ခဲ့သော (၁၂) နှစ်မှ စတင်ပြီး မန္တလေးမြို့ တွင် စတင်ကျင်းပခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့ ရောက်လေတိုင်း အမေနေ့ အခမ်းအနားများကို ကျင်းပလာခဲ့ကြရာ ယခုအခါ ဗမာပြည်၊ မြို့ ကြီး မြို့ ငယ် အတော်များများသို့ အမေနေ့ ကျင်းပသည့် အစဉ်အလာများ ပျံ့ နှံ့သွားလေသည်။

ယခုနှစ်တွင်လည်း (၁၃)ကြိမ်မြောက် အမေနေ့ အခမ်းအနားများကို မန္တလေးမြို့ အပါအ၀င် မြို့ ကြီး၊ မြို့ ငယ်များ၌ ကျင်းပခဲ့ကြပြီး အခမ်းအနားအသီးအသီးတွင် စာရေးဆရာ/ကဗျာဆရာများ၊ စာပေ၀ါသနာရှင်များ အစရှိသူတို့က ဟောပြောခြင်း၊ ကဗျာ/စာ ရွတ်ဖတ်ခြင်း/ဝေငှခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။

-----------------------------------------------------------------------------------------------

အမေနေ့ သတင်းများကို အောက်ပါ လင့်ခ်များတွင် ဆက်ဖတ်နိုင်ပါသည်။

၁။ အမေ့ခြေရာ သို့ မိဘခြေရာ ခံယူနိုင်ပြီ ...
၂။ အမေနေ့ အခမ်းအနားများကျင်းပ
၃။ အမေနေ့ အမှတ်တရ

09 January 2009

Rights and Freedom in Prison (2)

Palen Creek Correctional Centre
(annexed to Wolston Correctional Centre)



Palen Creek Correctional Centre is situated about 100 kilometres south of Brisbane and is designed for low security male prisoners.


The centres operates industries such as cattle (the centre has a mixed herd of approximately 300 beef cattle) and farm produce which supply the centre's kitchens.

By striving to achieve a world class correctional centre within an open campus style rural environment, the centre maximizes opportunities for prisoners to participate in and benefit from high quality rehabilitative programs.

Last updated: 16 July 2008


(Here, I want to say, 'Special Thanks' to Ko Thu for this link)

-----------------------------------------------------------


Rights and Freedom in Prison (1) - in myanmar font

(လူ့အခွင့်အရေးထောင် (သို့မဟုတ်) လွတ်လပ်စွာ နေရသော ထောင် -ယမထာ-)

08 January 2009

DTS article on R2P in Burmese

`အာ-တူး-ပီ´
- တင့်ဆွေ -


(Cyclone Nargis Victims of Burma, Photo- BigBBrown)


(အာ-တူး-ပီ) သည် (နာဂစ်)ဘေးဒုက္ခဆိုးကြီး ကျရောက်ချိန်၌ မြန်မာ့ဒီမိုကရေစီ လှုတ်ရှားမှုအတွင်း စတင်ဝင်ရောက် လာခဲ့သော အသုံးအနှုံးတခုဖြစ်ပါသည်။ Responsibility to protect (R2P or RtoP) ကို တိုက်ရိုက်ဘာသာပြန်ပါက “အကာအကွယ်ပေးရန် တာဝန်ရှိခြင်း” ပင်ဖြစ်သည်။ အမှန်မှာ ကမ္ဘာတွင် ၄င်းအသုံးပေါ်ခဲ့သည်မှာ မကြာသေးပါချေ။

၁၉၂ နိုင်ငံတက်ရောက်ခဲ့သည့် ၂၀၀၅၊ စက်တင်္ဘာ ၁၄-၁၆ ကမ္ဘာ့ထိပ်သီးအစည်းအဝေး၏ရလဒ်အရ၊ အကြိမ် ၆၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ ဆုံးဖြတ်ချက်အပိုဒ် ၁၃၈-၁၃၉-၁၄၀ အဖြစ် အောက်ပါ ရာဇ၀တ်မှုကြီးလေးမျိုး အတွက် “စုပေါင်း အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း” တညီတညွတ် သဘောတူခဲ့ကြပေသည်။

၁) Genocide လူမျိုးပြုန်းအာင်သတ်ဖြတ်ခြင်း၊
၂) War crimes စစ်ရာဇ၀တ်မှုများ၊
၃) Ethnic cleansing လူနည်းစုများအားရှင်းပစ်ခြင်းနှင့်
၎) Crimes against humanity လူသားမျိုးနွှယ်အပေါ်ကျူးလွန်သောရာဇ၀တ်မှုတို့ဖြစ်ကြသည်။

ဆိုလိုသည်မှာ အစိုးရများသည် ၄င်းတို့၏ပြည်သူပြည်သားများအား အထက်ပါအမှုအခင်းကြီးများမှ အကာအကွယ်ပေးရန် တာဝန်ရှိသည်။ အလားတူ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း (ကမ္ဘာ့ကုလသမဂ္ဂမှတဆင့်) ၀င်ရောက် အကာအကွယ်ပေးရန် တာဝန်ရှိလာပေသည်။ ယင်းဖြစ်ပေါ်လာမှုမှာ ၁၆၄၈ ကတည်းက Peace of Westphalia အရ သတ်မှတ်လက်ခံလာခဲ့သည့် Sovereign equality အချုပ်အခြာအာဏာတူညီမှုကို အဓိပ္ပါယ်ဖွင့်ဆိုသည့် နိုင်ငံတကာဥပဒေ၏အခန်းက သိသိသာသာ ရှေ့တန်းတက်လာခြင်းပင်ဖြစ်ပါသည်။

လူသားများသည် မိသားစုအသွင်ညီညွတ်မှုအရ ဂုဏ်သိက္ခာရှိသော ယောက်ျား-မိန်းမ ဟူ၍ အသိအမှတ်ပြုခံလာရခြင်း သဘောလည်း ဆောင်ပေသည်။ သို့ရာတွင် (အာ-တူး-ပီ)၏ သက်ရောက်မှုများမှာ အငြင်းပွါးဘွယ် ဖြစ်နေဆဲရှိပါသည်။ စစ်ရေးနည်းမဟုတ်သည့် သံတမန်ရေး၊ လူသားချင်းစာနာမှုနှင့် ငြိမ်းချမ်းသောနည်းလမ်းများ သုံးခြင်းကိုမူ များစွာ အငြင်းမပွါးချေ။ စစ်ရေးပိုင်းကို အများစုက လက်မခံနိုင်ကြသေးစေကာမူ၊ Asylum နိုင်ငံရေးခိုလှုံခွင့်ပေးခြင်း အပါအ၀င် IDP ခေါ် ကိုယ့်တိုင်းပြည်ထဲမှာပင် အတင်းအဓမ္မနေရာဒေသ အရွှေ့ခံရသူများအား အကာကွယ်ပေးခြင်း စသည်တို့မှာ ကောင်းသော အစပျိုးမှုများပင် ဖြစ်ပါသည်။

နိုင်ငံတကာဥပဒေဖွင့်ဆိုချက်ကို တိုင်းပြည်တခု၏ အချုပ်အခြာအာဏာပိုင်မှုဘက်မှ ချဉ်းကပ်ခြင်းကိုသာ အားသန် နေခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်၏ ဆိုးဝါးသောအနိဌာရုံများကို တွေ့မြင်ပြီးသည့်နောက်ပိုင်းတွင်မူ၊ လူသားအရေးဘက်က ပို၍စဉ်းစားလာခဲ့ကြရာ၊ ၁၉၄၈ခုနှစ်က စတင်လက်ခံလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းသည် ကနဦးခြေလှမ်းပင်ဖြစ်ပေသည်။ ယနေ့ဆိုလျင် လူ့အခွင့်အရေးတွင် တဦးချင်း အခွင့်အရေးအထိပင် ပြောဆိုလာနေကြပါပြီ။

“လူသားချင်းစာနာသောအားဖြင့် ၀င်ရောက်စွက်ဖက်ရေး” ဟူသော Humanitarian intervention သည် ၁၉၉၉ အကုန် (ဗင်းနစ်)၌ ပြုလုပ်သည့်အစည်းအဝေးမှ စတင်လာခဲ့ခြင်းဖြစ်သည်။ ၁၉၉၇ (ဆာရာလီယွန်း)ပြဿနာကြီးပြီးစဖြစ်ပါသည်။

၂၀၀၀ခုနှစ်က ယင်းတိုင်းပြည်တွင် ဗြိတိန်၏ အောင်မြင်ခဲ့သော (အော်ပရေးရှင်း-ပဲလစ်ဆာ) Operation Palliser ကြောင့် လိုအပ်သည့် စစ်ရေး၊ အတိုင်းအတာ၊ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်လာကြရသည်။ သို့ရာတွင် ကုလသမဂ္ဂ၏ “မထိရောက်မှု"မှာ ပေါ်လွင်ပါပေသည်။

2001 International Commission on Intervention and State Sovereignty (ICISS) ခေါ် အချုပ်အခြာပိုင်မှုနှင့် နိုင်ငံတကာ ၀င်ရောက်စွက်ဖက်ရေးနိုင်ငံတကာကော်မရှင် အစီရင်ခံစာအရ “လူ့အသက်အိုးအိမ်ကို ကာကွယ်ရန်အလို့ငှာ ၁၉၇၈ (ဆိုမာလီ)၊ ၁၉၉၂-၉၅ (ဘော့စနီးယား)၊ ၁၉၉၈-၉၉ (ကိုဆိုဗို)တို့တွင် စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခဲ့ခြင်းများနှင့် ၁၉၉၄ (ရ၀န်ဒါ)မှာ စွက်ဖက်ရန်ပျက်ကွက်ခဲ့ခြင်း၊ နှစ်မျိုးလုံးမှာ ငြင်းစရာတွေရှိကြောင်း” ပါရှိထားသည်။

များမကြာမီက ဖြစ်ပျက်သွားခဲ့ကြသော အာဖရိက၊ ဘော်လ်ကန်၊ အရှေ့အလယ်ပိုင်းဒေသတို့မှ သင်ခန်းစာများအရ နိုင်ငံတကာဥပဒေကို၎င်း၊ စုပေါင်းအကာအကွယ်ပေးပိုင်ခွင့်ကို၎င်း ငြင်းခုံစရာများ တိုးလာစေပေသည်။ ၁၉၉၉ (ဘောလ်ကန်)ဒေသတွင်း မျိုးပြုန်းသတ်ဖြတ်မှုဖြစ်နေစဉ် (နေတိုး)အုပ်စု၏ဆောင်ရွက်ချက်များနှင့် ဆက်၍ ကုလသမဂ္ဂက အုပ်ချုပ်ရေးတာဝန်ယူခြင်းများဖြစ်လာသည့်အခါ၌၄င်း၊ အီရတ်တွင် အမေရိကန်နှင့်ဗြိတိန်တို့က ကုလသမဂ္ဂမပါဘဲ၊ ၂၀၀၃ ခုနှစ်က ၀င်ရောက်တိုက်ခိုက်သည့်အခါ၌၄င်း၊ ပို၍ကျယ်လောင်စွာ ငြင်းခုံလာကြပေသည်။

The 2005 World Summit Outcome document ခေါ် ၂၀၀၅ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးက ပေါ်ထွက်လာသည့် စာတမ်းမှာ အတိုင်းအတာဆိုသည့်ကိစ္စတွင် အမြင်မတူကြသေးစေကာမူ၊ Concept အယူအဆအား သဘောတူခဲ့ကြသည်မှာ မကြုံစဖူး ရှိလှပါသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ထိုသို့သဘောတူထားခဲ့ကြောင်းကိုပင် နောက်အစည်းအဝေးများ၌ အစိုးရအတော်များများက မသိရှိခဲ့ကြောင်း ဘူးပေါ်သလို ပေါ်ခဲ့ပါသည်။ ယနေ့(အာ-တူး-ပီ) ၏အနေအထားမှာ ပေါ်လစီအဆင့်မရောက်သေးပါပေ။

ကုလသမဂ္ဂပဋိဥာဉ်စာတန်း ၂(၄)အရ နိုင်ငံတခု၏ နယ်မြေပိုင်နက်ကို ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်းတို့ကို တားမြစ်ထားသည်။ ၂(၇)အရ ပြည်တွင်းရေးနယ်ပယ်အတွင်း ၀င်ရောက်စွက်ဖက်မှုမျိုးကို ထည့်သွင်းပြဌာန်းခြင်းမှလည်း တားမြစ်ထားပြန်သည်။ ၅၁ အရ နိုင်ငံတခုချင်းဖြစ်စေ၊ ပူးပေါင်း၍ဖြစ်စေ၊ လက်နက်ဖြင့် တိုက်ခိုက်လာခြင်းမျိုးကို ကာကွယ်ခွင့်ပြုထားပြီး၊ ၃၉ အရ ငြိမ်းချမ်းရေးထိပါးခြင်း၊ အင်အားဖြင့် ကျူးကျော် စော်ကားခြင်းတို့ကိုမူ လုံခြုံရေးကောင်စီအား ဆုံးဖြတ်ခွင့်ပြုထားပြန်ပါသည်။ ပြည်တွင်းစစ်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးအား ထိပါးသည်-မထိပါး ဟူသည့်မေးခွန်းလည်း တက်နေပါသည်။

(အာ-တူး-ပီ)၏ (ကွန်ဆက်ပ်)မှာ သုံးချောင်းထောက်ပေါ်ရှိနေပါသည်။ (က)သူတို့တိုင်းပြည်အတွင်းရှိ နိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဆိုပါပြစ်မှုကြီးများမှ အကာအကွယ်ပေးရန် အစိုးရများ၏အဓိကကျမှုမှာ ဆက်လက်တည်ဆဲရှိနေပြီး၊ တာဝန်ရှိသည်နှင့်အညီ ဆောင်ရွက်ရန်လည်းဖြစ်သည်။ (ခ)ကုလသမဂ္ဂသည် အဆိုပါ တိုင်းပြည်များအား ၄င်းတာဝန်များပျက်ကွက်ခြင်းမရှိစေရန်နှင့် အကူအညီပေးသွားရန်၊ (ဂ)ထိုသို့ဆောင်ရွက်ရပါက ကုလသမဂ္ဂပဋိဥာဉ်(၆၊ ၇၊ ၈)ပါ မည်သည့် ပြဌာန်းချက်နှင့်မဆို အသုံးပြုနိုင်သည်။ ကုလသမဂ္ဂပဋိဥာဉ် ၇ အရ လုံခြုံရေးကောင်စီအား စစ်ရေးသုံးခွင့်အာဏာအပ်နှင်းထားပါသည်။ (အာ-တူး-ပီ)၏နယ်ပယ်မှာ ကျယ်ဝန်းပေရာ သဘာဝဘေးများ၊ ရာသီဥတုဖေါက်ပြန်ခြင်းများနှင့် HIV/AIDS တို့လည်း အပါအ၀င်ဖြစ်ပါသည်။ (မှတ်သားရန်မှာ (နာဂစ်)လည်း အကြုံးဝင်ပါမည်။)

ကုလသမဂ္ဂတွင် တရုပ်၊ ကျူးဘားနှင့်မြောက်ကိုရီးယားတို့မှ “အပြည့်အ၀အချုပ်အခြာအာဏာပိုင်မှု" ဘက်က ကာကွယ် ပြောလေ့ရှိစေကာမူ၊ အမှန်စင်စစ် အချုပ်အခြာအာဏာပိုင်မှုဟူသည် အပြည့်အ၀ မရှိပါချေ။ ကြံ့ခိုင်သည့်တိုင်းပြည်များ၌ ပြည်သူပြည်သားများကို အကာအကွယ်ပေးနိုင်စွမ်းရှိသည်ဟု ထောက်ပြသည်လည်းရှိသည်။ အာဏာ-ပါဝါ ကြီးသည့် နိုင်ငံတို့မှ ၄င်းတို့၏စံများကို အခြားတိုင်းပြည်များအပေါ် မဖြစ်ဖြစ်အောင်ကြိုးပမ်းသည်များမှာ ပြဿနာဖြစ်ရပြန်သည်။ ဥပမာ ပြင်သစ်တော်လှန်ရေးမှ ဒီမိုကရေစီကို၎င်း၊ အရင်းရှင်နိုင်ငံများမှ ဈေးကွက်စီးပွါးရေးစနစ်နှင့် ဒီမိုကရေစီစံများကို၎င်း၊ စစ်ရေးနည်းအရဖြစ်စေ၊ ကုန်သွယ်ရေး (ဂလိုဘယ်လိုက်ဇေးရှင်း) နည်းအရဖြစ်စေ၊ Export တင်ပို့နေခြင်းများ။ (မှတ်ရန်မှာ ဆိုဗီယက်ယူနီယံသည်လည်း အလားတူဆောင်ရွက်ခဲ့ပေသည်။)

အာရှတိုင်းပြည်များအား ဆန်းစစ်ပါက တရုပ်၊ မြောက်ကိုရီးယား၊ မြန်မာ နှင့် ဗီယက်နမ်တို့အား အစုတစု၊ ဂျပန်နှင့် တောင်ကိုရီးယားအား တစုနှင့် (အာစီယန်)အားတစုထား၍ သတ်မှတ်ခဲ့ကြဘူးသည်။ ၁၉၆၄ ကတည်းက ထောင်ခဲ့သည့် အိန္ဒိယဦးဆောင်သော (ဂျီ-၇၇)အုပ်စုသည်လည်း ခေတ်နောက်ကျဆဲအုပ်စုဟု သတ်မှတ်နိုင်ပါသည်။

(အာ-တူး-ပီ)သည် အနောက်အုပ်စုကလာသည့် တနည်းအားဖြင့် မြောက်ခြမ်းမှတောင်ခြမ်းအပေါ် သက်ရောက်စေသည့် ဖန်တီးမှုမဟုတ်ချေ။ အကြောင်းမူ အာဖရိကတိုက်သား ကုလအထွေထွေအတွင်းရေးမှူးချုပ်နှစ်ဦးသည် ယခုဖြစ်စဉ်အတွက် လွန်စွာ အရေးပါအရာရောက်သူများဖြစ်ကြသည်။ (ကင်ညာ)နိုင်ငံတွင် ၂၀၀၇ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုတွင် အာဖရိကယူနီယန်၊ ကုလအဖွဲ့ဝင် ထင်ရှားနိုင်ငံများနှင့် (ကိုဖီအာနန်) တို့မှ ၀င်ရောက် ဆောင်ရွက်-စွက်ဖက်ပေးခဲ့ခြင်းသည် မြောက်ခြမ်းနိုင်ငံတို့၏လက်ရာ မဟုတ်ပါချေ။

အချို့အရေးအခင်းများတွင် နိုင်ငံတကာဝင်ရောက်စွက်ဖက်ခြင်း လိုအပ်သည့်မှာ မှန်သော်လည်း၊ အောင်မြင်သည့် အရေအတွက်က နည်းပါသည်။ အောင်မြင်လိုလျင် သက်ရောက်ခံရသည့်နိုင်ငံ၊ တာဝန်သိအစိုးရများနှင့် ပါတနာ အဖွဲ့အစည်းများက Sovereignity အချုပ်အခြာပိုင်ဆိုင်မှု၊ Political will နိုင်ငံရေးဆန္ဒ၊ Mandates လုပ်ဆောင်ပိုင်ခွင့်နှင့် Resources အရင်းအမြစ်များတို့ ပေါင်းစုပတ်သက်ရန်လိုပါသည်။

ချုပ်လိုက်ပါက (အာ-တူး-ပီ)အား အဓိပ္ပါယ်ဖွင့်ဆိုရန်နှင့် အများသဘောတူညီရန်ဖြစ် လိုအပ်ပါသေးသည်။ အတွေးအခေါ် တရပ်အတွက်လိုအပ်သော သမိုင်းကာလအရဆိုလျင် ၅ နှစ်ဟူသည့် မျက်စိတမှိတ်အချိန်အတွင်း (အာ-တူး-ပီ) သည် တိုးတက်ပြောင်းလဲ လာနေပါပြီ။ နိုင်ငံတကာက လက်သင့်ခံကျင့်သုံးမည့် ဓလေ့ထုံးတမ်းဥပဒေအဆင့်ရောက်လာရန် အလားအလာရှိပြီး၊ ဆက်လက်၍ စကားစစ်ထိုးရန်မူ လိုအပ်ပါသည်။ ထိုကာလအတွင်း နည်းပညာအကူအညီ၊ စောစီးစွာ သတိပေးချက်၊ အန္ကရာယ်ဆန်းစစ်ချက်စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ပြဿနာများဖြစ်နိုင်ခြေ နည်းပါးစေပါမည်။

International Court of Justice (ICJ) ခေါ်နိုင်ငံတကာတရားရုံးမှ မကြာသေးမီက လူမျိုးပြုန်းတီးမှုကျူးလွန်သည်အား သက်ဆိုင်ရာတိုင်းပြည် State ၌တာဝန်ရှိကြောင်း ဖွင့်ဆိုခဲ့ပါသည်။ ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါ၊ ကမ္ဘောဒီးယား၊ လက်ဗနွန်၊ ဆာရာလီယွန်း၊ အရှေ့တီမော၊ ကိုဆိုဗို အရေးအခင်းများအတွက် အပြည်ပြည်ဆိုင်ရာခုံရုံး Tribunal များ ဖွဲ့စည်း၊ စစ်ဆေး၊ အပြစ်ပေးခဲ့ပေသည်။ လူသားမျိုးနွယ်တုံးစေမှုအတွက်လည်း Nuremberg Tribunal မှအစပြုကာ နောက်ဆုံးအားဖြင့် International Criminal Court (ICC) ခေါ် နိုင်ငံတကာရာဇ၀တ်တရားရုံးကို Rome Statute ဖြင့် ၁၉၉၈ ကတည်းက တည်ထောင်ခဲ့ပြီးဖြစ်သည်။

၂၀၀၆ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက် အမှတ် ၁၆၇၄ နှင့် ၁၇၀၆ တို့ချမှတ်ခဲ့ရာ (အာ-တူး-ပီ) အား အားဖြည့်ပေးခြင်းဖြစ်သည်။ ထို့ပြင် ၂၀၀၇ခုနှစ်အတွင်းက လူမျိုးပြုန်းတီးအောင်သတ်ဖြတ်ခြင်းဆိုင်ရာ ကိုယ်စားလှယ် တဦးနှင့် (အာ-တူး-ပီ) အကြံပေးတဦးတို့ကို အထွေထွေအတွင်းရေးမှူးချုပ်မှ ခန့်အပ်ထားပြီးဖြစ်နေပါပြီ။ Executive Committee on Peace and Security (ECPS) ခေါ်သည့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး အလုပ်အမှုဆောင်ကော်မတီ တရပ်ကိုလည်း ကုလအတွင်း (အလွတ်သဘော) ဖွဲ့စီးပြီးပေပြီ။

(အာ-တူး-ပီ)ကို အမေရိကန်မှ အတိုင်းအတာတစုံတခုအထိ စိတ်ဝင်စားပြီး၊ ဥရောပနိုင်ငံအများစုက ထောက်ခံပေးသည်။ အာဖရိကနိုင်ငံများမှာ ထူးခြားသည်ဟုဆိုနိုင်ပါသည်။ ၂၀၀၅ ထိပ်သီးမတိုင်မီ ၅ နှစ်ကပင် African Union သည် အမှုကြီးသုံးရပ် ကျူးလွန်လျင် အာဖရိကညီလာခံမှ ၀င်ရောက်စွက်ဖက်ခွင့်ကို ပြဌာန်းခဲ့ပေသည်။ အာရှတွင်မူ အစိုးရများကသာမက အစိုးရမဟုတ်သောအဖွဲ့များကပင်လျင် လိုလားမှုမပြသေးပါချေ။

နိုင်ငံတကာဥပဒေက “အချုပ်ခြာအာဏာကို လူသားချင်းစာနာသည်ဖြစ်ပါစေ မကျူးကျော်ရ”ဟု ဆိုထားသည်။ ဤနေရာတွင် အကယ်၍ လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ ပြောင်ပြောင်တင်းတင်း ရှိနေပြီး၊ သက်ဆိုင်ရာအစိုးရမှ ကာကွယ်ရန်၊ တားဆီးရန် ဆန္ဒလည်းမရှိ၊ အစွမ်းလည်းမဲ့နေလျင် မည်သို့လုပ်ကြမည်နည်း။ ၄င်းပုစ္ဆာကို ၂၀၀၁ ကတည်းက မေးနေကြပါသည်။

မေးခွန်းများစွာအနက် တခုမှာ “အချုပ်အခြာအာဏာဟူသည် ကိုယ့်ပြည်သူတွေကိုသတ်ဘို့ လိုင်စင်ပေးထားခြင်းလော။”

(ယခင်)ယူဂိုဆလားဗီးယား၊ အီရတ်၊ ရ၀မ်ဒါတို့နှင့်အတူ မြန်မာ့ပြည်တွင်းရေး ဗရုတ်သုတ်ခအပေါင်းတို့၌ နိုင်ငံတကာ၏ ပျက်ကွက်နေမှုအပေါ် အားမရသည့်ဝေဖန်ချက်များ ထွက်ပေါ်နေဆဲဖြစ်ပါသည်။

ကမ္ဘောဒီးယား (၁၉၉၀)၊ လိုက်ဘေးရီးယား (၁၉၉၂)၊ ရ၀မ်ဒါ (၁၉၉၃)၊ ဟေတီ (၁၉၉၃)၊ ရီမင် (၁၉၉၄)၊ အာဖကန်နစ္စတန် (၁၉၉၆)၊ ဆာရာလီယွန်း (၁၉၉၇)တို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်များချမှတ်ခဲ့ရသည့် အကြောင်း တရားများထက် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များက ပိုများပါသည်ဟု DLA Piper ခေါ် နိုင်ငံတကာဥပဒေ အကျိုးဆောင်အဖွဲ့ကြီး၏စာတမ်းက အခိုင်အမာဆိုထားပြီးဖြစ်ပါသည်။

ဒီမိုကရေစီအားသတ်ခြင်းကို “ဒီမိုဆိုက်”ဟု ခေါ်သည့် အသုံးသစ်သည်လည်း မြန်မာပြည်နှင့်လုံးဝဆိုင်နေပါသည်။

တင့်ဆွေ

A Wedding in front of Insein Prison (NEWS POEM)

ဆူးကြားက ဗူးခါးလေးတွေ ထူးခြားမှာမင်္ဂလာဆောင်
- July ကောင်း -



နာဂစ်ကိုကူညီလို့ ထောင်(၁ဝ)နှစ်ချခံရတဲ့
ကိုခင်မောင်ဝင်း၊ သူ့ကိုချစ်လွန်းလို့
အင်းစိန်ထောင်ရှေ့က ထူးခြား လက်ဖက်ရည်ဆိုင်မှာ
စီရင်ချက်ချတဲ့နေ့ လက်ထပ်ခဲ့တဲ့ မပန်းဖြူဖြူ
လေးစားတယ်ဗျာ ခင်ဗျားတို့အချစ်
ကြားကြားချင်း ရင်နင့်ခဲ့ရပါတယ်။

ဘက်ချလာနိုက် (Bachelor Night) ပဲခူးထောင်မှာပဲ
တစ်ယောက်တည်း လုပ်တော့ကိုယ့်လူ
ရင်ခုံစရာကောင်းတဲ့ မင်္ဂလာဦးညကို
တစ်ကိုယ်တည်းပဲ စိတ်ကူးယဉ်တော့ ပန်းဖြူဖြူ
ဖြေသိမ့်စရာလေးတော့ မင်္ဂလာလက်ဖွဲ့ပေးလိုက်ချင်ပါတယ်
ခင်များတို့လို ရင်နင့်စွာနဲ့ ခွဲခဲ့ရတဲ့ချစ်သူတွေ
ဒီခေတ်မှာ အများကြီးရှိနေပါတယ်။

ယောက်ျားရှိလျက်နဲ့ လင်ကို အသေလိုသဘောထား
မုဆိုးမလုပ်နေရတဲ့ မိန်းမသားတွေ
ကျုပ်တို့မြန်မာပြည်မှာ အများကြီးပဲဗျ
မိန်းမကထောင်ကျလို့ ကလေးတွေနဲ့ နေနေရတဲ့ လင်သားတွေ
အဖေရောအမေရော ထောင်ကျလို့
နီးရာဆွေမျိုးနဲ့ ကပ်နေရတဲ့ ရင်ခွင်မဲ့သားတွေ
ဒုနဲ့ဒေးပါဗျာ
အမေရှိလျက်နဲ့ အမေလို့ခေါ်မရတဲ့အခြေအနေ
မြေရှိလျက်နဲ့ ပြေးနေရတဲ့ကျုပ်တို့ဘဝတွေ
အဖေရှိလည်း ခေါ်မရပါဘူးဗျာ
ဒီတော့ ရင်နင့်ပေမဲ့ အဆင်သင့်မဖြစ်သေးတဲ့
ကျုပ်တို့ တော်လှန်ရေး မပြီးခင်
ဒါလေးတွေကို ယှဉ်တွေးပြီး ဖြေပေးပါလို့
မင်္ဂလာ လက်ဖွဲ့ပါးလိုက်ပါရစေ
တစ်နေ့တော့ ။ ။

July ကောင်း

(၂ဝဝ၉ ဇန်နဝါရီ (၅)ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁ဝ) နှစ်ကျခံရပြီး
အဲဒီနေ့မှာပဲ အင်းစိန်ထောင်ဝက ထူးခြားလက်ဖက်ရည်ဆိုင်မှာ မင်္ဂလာဆောင်ခဲ့တဲ့
သတို့သား ကိုခင်မောင်ဝင်းနဲ့ အပြင်မှာ ၁ဝနှစ်စောင့်နေရမယ့် သတို့သမီး မပန်းဖြူဖြူအတွက်)

06 January 2009

BEES

ပျားများ



သေဆုံးသွားသော
ပန်းပင်ကလေး၏ အသက်ကိုကျောပေး၍
ဖူးပွင့်လာမည့် ပန်းပွင့်အရေအတွက်ကို
ငြင်းခုန် ခွဲဝေ နေကြသည် ။ ။

ကျော်သက်လွင်

(“ချယ်ရီ” ရသစုံမဂ္ဂဇင်း၊ ၂၀၀၉၊ ဇန်န၀ါရီလ၊ အမှတ် ၁၆၀ ပြည့် အထူးထုတ်၊ စာမျက်နှာ- ၁၄၀ မှ ကူးယူတင်ဆက်သည်။)
--------------------------------------------------------------------------------

POEM PHOTO FROM

04 January 2009

Rights and Freedom in Prison

လူ့အခွင့်အရေးထောင် (သို့မဟုတ်)
လွတ်လပ်စွာနေရသော ထောင်

- ယမထာ -


ယခု နှစ်ဆယ့်တစ်ရာစု ခေတ်ကြီးထဲ၌ လွတ်လပ်စွာ နေရသော ထောင်ရှိသည်ဆိုလျှင် စာရှုသူ အဆွေတို့ ယုံကြည်ကြပါမည်လော။

ရှိခဲ့ပါသည်။ တကယ်ရှိခဲ့ပါသည်။ ရှိခဲ့သည်။ ယခု နှစ်ဆယ့်တစ်ရာစုမရောက်မီ လွန်ခဲ့သော ၁၉၄၆ ခုနှစ်ခန့်ကပင် ကျွန်ုပ်တို့ လူသား ကမ္ဘာမြေပေါ်မှ လူသားများနေထိုင်ရာ တိုင်းပြည်တစ်ပြည်တွင် ရှိခဲ့ပုံကို

အောက်တွင် ဆက်လက် ရှုစားပါ။
(ယခု အချိန်ထိ ရှိမရှိကို စာရှုသူ သုတေသီ ပညာရှင်များ ဆက်လက်လေ့လာကြစေလိုပါသည်။)
--------------------------------------------------------------------------------------------

“အုဠ်တံတိုင်းကာတိုင်း ထောင်မဖြစ်” ဟု ထင်ရှားသော အင်္ဂလိပ်ကဗျာရှိရာ သြစတြေးလီယားပြည်၊ ကွင်းစလန်နယ်၏ မြို့တော် ဘရစ္စဘိန်းမြို့မှ မိုင် ၃၀ ကွာဝေးသော “ပါလန်း-ကရစ်” အရပ်ရှိ အကျဉ်းထောင်မှာ ထိုစာပိုဒ်ကလေးနှင့် တပြေးတည်း ညီညွတ်လှပေသည်။ အကြောင်းသော်ကား ထိုထောင်တွင် သံတိုင် သံချိုင့်များ အစောင့် စန္ဒရီများ၊ အစောင့်ခွေးကြီးများမရှိ၊ အကျဉ်းတိုက်ခန်းကလေးများ ပြုလုပ်ကာ အုဠ်တံတိုင်းကာရံထားခြင်း မရှိပေ။ ထောင်အ၀င်ပေါက်တွင် “တံခါးပြန်ပိတ်ခဲ့ပါ” ဟူသော စာဆွဲထားခြင်းကို ထောက်သဖြင့် ၀င်ချင်ဝင် ထွက်ချင်ထွက် လွတ်လပ်ခွင့် မည်မျှ ရှိသည်ကို သိသာပေသည်။

ထောင်ကျနေသူတို့မှာ အချုပ်ခန်းနှင့် မနေကြရပေ။ ၈ ပေ စတုရန် ကျယ်သော ကိုယ့်တဲနှင့်ကိုယ် နေကြရ၍ “စပရိန်”မွေ့ရာ၊ ကုလားထိုင်၊ စားပွဲ၊ လေသာပြူတင်းနှင့် နေကြရလေသည်။
(ယခုခေတ် ကျွန်ုပ်တို့ ရန်ကုန်စသော မြို့ကြီးများရှိ မိသားစုများနေကြရသော အခန်းငှားများဖြင့် နှိုင်းယှဉ်ကြည့်ကြစေလိုပါသည်။)
ဤသို့ ပြုလုပ်ပေးထားခြင်းမှာ “အလင်းရောင် ရစေရန်” ဖြစ်ပေသည်။ အလင်းရောင်ကို ပိတ်ဆို့ထားခြင်းကို မလိုလားချေ။

ထောင်ကျနေသူတို့မှာ သူခိုးကလေးမှ လူသတ်တရားခံအထိ ဖြစ်၏။ ယခုရှိနေကြသော လူသတ်မှု ကျူးလွန်သူများမှာ ၈ ဦးရှိရာ ထိုသူတို့သည် ဖောက်ထွင်းထွက်ပြေးလိုက ဘယ်အချိန်မဆို ထွက်ပြေးနိုင်ကြ၏။

သို့သော် တစ်ယောက်မျှ မပြေးကြချေ။ ၁၁ နှစ်အတွင်း ဤထောင်ထဲသို့ ကျရောက်လာသူ ၁၀၀၀ ကျော်အနက် ၆ ယောက်လောက်သာ ထွက်ပြေးရန် ကြိုးစားဘူးလေသည်။
(ဤသို့ ဆိုလျှင် ၄၆ ခုနှစ်မှ နောက်သို့ ပြန်၍ ရေတွက်သည်ရှိသော် ၁၉၃၅ ခုနှစ်မှ ဤထောင်ကို စတင်သည်ဟု သိရာ၏။ သို့အတွက် လူ့အခွင့်အရေးကြေညာစာတမ်းမဆိုထားဘိ ကုလသမဂ္ဂအဖွဲ့ပင် မပေါ်ပေါက်သေးကြောင်း သတိချပ်ရာ၏။)

ဤထောင်သို့ ၀င်နိုင်ရန်မှာ အကျဉ်းခံရသူသည် ထွက်ပြေးရန် အားမထုတ်ပါ။ အကျင့်စာရိတ္တ မဖောက်ပြားပါဟု ဂတိပေးရလေသည်။ ထိုသို့ ဂတိပေးပြီး ၀င်ရောက်ခွင့်ရသည့် နေ့မှ စ၍ ထိုသူသည် ဥပဒေအရ “ထောင်သား”ဟူသော မိမိအဖြစ်ကို မေ့ပျောက်စွာနေနိုင်အောင် အရာရာအဘက်ဘက်က စီမံပြုလုပ်ပေးခြင်းကို ခံစားရလေသည်။

ထိုသူမှာ ထောင်အ၀တ်အစား မ၀တ်ရ။ ထောင်အစောင့်အရှောက်တို့ကိုလဲ ထောင်မှူးကြီး သခင်ကြီး စသည့် အခေါ်မျိုးဖြင့် မခေါ်ဘဲ “ဂျွန်” “ဟယ်ရို” စသဖြင့် မိတ်ဆွေရင်းကဲ့သို့ နာမည်ကို အဖျားဆွတ်၍ ခေါ်ခွင့်ရှိကြသည့်ပြင် “ထောင်”ဟူသောစကားနှင့် ၄င်း၏ ဆိုင်ရာ အသုံးအနှုန်းတို့ကို အပြောအဆို မရှိကြချေ။

စည်းကမ်းအချုပ်အချယ်ကိုလည်း နည်းပါးနိုင်သမျှ နည်းပါးအောင် ပြုလုပ်ထားလေသည်။ ထိုသူတို့သည် နံက်စောစော ထကြရ၍ စားဖိုဆောင်တွင် အများနှင့် ရောနှော နံက်စာစားကြပြီးနောက် နေ့လည်စာ ထုပ်ပိုးသယ်ယူ၍ “အလုပ်”ဆင်းကြရသည်။ အလုပ်မှာ ဥယျာဉ်စိုက်ပျိုးခြင်း၊ သစ်ပင်ကြံပင် ခုတ်လှဲခြင်းများဖြစ်၍ ညနေ ၅ နာရီတွင် ပြန်၍ ၀င်ကြရရာ တံခါးပြန်၍ ပိတ်ခဲ့ဘို့ မမေ့ကြချေ။

ညာစာစားပြီးနောက် ဘိလိယက် (သို့မဟုတ်) စစ်တုရင်ထိုးခြင်း၊ စာကြည့်ခန်းတွင် စာအုပ် သတင်းစာဘတ်ခြင်း၊ ရေဒီယို နားထောင်ခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်နိုင်ကြလေသည်။ တားမြစ်ထားသော ကစားနည်းတစ်ခုတည်းသာ ရှိရာ၊ ၄င်းမှာ ဖဲကစားခြင်း ဖြစ်သည်။ ထို့နောက် ၉ နာရီ မထိုးမီ အိပ်ယာ ၀င်ကြရသည်။

လူတစ်ယောက်လျှင် တနေ့ အလုပ်လုပ်ခ ၄ ပဲ ရ၍ ထောင်မှ ထွက်သည့်အခါ သုံးစွဲရန် ဘဏ်တွင် အပ်ပေးထားလေသည်။
(ကျွန်ုပ်တို့ တိုင်းပြည်၊ အင်္ဂလိပ်လက်အောက် လွတ်လပ်ရေးကာလမှ ထောင်ကျနေသော နိုင်ငံရေး သုခမိန် ဘကြီးဘဖေတို့ ဒေါက်တာဘမော်တို့ ထောင်တွင်း နေရစဉ် တလ လခ ၅၀၀ိ ရကြသည်နှင့် နှိုင်းယှဉ်ကြည့်စေလိုသည်။)

ထောင်မှ ထွက်သည့်အခါ တိုင်း၍ချုပ်ပေးသော ၀တ်စုံတ်စုံနှင့် အလုပ်ကိုပါ ရှာ၍ ပေးလေသေးသည်။ အလုပ်ရှင်ကိုလည်း သူ့အကြောင်းအသိပေးထားသဖြင့် ထိုသူမှာ တနေ့နေ့ “ဘူး”ပေါ်၍ အလုပ်ထုတ်ပစ်ခံရမည်ကို ကြောက်လန့်နေရန် မရှိတော့ချေ။ အလုပ်ရှင်သည် အကြောင်းသိထားသဖြင့် “လမ်းဖြောင့်” တို့ကိုသာ ကူညီ အားပေးလေတော့သည်။

ဤသို့အားဖြင့် အကျိုးကိုသာ ဖြစ်စေသည့်အလျောက် ဤကဲ့သို့ ထောင်များ ပြုလုပ်လျက်ရှိကြလေပြီ။ ဤစံနစ်အရ ထောင်စရိတ် အကုန်အကျလည်း လွန်စွာ နည်းပါးပြီး ထောင်မှ ထွက်၍ နောက်ထပ် ရာဇ၀တ်မှု ပြုခြင်း အလွန်နည်းလေသည်။
--------------------------------------------------------------------------------------------

၁၉၄၆ ခုနှစ်၊ ၅ လပိုင်းထုတ် “ဇ၀န” ဂျာနယ်မှ ကူယူဖော်ပြအပ်သော ဤဆောင်းပါးကို ဖတ်ရှုရခြင်းဖြင့် လူ့အခွင့်အရေးဟူသည် စာရွက်ပေါ်၌ရှိနေခြင်းကို ခေါ်သည်မဟုတ်။ လူစိတ်ရှိသော လူသား အချင်းချင်း ကိုယ်တိုင် ဒိဋ္ဌ ကျင့်သုံးရခြင်းသာလျှင် လူ့အခွင့်အရေးအစစ်ဖြစ်ကြောင်း စာရှုသူများ ရိပ်မိတန်လောက်ပြီဟု ယုံကြည်မိပါသည်။

သို့အားလျော်စွာ ယခုကဲ့သို့ တိုးတက်ယဉ်ကျေးလာသော ဂလိုဘယ်ခေတ်ကြီး၌ လူ့အခွင့်အရေး ကျင့်သုံးသော ဗမာပြည်ထောင်များ ပေါ်ပေါက်ပါစေ ဟု ဆုတောင်း အပ်ပါသတည်း။

ယမထာ

(၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက်နေ့တွင် ကျရောက်သော
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအတည်ပြုခြင်း နှစ် (၆၀)ပြည့် နှင့်
၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့တွင် ကျရောက်သော ဗမာပြည်၏ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့များအတွက် (၇၄) နှစ်ပြည့် လူ့အခွင့်အရေးထောင်အကြောင်း ပြန်လည် တင်ဆက်အပ်ပါသည်။)

-------------------------------------------------------------------------------------------------

Family members of Myanmar prisoners wait in front of Insein Prison, north of Yangon (AFP PHOTO)

----------------------------------------------------------------------------------------------------------

02 January 2009

EDUCATION OF BURMA

ပညာရေးထောင်တွေကို ဖြိုလှဲကြ
- အရှင်ရာဟုလာ -


(A Temporary School for the Children after Cyclone Nargis at Ayeyarwady Delta)

ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း။

ဤလူ့ကမ္ဘာမှာ အသက်အိုးအိမ် ချမ်းသာမှု၊ လုံခြုံမှု၊ တိုးတက်မှုတွေဟာ ဉာဏ်နဲ့ ဝီရိယကို ပြုစုပျိုးထောင်မှု ဆိုတဲ့ လုံ့လအားထုတ်ခြင်း ပယောဂဟာ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ အရေးကြီးဆုံး ဖြစ်ပါတယ်။

ဉာဏ်နဲ့ ဝီရိယကို ပြုစုပျိုးထောင်တတ်ဖို့ဟာ အပြောလွယ်သလောက်၊ လက်တွေ့ဖော်ဆောင်ရာမှာတော့ ခက်ခဲလွန်းလှပါတယ်။ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ လူသားရဲ့ ဝိသမလောဘ၊ အတ္တ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ ဆိုးရွားလှတဲ့ တရားတွေရဲ့

နှိပ်စက်မှုကို အညံ့ခံခြင်းပါပဲ။ ခက်ခဲလှတဲ့ ဘဝထိုထိုတွေ ဖြတ်သန်းပြီးကာမှ ရလာတဲ့ မနုဿတ္တဘာဝ ဒုလ္လဘ အလှတရား၊ သွေးတွေ၊ အသက်တွေ၊ ပေးဆပ်မှုတွေနဲ့ ရေးခြစ်ရတဲ့ လူသားကဗျာဟာ စာမျက်နှာပေါ် တက်မလာဘဲ၊ ရေအိမ်သုံး

စက္ကူဘဝကို ရောက်ကြတဲ့ လူတွေ၊ ခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားနေရတာပါ။

ဉာဏ်နဲ့ ဝီရိယကို စနစ်တကျ သင်ယူတတ်မြောက် ပျိုးထောင်မှသာ လူသားရဲ့ အနာဂတ် အိုးအိမ် အသက်ရှင်၊ နေထိုင်မှုဟာ လုံခြုံ၊ အေးချမ်း၊ သာယာဝပြောမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက တိုက်ရိုက်အရေးပါတဲ့ ပညာရေးဌာနတွေကို အလေးထား

ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိတဲ့ ပညာရေးဌာနတွေရဲ့ အခြေအနေကတော့ “နင့်အိုး နေနေသာသာ ငါတောင် ဘယ်ကျလို့ ကျရမှန်းမသိ” ဆိုတဲ့ စကားပုံလို ကျောင်းသားတွေရဲ့ ပညာရေးထက် ဆရာ၊ ဆရာမတွေရဲ့ ပညာရေး၊ စားဝတ်နေရေးက ပိုပြီးတော့ မပြည့်စုံ၊

မလုံလောက် ဖြစ်နေရပါတယ်။ စားဝတ်နေရေး မလုံလောက်တဲ့အတွက် ကျောင်းသားထုဟာ ဆရာတွေရဲ့ ဈေးကွက်ကြီး ဖြစ်သွားရတယ်။ မူလတန်းကျောင်းမှ အမြင့်ဆုံး တက္ကသိုလ် ပညာရေးအထိ ကျောင်းပညာရေးက ဆရာတွေရဲ့ အိပ်ထောင်ထဲကို

ရောက်သွားပါပြီ။ ဆရာတွေရဲ့ ပညာရေးကို မြှင့်တင်မပေးနိုင်တဲ့အတွက် ကျောင်းသားတွေရဲ့ ပညာရေးဟာ ဘွဲ့ သာရတယ်၊ ပညာက ပါမလာဘူး။ ဒီလို ရေမပါတဲ့ ခွက်ကြီးတွေနဲ့ နောက်မျိုးဆက် ကျောင်းသားတွေကို ဝိုင်းခုတ်ကြအုံးမှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ခွက်စုတ် ပညာရေး၊ သူတောင်းစား ပညာရေး ဖြစ်နေရတာပါ။

စစ်အစိုးရရဲ့ ပညာရေးအတွက် သုံးစွဲတဲ့ အသုံးစရိတ်ဟာ ကာကွယ်ရေး အသုံးစရိတ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် “ဇီးစေ့နဲ့ မြင့်မိုရ်တောင်၊ နံ့သာဆီနဲ့ အီး” လောက်ကို ကွာခြားနေပါတယ်။ ၁၉၉၉ ခုနှစ်က စစ်အစိုးရထုတ် စာရင်းဇယားအရ

ပညာရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ဟာ ဝန်ကြီးဌာနအားလုံးရဲ့  ၇ ဒဿမ ၅ ရာခိုင်နှုန်းသာ ရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ၄ဝ ရာခိုင်နှုန်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

မိန်းတက္ကသိုလ်ကျောင်းတွေဟာ ကမ္မဋ္ဌာန်းကျောင်းတိုက်တွေလို တိတ်ဆိတ်နေပြီး၊ ကျောင်းတွေရဲ့ ရှေ့မှာ သံဆူးကြိုး၊ ဂိတ်လက်မောင်းတံတွေ ပိတ်ဆို့ထားတာဟာ တက္ကသိုလ်ကြီးတွေကို စစ်အစိုးရက ထောင်အဖြစ်လောက် သဘောထားတာပါ။

ဒါတွေကို တက္ကသိုလ် ဆရာကြီးတွေကိုယ်တိုင် နည်းပေါင်းစုံသုံးပြီး ဖောက်ထွက်မှသာ ကျောင်းသားတွေရဲ့ အနာဂတ် ဘဝတွေ လှပလာမှာပါ။ တစ်ပြည်လုံးမှာ ရှိတဲ့ ဆရာတွေဟာ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့၊ ကျောင်းသား လူငယ်တွေရဲ့ အနာဂတ်ကို

လမ်းပြဖို့၊ နည်းပေါင်းစုံနဲ့ ကြိုးစားဖို့ အနာဂတ် နိုင်ငံတော်ကြီးက တောင်းဆိုနေပါပြီ။

ဉာဏ်ပညာရဲ့ သဘောအတွင်းမှာ ပြီးပြည့်စုံခြင်း (ဣဒ္ဓိပါဒ)၊ စိုးမိုးနိုင်ခြင်း (ဣနြ္ဒိယ)၊ တိုက်ဖျက်ခြင်း (ဗလ) စတဲ့ အတွင်းသဘောတွေ ပါရှိသလို၊ ဝီရိယရဲ့ သဘောမှာလည်း ဒီသဘောတရားတွေ ပါရှိပါတယ်။ အားလုံးဟာ ဉာဏ်ကြီးကြီး၊ လုံ့လကြီးကြီးနဲ့

ကြိုးစားမယ်ဆိုရင် တရားမျှတတဲ့ (သမ္မာ) ဒီမိုကရေစီနိုင်ငံကြီး တည်ဆောက်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ဥစ္စာဘောဂ၊ ဇီဝိတနှင့် သုခပွားရန်၊ ဤလူထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း။

အရှင်ရာဟုလာ

31 December 2008

Father OF MOUSTACHE BROTHERS Passed Away

လူရွှင်တော် ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ကြီးကွယ်လွန်
နိုင်ငံတကာတွင် Moustache Brothers ဟု ကျော်ကြားသည့် ဗမာပြည်၊ မန္တလေးမြို့မှ စစ်အဆိုးရ အတိုက်အခံ လူရွှင်တော်များဖြစ်ကြသည့် ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင် လူရွှင်တော်ကြီး ဦးညိုဘန်း ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း။
Moustache Brothers voted ‘No’ in the referendum.
------------------------------------------------------------------------------------------------------------------
အသုဘရှု ဖိတ်ကြားစာ

ရွှေဘိုမြို့နယ် ပန်းရံရွာနေ (ဦးအောင်ကြွယ်)+(ဒေါ်စောရ) တို့၏သား၊
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေအရှေ့ အကွက်(၅၂၀)၊ ခုံဝင်းရပ်ကွက်၊
၈၀ x ၈၁ကြား၊ ၃၉ လမ်းနေ လူရွှင်တော် ဦးပါပါလေး + ဒေါ်ဝင်းမာ၊ လူရွှင်တော်ဦးလူမော် + ဒေါ်နီနီလင်း၊
(ဦးခင်မောင်မြင့်)+ဒေါ်တိုက်ကြီးသူဇာ၊ ဦးရွှေဘို+ဒေါ်ချိုတူး၊ (ဦးမော်တင်)+ဒေါ်ခြူးခြူး၊ ဦးထွေး၊
လူရွှင်တော်ဦးလူဇော် တို့၏ ဖခင်၊ မြေး(၅)ယောက်တို့၏ အဘိုး၊ ဒေါ်ရေ၀ိုင်း၏ ချစ်လှစွာသော ခင်ပွန်း

လူရွှင်တော်ကြီး ဦးညိုဘန်း အသက် (၈၅)နှစ်သည်

၁၃၇၀-ခု၊ ပြာသိုလဆန်း(၄)ရက်၊ (၃၀-၁၂-၂၀၀၈) အင်္ဂါနေ့၊ နံနက်(၁း၀၀)နာရီတွင်
ဘ၀တစ်ပါးသို့ ကူးပြောင်းကွယ်လွန်အနိစ္စရောက်ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်ကို
၁၃၇၀-ခု၊ ပြာသိုလဆန်း(၅)ရက်၊ (၃၁-၁၂-၂၀၀၈) ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁း၀၀)နာရီတွင်
မန္တလေးမြို့၊ မဟာအောင်မြေအရှေ့၊ ၈၀ x ၈၁ ကြား၊ ၃၉ လမ်းနေအိမ်မှ တောင်မြင့် သုဿန်သို့
ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ပါ၍ လိုက်ပါပို့ဆောင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူ မိသားစု
------------------------------------------------------------------------------------------------------------------
Links of PHOTOS and About Moustache Brothers
1. http://www.moustachebrothers.com/ (Moustache Brothers' official website)

CHEER BROTHERS, GO ON BROTHERS !!!

ရန်ကုန်တွင်ဆန္ဒပြ
မိုးမခအထောက်တော်
၆ ဒီဇင်ဘာ ၃၀၊ ၂၀၀၈

ဆန္ဒပြသူများက“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး” စာတန်းကိုင်ဆွဲကာ အဖွဲ့ချုပ်ရုံးမှ ချီတက်ခဲ့ကြရာ ပြည်သူ့လွှတ်တော်ရှေ့အရောက်တွင် တားဆီး ထိန်းသိမ်းခံခဲ့ရသည်။ (ဓာတ်ပုံ - MMT)

ယနေ့ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုံ့ဆော်ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက တားမြစ်လိုက်ပြီး ဆန္ဒပြသူ ၉ ဦး ကို ဖမ်းဆီးလိုက်သည်။ ဆန္ဒပြသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်သည်။ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး “သူတို့ရပိုင်ခွင့်အတိုင်း သူတို့ဆန္ဒကို ဖော်ထုတ်ကြတာပါပဲ။ ဒီလုပ်ရပ်က ရာဇ၀တ်မှု မဟုတ်ဘူးလို့ ကျနော်ယူဆပါတယ်” ဟု AFP သတင်းဌာနသို့ ပြောလိုက်သည်။
----------------------------------------------------------------------------------
( http://moemaka.com/index.php?option=com_content&task=view&id=3036&Itemid=40 မှ ကူးယူဖော်ပြသည် )

30 December 2008

UNGA voting record

၂၃ ဒီဇင်ဘာ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ
ဂျီအေ/၁၀၈၀၄


ခြောက်ဆယ့်သုံးကြိမ်မြောက် အထွေထွေညီလာခံ (ပလင်နရီ) အစည်းအဝေး
၇၄ကြိမ်မြောက်အစည်းအဝေး(ညပိုင်း)

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြအနေနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၀၊ ကန့်ကွက်မဲ ၂၅၊ ကြားနေမဲ ၄၅ (နောက်ဆက်တွဲ VII)ဖြင့် မြန်မာကိုယ်စားလှယ်၏ “ပြည်တွင်းအစပျိုးနိုင်ငံရေးဖြစ်စဉ်အပေါ် ပြောင်ပြောင်တင်းတင်း ၀င်ရောက်စွက်ဖက်မှု”ဖြစ်သည်ဟု ကန့်ကွက်စေကာမူ အတည်ပြုလိုက်သည်။ တတိယကော်မတီ၏ထောက်ခံချက် ဖြစ်သည့် ကလေးသူငယ်များအခွင့်အရေးကော်မတီနှင့်ပတ်သက်သော လုပ်ထုံးပိုင်းအများစုပါဝင်သည့်စာသားကိုလည်း အားလုံးသဘောတူနည်းဖြင့် အတည်ပြုသည်။

ဆုံးဖြတ်ချက်များချအပြီး၊ မြန်မာကိုယ်စားလှယ်မှ လူ့အခွင့်အရေးအား နိုင်ငံရေးရည်ရွယ်ချက်အတွက် တလွဲအသုံးပြုခြင်း ကို သူ့နိုင်ငံအနေဖြင့် လက်ခံနိုင်ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံပြည်တွင်းနိုင်ငံရေးဖြစ်စဉ်သည် သိသိသာသာ တိုးတက် ဖြစ်ထွန်းနေကြောင်း၊ ယခုဆိုလျင် တိုင်းပြည်သည် ၂၀၁၀တွင် ပါတီစုံပါဝင်မည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ အပါအ၀င် ဒီမိုကရေစီသို့ ချောမွေ့ညင်သာစွာ ပြောင်းလဲတော့မည်ဖြစ်ကြောင်းပြောဆိုသည်။

ထို့နောက်မြန်မာကိုယ်စားလှယ်ကဆက်လက်ပြောဆိုရာတွင် ယခုချမှတ်လိုက်သည့်ဆုံးဖြတ်ချက်သည် ကန့်ကွက်ထိုက်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းရေးကိစ္စများကို ၀င်ရောက်စွက်ဖက်နေခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာအနေဖြင့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်အပေါ် ပြောင်ကျကျစွက်ဖက်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း၊ တိုင်းပြည်တခုခြင်းအလိုက်နှင့် နိုင်ငံရေးလုပ်ခြင်းအတွက် မဲပေးခဲ့ခြင်းဖြစ်နေကြောင်း၊ မည်သို့ဆိုစေကာမူ ကုလသမဂ္ဂနှင့် အထွေထွေအတွင်းရေမှူး၏(ဂွတ်-အောဖစ်စ်) ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာသည် ဤဆုံးဖြတ်ချက်ကို ဦးညွတ်မှာမဟုတ်ကြောင်း ပြောဆိုသွားသည်။

နောက်ဆက်တွဲ VII

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြအနေနှင့်ပတ်သက်၍မဲပေးခြင်း

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြအနေနှင့်ပတ်သက်သော ဆုံးဖြတ်ချက်အမှတ် (အေ/၆/၃၄၃၀/အက်ဒ်၃) အား ထောက်ခံမဲ ၈၀၊ ကန့်ကွက်မဲ ၂၅၊ ပျက်ကွက်မဲ ၄၅ ကို အောက်ပါအတိုင်း ရရှိ-မှတ်တမ်းတင်သည်။

ထောက်ခံသည့်နိုင်ငံများ

အာဖကန်နစ်စတန်၊ အယ်လ်ဘေးနီးယား၊ အာဂျင်တီးနား၊ အာမေးနီးယား၊ သြစတေးလျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယန်၊ ဘောစနီးယား-ဟက်ဇာဂိုဘီးနား၊ ဘော့စ၀ါနာ၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ဘာရွန်ဒီ၊ ကနေဒါ၊ ချီလီ၊ ကော့စတာရီကာ၊ ခရိုယေးရှား၊ ဆိုက်ပရပ်စ်၊ ချက်-ရီပတ်ဘလစ်၊ ဒင်းမတ်၊ ဒိုမီနီကန်-ရီပတ်ဘလစ်၊ အရီထရီးယား၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဂျာမနီ၊ ဂရိစ်၊ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ ဟန်ဂေရီ၊ အိုက်စလန်၊ အီရတ်၊ အိုင်ယာလန်၊ အစ်စရေး၊ အီတလီ၊ ဂျပန်၊ ကဇာ့ကစတန်၊ လတ်ဗီးယား၊ လက်ဘနွန်၊ လီချင်စတိုင်း၊ လစ်သူယေးနီးယား၊ လူဇင်ဘာ့ခ်၊ မောလ်ဒိုက်၊ မောလ်တာ၊ မာရှယ်ကျွန်းစု၊ မောရေးရှပ်စ်၊ မက်စီကို၊ မိုက်ခရိုနီးရှား၊ မိနာကို၊ မွန်ဂိုလီးယား၊ မွန်တေနီဂရိုး၊ မောရိုကို၊ နော်ရူး၊ နယ်သာလင်၊ နယူးဇီလန်၊ နော်ဝေ၊ ပလူးအာ၊ ပနာမား၊ ပါရာဂွေး၊ ပိုလန်၊ ပေါ်တူဂယ်၊ ကိုရီးယားသမတနိုင်ငံ၊ မောလ်ဒိုဗာသမတနိုင်ငံ၊ ရိုမေးနီးယား၊ ဆာမိုအာ၊ ဆန်မာရီယို၊ ဆလိုဗေးကီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ မက်ဆီဒိုနီးယား(ယခင် ယူဂိုဆလားဗီးယား)၊ တီမော-လက်ဆီ၊ တွန်ဂို၊ တူရကီ၊ ယူကရိန်း၊ ယူနိုင်တက်-ကင်းဒန်း၊ ယူနိုက်တက်စတိတ်စ်၊ ယူရူဂွိုင်း၊

ကန့်ကွက်သည်နိုင်ငံများ

အယ်လ်ဂျီရီးယား၊ အဇာဘိုဂျန်၊ ဘ၈င်္လားဒေ့ရှ်၊ ဘိုင်လိုရပ်စ်၊ ဘရုနိုင်း-ဒါရူဆလမ်၊ ချိုင်းနား၊ ကျူးဘား၊ ဒီမိုကရက်ကိုရီးယားသမတနိုင်ငံ၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လော၊ လစ်ဗျား၊ မလေးရှား၊ မြန်မာ၊ နိုက်ကာရာဂွါ၊ အိုမန်၊ ရုရှား၊ သီရီလင်္ကာ၊ ဆူဒန်၊ ဆီးရီးယား၊ အုဇဘက်ကစ်စတန်၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ဇင်ဘာဘွေ၊

မဲမပေးသည့်နိုင်ငံများ

အင်ဂိုလာ၊ အင်တီဂုအာနှင့်ဘာဘူဒါး၊ ဘာရိန်၊ ဘာဘေဒို့စ်၊ ဘိုလီဗီးယား၊ ဘာကီနာဖါဆို၊ ကင်မရွန်၊ ကိုလန်ဘီယာ၊ ကွန်ဂို၊ ကို့တီဘွာ၊ အီကွေဒေါ၊ အီသီယိုးပီးယား၊ ဂန်ဘီယာ၊ ဂါနာ၊ ဂရင်နေဒါ၊ ဂီနီဗစ်ဆော၊ အင်ဒိုနီးရှား၊ ဂျမေကား၊ ဂျော်ဒန်၊ ကင်ညာ၊ ကူဝိတ်၊ ကာဂျစ်စတန်၊ လီဆိုသို၊ မာလာဝီ၊ မာလီ၊ မောရီတေးနီးယား၊ မိုဇန်ဗစ်၊ နမီးဘီးယား၊ နီပေါ၊ နိုက်ဂျာ၊ ပါကစ်စတန်၊ ဖိလစ်ပင်း၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ စင်္ကာပူ၊ ဆောလ်မွန်ကျွန်းများ၊ တောင်အာဖရိက၊ ဆွာဇီလန်၊ တာဂျစ်ကစ်စတန်၊ ထိုင်းလင်း၊ တရီနီဒက်နှင့်တိုဘာကို၊ ယူအေအီး၊ တန်ဇန်နီးယား၊ ရီမင်၊ ဇမ်ဘီယာ၊

ပျက်ကွက်သည့်နိုင်ငံများ

အင်ဒိုရာ၊ ဘဟားမား၊ ဘီလစ်ဇ်၊ ဘီနင်၊ ဘူတန်၊ ကန်ဘောဒီးယား၊ ကိပ်ဗာဒီ၊ ဆင်ထရယ်-အာဖရိကသမတနိုင်ငံ၊ ချတ်ဒ်၊ ကိုမိုရော့စ်၊ ကွန်ဂို၊ ဂျဘူတီ၊ ဒိုမီနီကန်၊ အယ်လ်ဆာဘာဒို၊ အီကွေတိုရီရယ်-ဂီနိ၊ ဖီဂျီ၊ ဂါဘွန်၊ ဂီနိ၊ ဂိုင်ယာနာ၊ ဟေတီ၊ ကီရီဘာတီ၊ လိုက်ဘေးရီယား၊ မဒါဂါ့စကာ၊ နိုက်ဂျီရီးယား၊ ပါပူအာနယူးဂီနိ၊ ရ၀န်ဒါ၊ စိန့်ကစ်စ်နှင့်နီဗစ်၊ စိန့်လူးစီယာ၊ စိန့်ဗင်းဆင့်နှင့်ဂရင်နာဒင်းစ်၊ ဆာအိုတိုမ်နှင့်ပရင်စပိ၊ ဆီနီဂေါ၊ ဆားဗီးယား၊ ဆေရှယ်လ်၊ ဆာရာလီအွန်၊ ဆိုမာလီ၊ ဆူရီနမ်၊ တွန်ဂို၊ တူနီရှား၊ တာ့ခ်မင်နီစတန်၊ တူဗလော၊ ယူဂန်ဒါ၊ ဗင်နော်တူး၊

ဘာသာပြန်၊
(အင်စီဂျီယူဘီ)ရုံး၊ နယူးဒေလီ